မျက်နှာ အရင် သစ်ပေးပါ …။
Unicode Version ဖြင့်ဖတ်ရန်
ဒီဟာတွေလုပ်မိရင် တစ်လကနေ (၃)လအထိ ငွေမဝင်ဘဲ လာဘ်ပိတ်စေတတ်ပါတယ်…
ဒီဟာတွေ ပြုလုပ်မိရင် တစ်လကနေ ၃လအထိ ငွေမဝင်ဘဲ လာဘ်ပိတ်စေတတ်တာကြောင့် စာဖတ်သူ ပရိတ်သတ်တို့ အနေနဲ့ သတိထား ဆင်ခြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) အိပ်ရေးပျက်ခြင်း မရှိပဲ အိပ်ယာနောက်ကျမှ ထခြင်း မပြုလုပ်ပါနဲ့ …။
(၂) မနက်ပိုင်းကို ရန်ဖြစ်တာ စကားများတာတွေ မလုပ်မိပါစေနဲ့ …။
(၃) အိပ်ယာထထချင်း မျက်နှာအရင် တန်းသစ်ပါ …။
တတ်နိုင်သမျှ အစားအရင်စားတာ အိမ်သာတန်းတက်တာ မလုပ်ပါနဲ့ …။
(၄) ဘုရားအရင် ရှိခိုးပြီးမှ အလုပ်ကို စလုပ်ပါ …။
(၅) ပိုက်ဆံတွေကို ပြန့်နေအောင်ထားတာမျိုး လိပ်ထားတာတို့ ပစ်စလခက် မထားပါနဲ့ …။
(၆) စိတ်ထား ကောင်းကောင်းထားပါ …။
သူများကို အတင်းပြောတာ ပုတ်ခပ်တာမျိုး မလုပ်မိပါစေနဲ့ …။
(၇) အနောက်အရပ် မြောက်အရပ်တွေကို ခေါင်းပေးပြီး မအိပ်မိပါစေနဲ့ …။
(၈) ဖိနပ်အဟောင်းတွေ ထီးအပျက်တွေ နာရီအပျက်တွေကို အိမ်မှာမထားပါနဲ့ …။
(၉) ပိုက်ဆံပေါ်မှာ ဘောပင်နဲ့ ဟိုခြစ်ဒီခြစ် မရေးပါနဲ့ …။
(၁၀) ခင်ပွန်းကြီး ၁၀ပါးကို လုံးဝ မပစ်မှားမိပါ​စေနဲ့ ၊ မစော်ကားမိပါ​စေနဲ့ …။
(၁၁) တစ်ပတ်ကို တစ်ရက်လောက်တော့ အသားငါး မစားပါနဲ့။ သက်သက်လွတ် စားပေးပါ …။
(၁၂) အိပ်ယာထထချင်း ဖုန်းသုံးတာ ဖုန်းပြောတာတွေမလုပ်ပါနဲ့ …။
မျက်နှာ အရင် သစ်ပေးပါ …။
(၁၃) မနက်ပိုင်း ဘယ်သူကိုမှ ငွေမ​ချေးပါနဲ့ …။
(၁၄) မနက်အစောပိုင်း အရက်သောက်တာ မလုပ်ရပါ …။
(၁၅) ငွေတွေကို ဖိနပ်နဲ့ထိတာ ထမိန်နဲ့ထိတာမျိုး မလုပ်မိပါစေနဲ့ …။
ဒီအရာတွေကို လုပ်မိရင် ငွေမဝင်တာ လာဘ်ပိတ်တာတွေဖြစ်တတ်ပါတယ်နော် …။
ဆရာ – ဗေဒင် ထူးမြတ်အောင်