အိပ္ေနတုန္းမွာ ႐ုတ္တရက္ သိမ့္ခနဲ တုန္ရျခင္းရဲ႕အေၾကာင္းအရင္း…

အိပ္ေနတုန္းမွာ ႐ုတ္တရက္ သိမ့္ခနဲ တုန္ရျခင္းရဲ႕အေၾကာင္းအရင္း…

အိပ္ေနစဥ္အတြင္း အျမင့္တစ္ခုခုေပၚကျပဳတ္က်သလို၊ ေခ်ာ္လဲသလို မ်ိဳးေၾကာင့္ ခႏၶာကိုယ္ဆတ္ခနဲတုန္တက္လာရတဲ့ ခံစားခ်က္မ်ိဳးကို ကြၽန္ေတာ္တို႔အားလုံး ေသခ်ာေပါက္ ႀကဳံဖူးၾကပါလိမ့္မယ္ …။

ဒီလိုမ်ိဳးေတြခဏ၊ ခဏျဖစ္တာ ဘာေၾကာင့္လဲဆိုတဲ့အေျဖကို ဒီေဆာင္းပါးေလးကေန တစ္ဆင့္ စာဖတ္ပရိတ္တို႔နားလည္သိရွိရေအာင္ ရွင္းျပေပပါ့မယ္ေနာ္ …။

ေတာ္ေတာ္မ်ားမ်ားက တစ္ခုခုနဲ႔တိုက္မိသလို၊ တစ္စုံတစ္ေယာက္က႐ိုက္လိုက္သလိုမ်ိဳးနဲ႔ တစ္ေနရာရာက ျပဳတ္က်သလိုမ်ိဳးေၾကာင့္ အိပ္ေနရင္းဆတ္ခနဲ တုန္သြားတတ္ၾကေပမယ္႔ တစ္ခ်ိဳ႕တေလကေတာ့ တစ္ေယာက္ေယာက္က တက္ဖိထားသလို၊ ညႇစ္ထားသလိုမ်ိဳးေၾကာင့္ တုန္တတ္ၾကပါတယ္ …။

သင္ဟာ ဒီလိုမ်ိဳးမၾကာခဏျဖစ္တတ္သူဆိုရင္ေတာ့ ကဖင္းဓာတ္နဲ႔ ေဆးလိပ္ေတြသုံးစြဲျခင္းကို အမွန္တကယ္ကို ေလ်ာ့ခ်သင့္ပါၿပီ။ ဒါ့အျပင္ ၎ဓာတ္ႏွစ္မ်ိဳးဟာ သင့္ရဲ႕အိပ္စက္မႈေတြကိုပါ ထိခိုက္လာေစႏိုင္လို႔ပဲ ျဖစ္ပါတယ္ …။

အိုေခ ဒီလိုဆိုရင္ ဘာေၾကာင့္အိပ္ေနရင္းနဲ႔ အျမင့္တစ္ေနရာေပၚကေန ျပဳတ္က်သလိုခံစားရတာလဲဆိုတဲ့ ေခါင္းစဥ္ဆီကို ျပန္သြားလိုက္ၾကရေအာင္ …။

ပင္ပန္းမႈေတြ၊ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ေၾကာင့္ၾကမႈေတြနဲ႔ အိပ္စက္လိုက္တဲ့အခါ ခႏၶာကိုယ္ကအိပ္စက္သြားေပမယ္႔ ဦးေႏွာက္ကေတာ့ တကယ္တမ္း မ အိပ္စက္ေသးပါဘူး …။

ဒီအခ်ိန္မ်ိဳးမွာ ဦးေႏွာက္က အိပ္စက္ေနတဲ့ခႏၶာကိုယ္ကို ႏိုးထဖို႔ အခ်က္ျပ သတိေပးျခင္းပဲ ျဖစ္ပါတယ္ …။

ဦးေႏွာက္က ခႏၶာကိုယ္ကို ျမန္ျမန္ႏိုးထေစဖို႔ရာ အိမ္မက္အေနနဲ႔ ဖန္တီးသတိေပးလိုက္တာမ်ိဳးလည္း ျဖစ္ပါတယ္ေနာ္ …။ ။

CREDIT

UNICODE VERSION ဖြင့်ဖတ်ရန်

အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့အကြောင်းအရင်း…

အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလို မျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး သေချာပေါက် ကြုံဖူးကြပါလိမ့်မယ် …။

ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေပါ့မယ်နော် …။

တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမယ့် တစ်ချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ် …။

သင်ဟာ ဒီလိုမျိုးမကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ် …။

အိုခေ ဒီလိုဆိုရင် ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင် …။

ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမယ့် ဦးနှောက်ကတော့ တကယ်တမ်း မ အိပ်စက်သေးပါဘူး …။

ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြ သတိပေးခြင်းပဲ ဖြစ်ပါတယ် …။

ဦးနှောက်က ခန္ဓာကိုယ်ကို မြန်မြန်နိုးထစေဖို့ရာ အိမ်မက်အနေနဲ့ ဖန်တီးသတိပေးလိုက်တာမျိုးလည်း ဖြစ်ပါတယ်နော် …။ ။

CREDIT