ညီမေလး အိမ္ေထာင္ျပဳဖို႔ဆုံးျဖတ္ေတာ့မယ္ဆိုရင္ ဒါကို ဖတ္ျဖစ္ေအာင္ဖတ္ပါ…

ညီမေလး အိမ္ေထာင္ျပဳဖို႔ဆုံးျဖတ္ေတာ့မယ္ဆိုရင္ ဒါကို ဖတ္ျဖစ္ေအာင္ဖတ္ပါ…

(1) စာတတ္တဲ့ေယာက္ထက္ စာနာစိတ္႐ွိတဲ့ ေယာက်္ားကိုသာေ႐ြးခ်ယ္ပါ။ တစ္မိုးေအာက္ထဲ အတူေနထိုင္မဲ့သူဆိုတာကိုယ့္ခံစားခ်က္ကို စာနာစိတ္နဲ႔ၾကည့္ျမင္တတ္သူ ျဖစ္ေနဖို႔ သိပ္လိုအပ္တယ္ …။

(2) ပညာတတ္သူထက္ ၾကင္နာစိတ္႐ွိသူကိုသာေ႐ြးခ်ယ္ပါ။ ကိုယ့္ဘဝ တစ္သက္တာလုံး အနီးဆုံးမွာ႐ွိေနမယ္႕ သူဟာ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြကို ၾကင္နာတတ္တဲ့ စိတ္နဲ ႔ေဖးမႏိုင္သူျဖစ္ဖို႔ သိပ္ကို လိုအပ္ပါတယ္ေနာ္ …။

(3) ေငြခ်မ္းသာသူထက္ စိတ္ထား႐ိုးေျဖာင့္သူကိုသာ ေ႐ြးခ်ယ္ပါ။ ဘဝတစ္ေလွ်ာက္လုံး ေအးအတူပူအမွ်လက္တြဲထားရမဲ့သူဟာ ကိုယ့္လိုအပ္ခ်က္ေတြကို ေငြနဲ႔ျဖည့္ဆည္းေပးႏိုင္႐ုံနဲ႔ မရဘူးဘယ္အရာမွာမဆို ပြင့္လင္း႐ိုးသားစြာနဲ႔ ဆက္ဆံေရးကသာ ႏွစ္ဦးႏွစ္ဖက္ အၿငိဳးကင္းေစတဲ့ လက္နက္ျဖစ္ပါတယ္ …။

(4) ဂုဏ္႐ွိသူထက္ ျပဳံးရယ္ႏိုင္ေစသူကိုသာ ေ႐ြးခ်ယ္ပါ။ လူ႕ဘဝဆိုတာ ေရလိႈင္းလိုပဲ အနိမ့္အျမင့္႐ွိတယ္ ကိုယ့္အရိပ္အျဖစ္ ခိုလႈံေနရသူဟာ ဘယ္လိုအခက္ခဲေတြနဲ႔ၾကဳံလာပါေစ၊ မားမားမတ္မတ္ ရပ္တည္ေပးၿပီး ျပဳံးရယ္ႏိုင္ေစသူျဖစ္ဖို႔ အဓိက က်ပါတယ္ …။

(5) ႐ုပ္ေခ်ာသူထက္ အသိုင္းဝိုင္းသန္႔႐ွင္းသူကိုသာ ေ႐ြးခ်ယ္ပါ။ မတူညီတဲ့အသိုင္းဝိုင္းႏွစ္ခု ေပါက္ဖြားလာသူေတြ တစ္ဘဝအတူ လက္တြဲၿပီး တစ္မိုးေအာက္ထဲေနဖို႔ဆိုတာ ပတ္ဝန္းက်င္ပါလာသလို ႏွစ္ဖက္အသိုင္းဝိုင္းဆိုတာလည္း အိမ္ေထာင္စုတစ္ခုရဲ႕ တစ္စိပ္တစ္ေဒသမွာ ပါဝင္ပတ္သက္ပါတယ္ …။

ကိုယ့္ဘဝကို တစ္သက္တာေပးအပ္ထားရမဲ့သူဟာကိုယ္ႏႈတ္အမူအယာ ယဥ္ေက်းၿပီးမိမိသိကၡာကို တန္ဖိုးထားတတ္သူျဖစ္ဖို႔ အေရးႀကီးဆုံးပါပဲ …။

(6) ဥစၥာျပည့္စုံသူထက္ နားလည္မႈ႐ွိသူကိုသာေ႐ြးခ်ယ္ပါ။ ကိုယ့္ရဲ႕အနီးဆုံးမွာေနတဲ့သူဆိုတာ မေတာ္တဆအမွားေတြအေပၚ ဒါမွမဟုတ္ မိမိအသိုင္းဝိုင္းနဲ႔ဆက္ဆံေရးမွာ သေဘာထားႀကီးၿပီး နားလည္မႈ႐ွိသူျဖစ္ဖို႔လည္း တကယ္ လိုအပ္ပါတယ္ေနာ္ …။

တကယ္ေတာ့ အိမ္ေထာင္ျပဳျခင္းဆိုတဲ့ အရာကို က်ဴးလြန္ၿပီးသြားရင္ ေယာက်္ားေလးျဖစ္ေစမိန္းကေလးျဖစ္ေစ လက္႐ွိတန္ဖိုးထက္ေတာ့ က်ဆင္းသြားရတာပါပဲ …။

အိမ္ေထာင္သည္ဘဝေရာက္သြားၿပီးရင္ မိန္းမသားေတြက ေယာက်္ားသားေတြထက္ မိမိကိုယ္ပိုင္အခြင့္အေရးေတြ ၊ ထိန္းခ်ဳပ္ခံရတာေတြပိုလာသလို ၊မိမိျဖစ္ျခင္တဲ့ အခြင့္အေရးေတြ မ်ားစြာကို ေပးဆပ္လိုက္ရပါတယ္ …။

ဒါေၾကာင့္ အိမ္ေထာင္ျပဳေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ရင္လူတစ္ေယာက္ကို အေပၚယံတင္ ဆုံးျဖတ္တာမ်ိဳးေ႐ွာင္က်ဥ္ပါ။ အခ်ိန္ေပးၿပီးေလ့လာၾကည္႔ပါ …။

လူတစ္ေယာက္ရဲ႕စိတ္ဓာတ္ကို သိဖို႔ အခ်ိန္ၾကာၾကာေစာင့္ၾကည့္ဖို႔ မလိုအပ္ပါဘူး။ သတိႀကီးႀကီးနဲ႔ေစာင့္ၾကည့္ၾကည့္လိုက္ပါ။ လူတစ္ေယာက္ရဲ႕ မေနာဆိုတာ မထင္မွတ္တဲ့အရာေတြကေန အေျဖေတြေပၚလာတတ္ပါတယ္ေနာ္ …။

တစ္သက္တာ စိတ္ခ်မ္းသာခ်င္ရင္ လူေ႐ြးမမွားဖို႔အတြက္ တခါတရံေတာ့ မ်က္ရည္ေတြလည္း ရင္းႏွီးလိုက္ပါ ညီမငယ္ေလး …။ ။

May Noe

Unicode Version ဖြင့်ဖတ်ရန်

ညီမလေး အိမ်ထောင်ပြုဖို့ဆုံးဖြတ်တော့မယ်ဆိုရင် ဒါကို ဖတ်ဖြစ်အောင်ဖတ်ပါ…

(1) စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ ယောက်ျားကိုသာရွေးချယ်ပါ။ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့ သိပ်လိုအပ်တယ် …။

(2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ။ ကိုယ့်ဘဝ တစ်သက်တာလုံး အနီးဆုံးမှာရှိနေမယ့် သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့ စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်ကို လိုအပ်ပါတယ်နော် …။

(3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာ ရွေးချယ်ပါ။ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ ကိုယ့်လိုအပ်ချက်တွေကို ငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်ပါတယ် …။

(4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာ ရွေးချယ်ပါ။ လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ် ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာ ဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေ၊ မားမားမတ်မတ် ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့ အဓိက ကျပါတယ် …။

(5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာ ရွေးချယ်ပါ။ မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေ တစ်ဘဝအတူ လက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာ ပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာ ပါဝင်ပတ်သက်ပါတယ် …။

ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပါပဲ …။

(6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ။ ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့လည်း တကယ် လိုအပ်ပါတယ်နော် …။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့ အရာကို ကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ ကျဆင်းသွားရတာပါပဲ …။

အိမ်ထောင်သည်ဘဝရောက်သွားပြီးရင် မိန်းမသားတွေက ယောက်ျားသားတွေထက် မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ ထိန်းချုပ်ခံရတာတွေပိုလာသလို ၊မိမိဖြစ်ခြင်တဲ့ အခွင့်အရေးတွေ များစွာကို ပေးဆပ်လိုက်ရပါတယ် …။

ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ။ အချိန်ပေးပြီးလေ့လာကြည့်ပါ …။

လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး။ သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါ။ လူတစ်ယောက်ရဲ့ မနောဆိုတာ မထင်မှတ်တဲ့အရာတွေကနေ အဖြေတွေပေါ်လာတတ်ပါတယ်နော် …။

တစ်သက်တာ စိတ်ချမ်းသာချင်ရင် လူရွေးမမှားဖို့အတွက် တခါတရံတော့ မျက်ရည်တွေလည်း ရင်းနှီးလိုက်ပါ ညီမငယ်လေး …။ ။

May Noe