ဒီလိုေယာက်ၤားမ်ိဳးနဲ႔ ေတြ႕ဆုံတဲ့အခ်ိန္မွသာ အိမ္ေထာင္ျပဳဖို႔စဥ္းစားပါ…

ဒီလိုေယာက်ၤားမ်ိဳးနဲ႔ ေတြ႕ဆုံတဲ့အခ်ိန္မွသာ အိမ္ေထာင္ျပဳဖို႔စဥ္းစားပါ…

မိန္းကေလးတိုင္းဟာ အခ်စ္ေရးမွာ ကံေကာင္းခ်င္ၾကပါတယ္။ ကိုယ့္အေပၚေပ်ာ္႐ႊင္မႈ၊ ဂ႐ုစိုက္ မႈေပးႏိုင္ၿပီး သစၥာ႐ွိတဲ့ေယာက်ာ္းမ်ိဳးနဲ႔ပဲ ဆုံဆည္းခ်င္ၾကတာပါ …။

ေအာက္ပါအခ်က္ေလးေတြနဲ႔ ကိုက္ညီတဲ့ခ်စ္သူေကာင္ေလးမ်ိဳးကို ရထားၿပီးၿပီဆိုရင္ သင္ဟာ ပတ္ဝန္းက်င္မွာေရာ သူငယ္ခ်င္း အေပါင္းအသင္းၾကားမွာပါ သင့္ကိုဝိုင္းၿပီးအားက်ရမယ့္ ေပ်ာ္႐ႊင္ဖြယ္အခ်စ္ေရးကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္ေနာ္ …။

၁။ ဦးစားေပးမႈမွာ သင္ကနံပါတ္တစ္ပဲ”

အလုပ္နဲ႔ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းမွာ ျဖစ္ေစ သူငယ္ခ်င္း အေပါင္းအသင္းၾကားမွာ ျဖစ္ေစ သင္နဲ႔ယွဥ္ရမယ့္ ကိစၥမ်ိဳး႐ွိလာခဲ့ရင္ သင့္ကိုပဲ ပထမဦးစားေပး ေ႐ြးခ်ယ္မယ့္ သူမ်ိဳးပါ …။

သင္ရဲ႕ ေပ်ာ္႐ႊင္မႈ၊ က်န္းမာေရးကိုလည္း သူကအၿမဲေစာင့္ေ႐ွာက္တတ္တဲ့ သူမ်ိဳး ျဖစ္ပါတယ္ …။

၂။ ရင္ဖြင့္စကားေတြ နားေထာင္ေပးၿပီး အၿမဲအားေပးသူမ်ိဳး”

သင္က ရင္ဖြင့္စရာေတာင္ မလိုပါဘူး။ သင့္မ်က္ႏွာမွာ အလိုမက်တာေတြ႕ရင္ သူက ဘာျဖစ္ေနလဲဆိုတာကို သိႏွင့္ၿပီး သင့္မေက်နပ္ခ်က္ေတြကို ေမးမယ့္ သူမ်ိဳးပါ …။

သင္ရဲ႕အခက္အခဲေတြ မေက်မနပ္ဆိုလာတဲ့ ရင္ဖြင့္စကားေတြကို ဂ႐ုတစိုက္နားေထာင္ေပးၿပီး အၾကံဉာဏ္ေပး မယ့္သူမ်ိဳးေပါ႔ …။

၃။ ဘဝရဲ႕အခက္အခဲေတြကို ကူညီေျဖ႐ွင္းမယ့္သူမ်ိဳး”

ေန႔စဥ္ အသက္႐ွင္ဖို႔ လႈပ္႐ွားေနရတဲ့ ဘဝဟာ တစ္ခါတစ္ရံမွာ တစ္ေယာက္ထဲရင္ဆိုင္ဖို႔ ခက္ခဲလြန္းပါတယ္။ သင္က စိတ္ဓာတ္ၾကံ့ခိုင္တဲ့မိန္းကေလး ျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့ တစ္ေယာက္ထဲ ရင္ဆိုင္ေျဖ႐ွင္းဖို႔ မတတ္ႏိုင္တဲ့အခါမ်ိဳးမွာ သူကသင့္ေ႐ွ႕ကမားမားရပ္တည္ ၿပီး ရင္ဆိုင္ေျဖ႐ွင္း ေပးပါလိမ္႔မယ္ …။

သင့္ရဲ႕အခက္အခဲေတြကို အားနည္းခ်က္လို႔ အျပစ္မျမင္ပဲ သူဘက္က ကူညီခြင့္ရတဲ့အတြက္ေတာင္ ဂုဏ္ယူဦးမယ့္ သူပါ …။

၄။ သင့္ရဲ႕စိတ္ကို သိေနတဲ့သူမ်ိဳး”

သူက သင့္ကိုအရမ္းခ်စ္တဲ့အတြက္ေၾကာင့္ သင့္ရဲ႕စိတ္ခံစားခ်က္ေတြ အႀကိဳက္ေတြကို အၿမဲသိခ်င္ေနတဲ့ သူမ်ိဳးပါ။ သိဖို႔အတြက္ အၿမဲလည္း အကဲခတ္ေနတတ္ပါတယ္ …။

ဒါေၾကာင့္မို႔ သင့္ဘက္က လိုအပ္ခ်က္႐ွိလာတဲ့အခါမ်ိဳးမွာ ေတာင္းဆိုစရာမလိုပဲ သူ႕အသိစိတ္နဲ႔ သင့္ရဲ႕ လိုအပ္ခ်က္ကို သိႏွင့္ၿပီးသား၊ လုပ္ေပးႏွင့္ေနၿပီးသား ျဖစ္ေနတတ္ပါတယ္ …။

တခါတရံ လက္ေဆာင္ေတြ အစားအေသာက္ေတြ ဝယ္လာေပးတဲ့အခါမ်ိဳးက်ရင္ သင့္အႀကိဳက္နဲ႔ထပ္တူညီေနတာမ်ိဳး ႐ွိေနတတ္တာေတြက တိုက္ဆိုင္တာမဟုတ္ပါဘူး။ သင့္ရဲ႕အႀကိဳက္၊ သင့္ရဲ႕စိတ္ကိုသိၿပီး အေသးအဖြဲ႕ေလးေတြကအစ ဂ႐ုစိုက္တတ္တဲ့သူမို႔ပါပဲ …။

၅။ သင့္ခႏၶာကိုယ္မွာ သင္မလွပဘူးလို႔ထင္တဲ့အရာေတြကိုလည္း သူကခ်စ္ေပးတဲ့သူမ်ိဳး”

သင္က လွပတဲ့သူတစ္ေယာက္မို႔ သူက ခ်စ္တာ မဟုတ္ပါဘူး။ သင္က ဗိုက္ပူခါးတုတ္ေနေနရင္ ေတာင္ သူကအဲဒါေလးကို ခ်စ္ဖို႔ေကာင္းတယ္လို႔ ထင္ေနတဲ့ သူမ်ိဳးပါ …။

သင့္မ်က္ႏွာမွာ ဝက္ျခံေတြမ်ားေနလို႔ မွန္မၾကည့္ခ်င္ဘူးဆိုရင္ေတာင္ သင့္ကိုသူက တစိမ့္စိမ့္ၾကည့္ေနၿပီး ဝက္ျခံေလးေတြကိုေတာင္ မွဲ႔ေလးေတြလို႔ျမင္ေပးမွာပါ …။

၆။ ဘဝရဲ႕အေရးပါတဲ့ ေန႔ရက္တိုင္းကို အတူျဖတ္သန္းခ်င္သူမ်ိဳး”

အထိမ္းအမွတ္ေန႔ရက္ေတြ၊ ဥပမာ – ဘြဲ႕ယူတဲ့ေန႔မ်ိဳးမွာ သူကသင့္နဲ႔အတူ ျဖတ္သန္းခ်င္တာပါ။ သူကစိတ္ညစ္စရာအရာေတြသာ သင့္ကိုမေျပာျပခ်င္ေနမယ္ ေပ်ာ္႐ႊင္စရာကိစၥ ဝမ္းသာစရာကိစၥေတြ႐ွိလာတဲ့အခါက်ရင္ သင့္ကိုပထမဆုံးေျပာျပၿပီး အေပ်ာ္ေတြကို အတူတူ မွ်ေဝခ်င္တဲ့သူမ်ိဳးပါ …။

အဲလိုေကာင္ေလးမ်ိဳးကို ပိုင္ဆိုင္ထားၿပီးရင္ သင့္ဘက္ကလည္း အျပည့္အဝနဲ႔နားလည္မႈ ေပးႏိုင္တဲ့ခ်စ္သူမ်ိဳးျဖစ္ေအာင္ ႀကိဳးစားဖို႔ မေမ့ပါနဲ႔ေနာ္ …။ ။

Crd

Unicode Version ဖြင့်ဖတ်ရန်

ဒီလိုယောင်္ကျားမျိုးနဲ့ တွေ့ဆုံတဲ့အချိန်မှသာ အိမ်ထောင်ပြုဖို့စဉ်းစားပါ…

မိန်းကလေးတိုင်းဟာ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ်ပျော်ရွှင်မှု၊ ဂရုစိုက် မှုပေးနိုင်ပြီး သစ္စာရှိတဲ့ယောက်ျားမျိုးနဲ့ပဲ ဆုံဆည်းချင်ကြတာပါ …။

အောက်ပါအချက်လေးတွေနဲ့ ကိုက်ညီတဲ့ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာ ပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီးအားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်နော် …။

၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ”

အလုပ်နဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်း အပေါင်းအသင်းကြားမှာ ဖြစ်စေ သင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့် သူမျိုးပါ …။

သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့ သူမျိုး ဖြစ်ပါတယ် …။

၂။ ရင်ဖွင့်စကားတွေ နားထောင်ပေးပြီး အမြဲအားပေးသူမျိုး”

သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ သင့်မျက်နှာမှာ အလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကို သိနှင့်ပြီး သင့်မကျေနပ်ချက်တွေကို မေးမယ့် သူမျိုးပါ …။

သင်ရဲ့အခက်အခဲတွေ မကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဉာဏ်ပေး မယ့်သူမျိုးပေါ့ …။

၃။ ဘဝရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းမယ့်သူမျိုး”

နေ့စဉ် အသက်ရှင်ဖို့ လှုပ်ရှားနေရတဲ့ ဘဝဟာ တစ်ခါတစ်ရံမှာ တစ်ယောက်ထဲရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ်။ သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာ သူကသင့်ရှေ့ကမားမားရပ်တည် ပြီး ရင်ဆိုင်ဖြေရှင်း ပေးပါလိမ့်မယ် …။

သင့်ရဲ့အခက်အခဲတွေကို အားနည်းချက်လို့ အပြစ်မမြင်ပဲ သူဘက်က ကူညီခွင့်ရတဲ့အတွက်တောင် ဂုဏ်ယူဦးမယ့် သူပါ …။

၄။ သင့်ရဲ့စိတ်ကို သိနေတဲ့သူမျိုး”

သူက သင့်ကိုအရမ်းချစ်တဲ့အတွက်ကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကို အမြဲသိချင်နေတဲ့ သူမျိုးပါ။ သိဖို့အတွက် အမြဲလည်း အကဲခတ်နေတတ်ပါတယ် …။

ဒါကြောင့်မို့ သင့်ဘက်က လိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာ တောင်းဆိုစရာမလိုပဲ သူ့အသိစိတ်နဲ့ သင့်ရဲ့ လိုအပ်ချက်ကို သိနှင့်ပြီးသား၊ လုပ်ပေးနှင့်နေပြီးသား ဖြစ်နေတတ်ပါတယ် …။

တခါတရံ လက်ဆောင်တွေ အစားအသောက်တွေ ဝယ်လာပေးတဲ့အခါမျိုးကျရင် သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုက်ဆိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့အကြိုက်၊ သင့်ရဲ့စိတ်ကိုသိပြီး အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်တတ်တဲ့သူမို့ပါပဲ …။

၅။ သင့်ခန္ဓာကိုယ်မှာ သင်မလှပဘူးလို့ထင်တဲ့အရာတွေကိုလည်း သူကချစ်ပေးတဲ့သူမျိုး”

သင်က လှပတဲ့သူတစ်ယောက်မို့ သူက ချစ်တာ မဟုတ်ပါဘူး။ သင်က ဗိုက်ပူခါးတုတ်နေနေရင် တောင် သူကအဲဒါလေးကို ချစ်ဖို့ကောင်းတယ်လို့ ထင်နေတဲ့ သူမျိုးပါ …။

သင့်မျက်နှာမှာ ဝက်ခြံတွေများနေလို့ မှန်မကြည့်ချင်ဘူးဆိုရင်တောင် သင့်ကိုသူက တစိမ့်စိမ့်ကြည့်နေပြီး ဝက်ခြံလေးတွေကိုတောင် မှဲ့လေးတွေလို့မြင်ပေးမှာပါ …။

၆။ ဘဝရဲ့အရေးပါတဲ့ နေ့ရက်တိုင်းကို အတူဖြတ်သန်းချင်သူမျိုး”

အထိမ်းအမှတ်နေ့ရက်တွေ၊ ဥပမာ – ဘွဲ့ယူတဲ့နေ့မျိုးမှာ သူကသင့်နဲ့အတူ ဖြတ်သန်းချင်တာပါ။ သူကစိတ်ညစ်စရာအရာတွေသာ သင့်ကိုမပြောပြချင်နေမယ် ပျော်ရွှင်စရာကိစ္စ ဝမ်းသာစရာကိစ္စတွေရှိလာတဲ့အခါကျရင် သင့်ကိုပထမဆုံးပြောပြပြီး အပျော်တွေကို အတူတူ မျှဝေချင်တဲ့သူမျိုးပါ …။

အဲလိုကောင်လေးမျိုးကို ပိုင်ဆိုင်ထားပြီးရင် သင့်ဘက်ကလည်း အပြည့်အဝနဲ့နားလည်မှု ပေးနိုင်တဲ့ချစ်သူမျိုးဖြစ်အောင် ကြိုးစားဖို့ မမေ့ပါနဲ့နော် …။ ။

Crd