သြယ္လ်တဲ့ခႏၶာကိုယ္ေလးပိုင္ဆိုင္ႏိုင္ဖို႔ ညဘက္မွာလုပ္ေပးသင့္တဲ့ အေလ့အက်င့္(၇)မ်ိဳး…

သြယ္လ်တဲ့ခႏၶာကိုယ္ေလးပိုင္ဆိုင္ႏိုင္ဖို႔ ညဘက္မွာလုပ္ေပးသင့္တဲ့ အေလ့အက်င့္(၇)မ်ိဳး…

ညဘက္မွာ ကြၽန္မတို႔ရဲ႕ ခႏၶာကိုယ္ဟာ ကယ္လိုရီ ၃၀၀ ကေန ၄၀၀ အထိ ေလာင္ကြၽမ္းပါတယ္။ ဒီပမာဏဟာ တစ္နာရီေျပးစာနဲ႔ ညီမွ်ပါတယ္။ အိပ္ခ်ိန္မွန္တာက ဝိတ္က်ေစတယ္လို႔ သိပၸံပညာရွင္ေတြက ဆိုထားပါတယ္ …။

အိပ္ေနတဲ့အခ်ိန္မွာ ဝိတ္က်ေစမယ့္ အေလ့အက်င့္အခ်ိဳ႕ကို ေျပာျပေပးလိုက္ပါတယ္ေနာ္ …။

၁။ ခႏၶာကိုယ္ ေအးေအာင္ေနပါ”

ကြၽမ္းက်င္သူေတြက ညဘက္အခန္းအပူခ်ိန္ကို ၁၈ ဒီဂရီထားေပးတာက သင့္ရဲ႕ ဇီဝျဖစ္စဥ္ကို ျမန္ဆန္ေစတယ္လို႔ ဆိုထားပါတယ္ …။

ပိုေအးတဲ့ ပတ္ဝန္းက်င္က အပူခ်ိန္ညႇိျခင္းနဲ႔ သက္ဆိုင္တဲ့ အဆီဆဲလ္ေတြကို အလုပ္လုပ္ေစပါတယ္။ သင္က အခန္းေအးေအးေလးထဲမွာ အိပ္ရင္ ဒါမွမဟုတ္ အဝတ္အစားမပါဘဲအိပ္ရင္ သင့္ခႏၶာကိုယ္က အဆီပိုေတြကို ေလာင္ကြၽမ္းေစပါတယ္ …။

၂။ စပ်စ္သီးေဖ်ာ္ရည္ ေသာက္ပါ”

စပ်စ္သီးေဖ်ာ္ရည္က ကယ္လိုရီ ေလာင္ကြၽမ္းေစပါတယ္။ မေကာင္းတဲ့အဆီေတြကို ေကာင္းတဲ့အဆီအျဖစ္ ေျပာင္းလဲပစ္ပါတယ္။ မအိပ္ခင္ စပ်စ္သီးေဖ်ာ္ရည္ တစ္ခြက္ေသာက္တာက အဆီပိုေတြသိုေလွာင္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။ အသီးလတ္လတ္ဆတ္ဆတ္ ေဖ်ာ္တာမ်ိဳးေလး ေသာက္သံုးေပးပါ …။

၃။ အခ်ိန္မွန္မွန္ အိပ္ရာဝင္ၿပီး အခ်ိန္မွန္ထပါ”

အိပ္ခ်ိန္ပုံမွန္မရွိတာက ဝိတ္တက္ျခင္းကို ဦးတည္ႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ အိပ္ဖို႔အခ်ိန္တန္ၿပီလို႔ ေျပာတတ္တဲ့ေဟာ္မုန္းက မယ္လတိုနင္ပါ။ ဒီမယ္လတိုနင္ေဟာ္မုန္းက ကယ္လိုရီေလာင္ကြၽမ္းတဲ့ ေနရာမွာ ကူညီေပးပါတယ္ …။

အိပ္ခ်ိန္မမွန္ရင္ေတာ့ မယ္လနင္ထုတ္တာ မမွန္မကန္ျဖစ္ေစပါတယ္။ မနက္မွာ အဆီပိုမ်ားတဲ့ အစားအေသာက္ေတြကို ပိုစားမိေစပါတယ္။ ဒါမ်ိဳးမျဖစ္ခ်င္ရင္ေတာ့ အခ်ိန္ပုံမွန္ေလးထားၿပီး အိပ္ရာဝင္တာ အိပ္ရာထတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္ေနာ္ …။

၄။ အိပ္ရာေပၚမွာ ဖုန္းမသုံးပါနဲ႔”

ဖုန္းအလင္းေရာင္က သင့္ကို အိပ္မေပ်ာ္ေစတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ဖုန္းထဲမွာ ပါတဲ့ အျပာေရာင္အလင္းေရာင္က မယ္လတိုနင္ ထုတ္လုပ္မႈကို ေႏွးေကြးေစပါတယ္။ ဒါေၾကာင့္ သင္အိပ္ေပ်ာ္ဖို႔ ၾကာေစႏိုင္ပါတယ္ …။

အိပ္ရာမဝင္ခင္ ႏွစ္နာရီအလိုတည္းက ဖုန္းသုံးတာကို ရပ္လိုက္ပါ။ စာအုပ္ဖတ္ေပးပါ။ မၾကာခင္ အိပ္ေပ်ာ္သြားမွာပါ …။

၅။ ပ႐ိုတင္းဓာတ္ပါတဲ့ အစားအစာစားေပးပါ”

ညဘက္အိပ္ရာဝင္ခါနီး မုန္႔စားတာက မမွားပါဘူးေနာ္။ ကိုယ္နဲ႔ သင့္ေတာ္တဲ့မုန္႔မ်ိဳးစားရင္ေပါ့ …။

ပ႐ိုတင္းႂကြယ္ဝတဲ့အစားအေသာက္ေတြကို စားႏိုင္ပါတယ္။ ဒိန္ခ်ဥ္၊ အဆီနည္းတဲ့ဒိန္ခဲ၊ ေျမပဲေထာပတ္စတာေတြကို စားႏိုင္ပါတယ္။ ဒီအစားအေသာက္ေတြက ဇီဝျဖစ္စဥ္ကို ျမန္ဆန္ေစၿပီး ႂကြက္သားေတြကို ဖြံ႕ၿဖိဳးေစပါတယ္ …။

၆။ အေလးခ်ိန္နဲ႔ ေဆာ့ရတာမ်ိဳးကိုေလ့က်င့္ေပးပါ”

ပုံမွန္ေလ့က်င့္ခန္းေတြက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။ ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြ Cardio ေလ့က်င့္ခန္းေတြက အားလုံးနဲ႔သင့္ေတာ္ပါတယ္။ဒါေပမဲ့ အားသုံးရတဲ့ ေလ့က်င့္ခန္းေတြက သင့္ကို ပိုၿပီး ဝိတ္က်ေစပါတယ္ …။

ေရကူးတာ ဒါမွမဟုတ္ ဝိတ္မတာေတြက ညဘက္မွာ ပိုျပီး အိပ္ေပ်ာ္ေစပါတယ္ …။

၇။ Herbal Tea ေသာက္ပါ”

သဘာဝ Herbal Tea ေတြက သင့္က်န္းမာေရးကို ေကာင္းမြန္ေစၿပီး သြယ္လ်ခ်ပ္လွပ္ေစပါတယ္။ သစ္ၾကမ္းပိုးေခါက္က ေယာင္ယမ္းတာက်ေစၿပီး ဗိုက္ပူေနတာမ်ိဳးကို မျဖစ္ေစပါဘူး …။

ပက္ပါမင့္အဆီက ဗိုက္ဆာတာသက္သာေစပါတယ္။ Chamomile က အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး အာ႐ုံေၾကာေတြကို အနားေပးပါတယ္ …။

ဒီအေလ့အက်င့္ေတြက ခႏၶာကိုယ္ကို သြယ္လ်ေစပါတယ္။ ဒါေပမယ္႔ ေလ့က်င့္ခန္းေတာ့ လုပ္ေပးရမွာပါ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအေသာက္ ေတြကို စားေပးရပါမယ္ေနာ္ …။ ။

Source – Brightside.me

Unicode Version ဖြင့်ဖတ်ရန်

သွယ်လျတဲ့ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်ဖို့ ညဘက်မှာလုပ်ပေးသင့်တဲ့ အလေ့အကျင့်(၇)မျိုး…

ညဘက်မှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိ လောင်ကျွမ်းပါတယ်။ ဒီပမာဏဟာ တစ်နာရီပြေးစာနဲ့ ညီမျှပါတယ်။ အိပ်ချိန်မှန်တာက ဝိတ်ကျစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ် …။

အိပ်နေတဲ့အချိန်မှာ ဝိတ်ကျစေမယ့် အလေ့အကျင့်အချို့ကို ပြောပြပေးလိုက်ပါတယ်နော် …။

၁။ ခန္ဓာကိုယ် အေးအောင်နေပါ”

ကျွမ်းကျင်သူတွေက ညဘက်အခန်းအပူချိန်ကို ၁၈ ဒီဂရီထားပေးတာက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်ဆန်စေတယ်လို့ ဆိုထားပါတယ် …။

ပိုအေးတဲ့ ပတ်ဝန်းကျင်က အပူချိန်ညှိခြင်းနဲ့ သက်ဆိုင်တဲ့ အဆီဆဲလ်တွေကို အလုပ်လုပ်စေပါတယ်။ သင်က အခန်းအေးအေးလေးထဲမှာ အိပ်ရင် ဒါမှမဟုတ် အဝတ်အစားမပါဘဲအိပ်ရင် သင့်ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေပါတယ် …။

၂။ စပျစ်သီးဖျော်ရည် သောက်ပါ”

စပျစ်သီးဖျော်ရည်က ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ မကောင်းတဲ့အဆီတွေကို ကောင်းတဲ့အဆီအဖြစ် ပြောင်းလဲပစ်ပါတယ်။ မအိပ်ခင် စပျစ်သီးဖျော်ရည် တစ်ခွက်သောက်တာက အဆီပိုတွေသိုလှောင်ခြင်းကို လျှော့ချပေးပါတယ်။ အသီးလတ်လတ်ဆတ်ဆတ် ဖျော်တာမျိုးလေး သောက်သုံးပေးပါ …။

၃။ အချိန်မှန်မှန် အိပ်ရာဝင်ပြီး အချိန်မှန်ထပါ”

အိပ်ချိန်ပုံမှန်မရှိတာက ဝိတ်တက်ခြင်းကို ဦးတည်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အိပ်ဖို့အချိန်တန်ပြီလို့ ပြောတတ်တဲ့ဟော်မုန်းက မယ်လတိုနင်ပါ။ ဒီမယ်လတိုနင်ဟော်မုန်းက ကယ်လိုရီလောင်ကျွမ်းတဲ့ နေရာမှာ ကူညီပေးပါတယ် …။

အိပ်ချိန်မမှန်ရင်တော့ မယ်လနင်ထုတ်တာ မမှန်မကန်ဖြစ်စေပါတယ်။ မနက်မှာ အဆီပိုများတဲ့ အစားအသောက်တွေကို ပိုစားမိစေပါတယ်။ ဒါမျိုးမဖြစ်ချင်ရင်တော့ အချိန်ပုံမှန်လေးထားပြီး အိပ်ရာဝင်တာ အိပ်ရာထတာမျိုး ပြုလုပ်ပေးသင့်ပါတယ်နော် …။

၄။ အိပ်ရာပေါ်မှာ ဖုန်းမသုံးပါနဲ့”

ဖုန်းအလင်းရောင်က သင့်ကို အိပ်မပျော်စေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဖုန်းထဲမှာ ပါတဲ့ အပြာရောင်အလင်းရောင်က မယ်လတိုနင် ထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် သင်အိပ်ပျော်ဖို့ ကြာစေနိုင်ပါတယ် …။

အိပ်ရာမဝင်ခင် နှစ်နာရီအလိုတည်းက ဖုန်းသုံးတာကို ရပ်လိုက်ပါ။ စာအုပ်ဖတ်ပေးပါ။ မကြာခင် အိပ်ပျော်သွားမှာပါ …။

၅။ ပရိုတင်းဓာတ်ပါတဲ့ အစားအစာစားပေးပါ”

ညဘက်အိပ်ရာဝင်ခါနီး မုန့်စားတာက မမှားပါဘူးနော်။ ကိုယ်နဲ့ သင့်တော်တဲ့မုန့်မျိုးစားရင်ပေါ့ …။

ပရိုတင်းကြွယ်ဝတဲ့အစားအသောက်တွေကို စားနိုင်ပါတယ်။ ဒိန်ချဉ်၊ အဆီနည်းတဲ့ဒိန်ခဲ၊ မြေပဲထောပတ်စတာတွေကို စားနိုင်ပါတယ်။ ဒီအစားအသောက်တွေက ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး ကြွက်သားတွေကို ဖွံ့ဖြိုးစေပါတယ် …။

၆။ အလေးချိန်နဲ့ ဆော့ရတာမျိုးကိုလေ့ကျင့်ပေးပါ”

ပုံမှန်လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ Cardio လေ့ကျင့်ခန်းတွေက အားလုံးနဲ့သင့်တော်ပါတယ်။ဒါပေမဲ့ အားသုံးရတဲ့ လေ့ကျင့်ခန်းတွေက သင့်ကို ပိုပြီး ဝိတ်ကျစေပါတယ် …။

ရေကူးတာ ဒါမှမဟုတ် ဝိတ်မတာတွေက ညဘက်မှာ ပိုပြီး အိပ်ပျော်စေပါတယ် …။

၇။ Herbal Tea သောက်ပါ”

သဘာဝ Herbal Tea တွေက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး သွယ်လျချပ်လှပ်စေပါတယ်။ သစ်ကြမ်းပိုးခေါက်က ယောင်ယမ်းတာကျစေပြီး ဗိုက်ပူနေတာမျိုးကို မဖြစ်စေပါဘူး …။

ပက်ပါမင့်အဆီက ဗိုက်ဆာတာသက်သာစေပါတယ်။ Chamomile က အစာချေစနစ်ကို ကောင်းမွန်စေပြီး အာရုံကြောတွေကို အနားပေးပါတယ် …။

ဒီအလေ့အကျင့်တွေက ခန္ဓာကိုယ်ကို သွယ်လျစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတော့ လုပ်ပေးရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက် တွေကို စားပေးရပါမယ်နော် …။ ။

Source – Brightside.me