ခ်စ္သူမ်ားၾကား ပိုမိုခိုင္ၿမဲေစရန္ ဒီစကားေလးေတြကို ေျပာေပးပါ…

ခ်စ္သူမ်ားၾကား ပိုမိုခိုင္ၿမဲေစရန္ ဒီစကားေလးေတြကို ေျပာေပးပါ…

ခ်စ္သူမ်ားၾကား ဆက္ဆံေရး ပိုမိုခိုင္ၿမဲေစရန္ ေျပာသင့္ေသာ စကားေလးမ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

ခ်စ္သူမ်ားၾကားမွာ သက္တမ္းၾကာလာတာႏွင့္ အမွ် တစ္ဦးႏွင့္တစ္ဦး ေသြးမေအးသြားေအာင္ ေမးခြန္းေတြ ေမးဖို႔ေမ့ေနတတ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ခ်စ္သူ ႏွစ္ဦးၾကားမွာ ေမးသင့္တဲ့ေမးခြန္းေတြကို ေျပာျပေပးသြားပါမယ္ေနာ္ …။

(၁) အနာဂတ္မွာ ႏွစ္ေယာက္အတူပူးေပါင္းၿပီး ဘယ္လိုစီးပြားေရး မ်ိဳးလုပ္ကိုင္ၾကမလဲ ဆိုတဲ့ ေမးခြန္းကေတာ့ ခ်စ္သူႏွစ္ဦးၾကားမွာ ပိုၿပီး ေ႐ွ႕ဆက္ခရီး ကိုအတူတကြ ပူးေပါင္းမည္ဆိုတဲ့ အေတြးကို ထင္ဟပ္ေစတာေၾကာင့္ ေမးသင့္တဲ႔ ေမးခြန္းတစ္ခု ျဖစ္ပါတယ္ …။

(၂) ဒီေမးခြန္းကေတာ့ ငယ္ငယ္က စကားပုံတစ္ခုနဲ႔ဆက္စပ္ေနပါတယ္။ အစားေကာင္း အေသာက္ေကာင္းစားရင္ ကိုယ္ခ်စ္တဲ့သူကို သတိရၾကတယ္ဆိုတဲ့ အတိုင္းမိမိ ခ်စ္သူႀကိဳက္တတ္တဲ့အစားအစာကို ေသခ်ာမွတ္ထားၿပီး မၾကာခဏ အတူစားေသာက္ျခင္းျဖင့္ အျပန္အလွန္ ေက်နပ္မႈကို ရ႐ွိေစမွာပါ။ ဒါေၾကာင့္ အခုတစ္ေလာ ဘယ္အစားအစာကို ႀကိဳက္လဲ ဆိုတဲ့ေမးခြန္းကလည္း ေမးရမဲ့ ေမးခြန္းထဲမွာပါ ပါတယ္ …။

(၃) ေမးခြန္းကေတာ့ အႀကိဳက္ဆုံး မင္းသား မင္းသမီး အိုင္ေဒါေတြကို ေမးၿပီး မိမိခ်စ္သူ ႀကိဳက္တဲ့ အိုင္ေဒါေတြကိုပါ လိုက္ၿပီး စုံစမ္းေနရမွာပါ။ ေတာ္ေတာ္မ်ားမ်ား စုံတြဲေတြကေတာ့ မိမိခ်စ္သူ ကတစ္ျခား သူကို သည္းသည္းစြဲႀကိဳက္ေနတာ ကို သေဘာမက်တတ္ၾကပါဘူး။ တစ္ခ်ိဳ႕ဆို ဥဝန္တိုၿပီး လမ္းခြဲတဲ့ အေျခအေန အထိေတာင္ ေရာက္သြားတတ္ၾကပါတယ္ …။

ဒါေၾကာင့္ ခ်စ္သူအခ်င္းခ်င္း ကိုယ့္ႀကိဳက္ သူ႕ႀကိဳက္ အိုင္ေဒါေတြ မင္းသား မင္းသမီးေတြကို ဖလွယ္ ေမးျမန္းေဆြးေႏြးျခင္းျဖင့္ ခိုင္ၿမဲမႈကို ရယူလိုက္ပါ …။

(၄) ေမးခြန္းကေတာ့ အေရးႀကီးၿပီး အားေပးစကားျဖစ္တဲ့ အတူေပါင္းလုပ္ၾကတာေပါ့ ထပ္ႀကိဳးစားမယ္ေလ ဆိုတဲ့စကားကလည္း တစ္ခုခုကို ႐ႈံးႏွိမ့္သြားရင္ေတာင္ အားေပးစကားျဖစ္တာေၾကာင့္ တစ္ဦးႏွင့္ တစ္ဦးခြန္အားျဖစ္ေစၿပီး ခိုင္ၿမဲကာ ယုံၾကည္မႈနဲ႔ ေ႐ွ႕ဆက္သြားႏိုင္မွာပဲ ျဖစ္ပါတယ္ …။

ဒါေၾကာင့္ခ်စ္သူမ်ားၾကားပိုမိုခိုင္ၿမဲေစဖို႔ စကားေလးမ်ိဳး ကိုဒီအပတ္မွာေတာ့ ေျပာျပရင္း ခိုင္ၿမဲၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္ေနာ္ …။ ။

Credit – နန္းေမ

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူများကြား ပိုမိုခိုင်မြဲစေရန် ဒီစကားလေးတွေကို ပြောပေးပါ…

ချစ်သူများကြား ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် ပြောသင့်သော စကားလေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်နော် …။

ချစ်သူများကြားမှာ သက်တမ်းကြာလာတာနှင့် အမျှ တစ်ဦးနှင့်တစ်ဦး သွေးမအေးသွားအောင် မေးခွန်းတွေ မေးဖို့မေ့နေတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ချစ်သူ နှစ်ဦးကြားမှာ မေးသင့်တဲ့မေးခွန်းတွေကို ပြောပြပေးသွားပါမယ်နော် …။

(၁) အနာဂတ်မှာ နှစ်ယောက်အတူပူးပေါင်းပြီး ဘယ်လိုစီးပွားရေး မျိုးလုပ်ကိုင်ကြမလဲ ဆိုတဲ့ မေးခွန်းကတော့ ချစ်သူနှစ်ဦးကြားမှာ ပိုပြီး ရှေ့ဆက်ခရီး ကိုအတူတကွ ပူးပေါင်းမည်ဆိုတဲ့ အတွေးကို ထင်ဟပ်စေတာကြောင့် မေးသင့်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ် …။

(၂) ဒီမေးခွန်းကတော့ ငယ်ငယ်က စကားပုံတစ်ခုနဲ့ဆက်စပ်နေပါတယ်။ အစားကောင်း အသောက်ကောင်းစားရင် ကိုယ်ချစ်တဲ့သူကို သတိရကြတယ်ဆိုတဲ့ အတိုင်းမိမိ ချစ်သူကြိုက်တတ်တဲ့အစားအစာကို သေချာမှတ်ထားပြီး မကြာခဏ အတူစားသောက်ခြင်းဖြင့် အပြန်အလှန် ကျေနပ်မှုကို ရရှိစေမှာပါ။ ဒါကြောင့် အခုတစ်လော ဘယ်အစားအစာကို ကြိုက်လဲ ဆိုတဲ့မေးခွန်းကလည်း မေးရမဲ့ မေးခွန်းထဲမှာပါ ပါတယ် …။

(၃) မေးခွန်းကတော့ အကြိုက်ဆုံး မင်းသား မင်းသမီး အိုင်ဒေါတွေကို မေးပြီး မိမိချစ်သူ ကြိုက်တဲ့ အိုင်ဒေါတွေကိုပါ လိုက်ပြီး စုံစမ်းနေရမှာပါ။ တော်တော်များများ စုံတွဲတွေကတော့ မိမိချစ်သူ ကတစ်ခြား သူကို သည်းသည်းစွဲကြိုက်နေတာ ကို သဘောမကျတတ်ကြပါဘူး။ တစ်ချို့ဆို ဥဝန်တိုပြီး လမ်းခွဲတဲ့ အခြေအနေ အထိတောင် ရောက်သွားတတ်ကြပါတယ် …။

ဒါကြောင့် ချစ်သူအချင်းချင်း ကိုယ့်ကြိုက် သူ့ကြိုက် အိုင်ဒေါတွေ မင်းသား မင်းသမီးတွေကို ဖလှယ် မေးမြန်းဆွေးနွေးခြင်းဖြင့် ခိုင်မြဲမှုကို ရယူလိုက်ပါ …။

(၄) မေးခွန်းကတော့ အရေးကြီးပြီး အားပေးစကားဖြစ်တဲ့ အတူပေါင်းလုပ်ကြတာပေါ့ ထပ်ကြိုးစားမယ်လေ ဆိုတဲ့စကားကလည်း တစ်ခုခုကို ရှုံးနှိမ့်သွားရင်တောင် အားပေးစကားဖြစ်တာကြောင့် တစ်ဦးနှင့် တစ်ဦးခွန်အားဖြစ်စေပြီး ခိုင်မြဲကာ ယုံကြည်မှုနဲ့ ရှေ့ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ် …။

ဒါကြောင့်ချစ်သူများကြားပိုမိုခိုင်မြဲစေဖို့ စကားလေးမျိုး ကိုဒီအပတ်မှာတော့ ပြောပြရင်း ခိုင်မြဲကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် …။ ။

Credit – နန်းမေ