ခရက်ဒစ် – မူရင်း
Unicode Version ဖြင့်ဖတ်ရန်
အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင် မနေနိုင်တော့ပဲဖြည့်ဆည်းပေးရတဲ့ ဂါထာတော်…
အဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က ၂၇ ခေါက် ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊
သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်း မသိသူတွေအတွက် ဗဟုသုတ
ပြိတ္တာကတော ဂါထာအစကြားတာနဲ့ တစ်ချိုးတည်း လစ်ပြေးပါတယ်။ ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေ ပရိတ်တွေ လိုက်ဆို ပြနိုင်ပေမယ့်
သမ္ဗုဒ္ဓေစရွတ်တာနဲ့ လစ်ပြေးတာပါပဲ။ ပြေးတဲ့နောက်ကလိုက်ရွတ်၊ သူကိုယ်ရောင် မဖြောက် ပြေးနိုင်ပါဘူး …။
သမ္ဗုဒ္ဓေဂါထာတော် တစ်နေ့တစ်ထောင်မက ရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေ ထက်တောင် ဘုန်းကြီးလာနိုင်ပီး
စိတ်ကတောင့်တရင် သူတို့တွေ ကောင်းကောင်းနေမရပါဘူး …။
လိုက်ဖြေစည်းပေးရပါတယ်။ သမ္ဗုဒ္ဓေဂါထာတော်ဟာ နေမင်းကြီးနဲ့ တူပါတယ် …။
သဲစုမက ဘုရားတွေရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်း အနည်းငယ်ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်နော် …။
သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်
(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏ …။
(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။
ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာ နည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူ ဘုရားရှင် တို့ကား အဆုံးမရှိကုန် …။
ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာ ရှိခိုးပါ၏ဘုရား …။
(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။
ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း …။ ။
ခရက်ဒစ် – မူရင်း