မာနႀကီးတဲ့မိန္းကေလးလို႔ အထင္ခံရတဲ့ ေနာက္ကြယ္ကအေၾကာင္းအရင္းမ်ား…

မာနႀကီးတဲ့မိန္းကေလးလို႔ အထင္ခံရတဲ့ ေနာက္ကြယ္ကအေၾကာင္းအရင္းမ်ား…

မိန္းကေလးေတြက တျခားသူေတြရဲ႕ အျမင္ေတြနဲ႔ ပတ္သတ္ၿပီး အေၾကာင္းတစ္ခုခုနဲ႔အတူ အေျပာခံၾကရေလ့ ႐ွိပါတယ္ …။

အဲ့ဒီထဲမွာမွ တစ္ခ်ိဳ႕မိန္းကေလးေတြက မာနႀကီးပါတယ္ဆိုတဲ့ ဂုဏ္ပုဒ္ကို အတပ္ခံၾကရတာမ်ိဳးလည္း ႐ွိပါတယ္ …။

မာနႀကီးတယ္ဆိုတဲ့ စကားလုံးကို မ်ားေသာအားျဖင့္ မေကာင္းတဲ့အခ်က္လို ေျပာၾကတာမ်ိဳး ျဖစ္ပါတယ္။ ဒီလိုမ်ိဳး မာနႀကီးတယ္လို႔ အထင္ခံရတဲ့ မိန္းကေလးေတြကေတာ့ ဒီအခ်က္ေတြေၾကာင့္ အထင္ခံေနၾကရတာ ျဖစ္ပါတယ္ေနာ္ …။

(၁) ကိုယ့္စိတ္အတိုင္း ေနတယ္”

သူတို႔ေတြမွာ ေတြ႕ရတဲ့အခ်က္က ကိုယ့္စိတ္ဆႏၵကို ကိုယ္အေလးေပးတာပဲ ျဖစ္ပါတယ္။ တျခားသူေတြကို အၿမဲငဲ့ၾကည့္ၿပီး အေျပာအဆို၊ အေနအထိုင္ဆင္ျခင္ေနတာမ်ိဳးေတြ သူတို႔မွာ မ႐ွိပါဘူး …။

သူတို႔က မႏွစ္သက္ရင္ မႏွစ္သက္ဘူးဆိုတာကို ေျပာၿပီး ႀကိဳက္တဲ့အခါ ႀကိဳက္ေၾကာင္း ေျပာတတ္ၾကပါတယ္။ အားနာတတ္ေပမယ့္ အရမ္းႀကီး ေလာကြတ္ေခ်ာ္တာမ်ိဳးလည္း သူတို႔မွာ မေတြ႕ရတတ္ပါဘူး …။

(၂) တသီးတသန္႔ဆန္တယ္”

မာနႀကီးတဲ့ အထင္ခံရတဲ့ ထိပ္ဆုံး အခ်က္တစ္ခုက တသီးတသန္႔ ေနတတ္တာပဲ ျဖစ္ပါတယ္။ ရင္းႏွီးၿပီးသား သူငယ္ခ်င္းေတြနဲ႔ ရင္းရင္းႏွီးႏွီးေနၾကေပမယ့္လည္း လူစိမ္းေတြနဲ႔ ပတ္သတ္ၿပီး ကင္းကင္းေနၾကေလ့ ႐ွိၾကပါတယ္ …။

အထူးသျဖင့္က လူတိုင္းနဲ႔ လြယ္လြယ္ မေရာတတ္တာမ်ိဳးနဲ႔ မေရာခ်င္တာမ်ိဳး ျဖစ္ပါတယ္။ ဒီအတြက္ သူတို႔က မာနႀကီးတယ္လို႔ ယူဆခံရ တတ္ပါတယ္ …။

(၃) အသန္႔ႀကိဳက္တယ္”

တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့ အေနအထိုင္က သပ္ရပ္သလို အသန္႔အျပန္႔ ကို ႀကိဳက္ၾကပါတယ္။ အဝတ္မွာ စြန္းေပတာမ်ိဳး မျဖစ္ေအာင္ သတိထားသလို ကိုယ့္ပစၥည္းမွာ ဖုန္ေတြ ကပ္ေနတာ၊ တစ္ခုခု ညစ္ေပသြားမွာ စသျဖင့္ မႀကိဳက္ၾကတဲ့ သူေတြပဲ ျဖစ္ပါတယ္ …။

ဆိုင္ေတြမွာ ထိုင္ရင္ေတာင္ စားပြဲကို ေနာက္တစ္ေခါက္ သုတ္ပစ္တာ၊ ဖန္ခြက္ကို ေရက်င္းၿပီး တစ္သွ်ဴးနဲ႔ ျပန္သုတ္တာ စသျဖင့္ လုပ္တတ္ၾကပါတယ္ …။

ဒီလို အသန္႔ႀကိဳက္တဲ့ ေကာင္မေလးေတြကလည္း ႀကီးက်ယ္တယ္ ဆိုတာနဲ႔အတူ မာနႀကီးတယ္ဆိုၿပီး အသတ္မွတ္ ခံရတတ္ပါတယ္ …။

(၄) တည္တယ္”

ယဥ္ေက်းမႈ မ႐ွိတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ အေနတည္ၾကတဲ့သူေတြ ႐ွိပါတယ္။ သူတို႔ကို ၾကည့္လိုက္ရင္ ႐ုပ္တည္နဲ႔ ျဖစ္ေနၿပီး မ်က္ႏွာက ေပါ့ပါးမႈ မ႐ွိသလိုမ်ိဳး ျဖစ္ေနတတ္ပါတယ္ …။

ဒါေၾကာင့္ လူေတြက ႐ွိန္ၾကသလို တခ်ိဳ႕ေတြက ဒီလို အေနတည္တာေၾကာင့္ မာနႀကီးတယ္လို႔ ထင္ေနၾကတာပါ …။

(၅) အရည္အခ်င္း ႐ွိတယ္”

ေတာ္တဲ့ မိန္းကေလးအမ်ားစုက မာနႀကီးတယ္လို႔ ေျပာဆိုတာကို ခံၾကရပါတယ္။ေတာ္တဲ့ မိန္းကေလးအမ်ားစုက အာ႐ုံစူးစိုက္မႈလည္း ေကာင္းသလို သူတို႔ ႀကိဳးစားေနတဲ့ အရာေတြမွာ ေကာင္းမြန္တဲ့ ရလဒ္ေတြ ထြက္လာေအာင္ လုပ္တတ္ၾကပါတယ္ …။

ဒီအတြက္ သူတို႔ေတြက သူတို႔ ႀကိဳးစားတဲ့ အရာကလြဲရင္ ေဘးပတ္ဝန္းက်င္ကို သိပ္ အမ်ားႀကီး အာ႐ုံ မ ေရာက္တတ္ၾကပါဘူး။ ဒီလိုမ်ိဳး အခ်က္ေၾကာင့္ မာနႀကီးတယ္လို႔ အထင္ခံၾကရတာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ခမ္း

Unicode Version ဖြင့်ဖတ်ရန်

မာနကြီးတဲ့မိန်းကလေးလို့ အထင်ခံရတဲ့ နောက်ကွယ်ကအကြောင်းအရင်းများ…

မိန်းကလေးတွေက တခြားသူတွေရဲ့ အမြင်တွေနဲ့ ပတ်သတ်ပြီး အကြောင်းတစ်ခုခုနဲ့အတူ အပြောခံကြရလေ့ ရှိပါတယ် …။

အဲ့ဒီထဲမှာမှ တစ်ချို့မိန်းကလေးတွေက မာနကြီးပါတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အတပ်ခံကြရတာမျိုးလည်း ရှိပါတယ် …။

မာနကြီးတယ်ဆိုတဲ့ စကားလုံးကို များသောအားဖြင့် မကောင်းတဲ့အချက်လို ပြောကြတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး မာနကြီးတယ်လို့ အထင်ခံရတဲ့ မိန်းကလေးတွေကတော့ ဒီအချက်တွေကြောင့် အထင်ခံနေကြရတာ ဖြစ်ပါတယ်နော် …။

(၁) ကိုယ့်စိတ်အတိုင်း နေတယ်”

သူတို့တွေမှာ တွေ့ရတဲ့အချက်က ကိုယ့်စိတ်ဆန္ဒကို ကိုယ်အလေးပေးတာပဲ ဖြစ်ပါတယ်။ တခြားသူတွေကို အမြဲငဲ့ကြည့်ပြီး အပြောအဆို၊ အနေအထိုင်ဆင်ခြင်နေတာမျိုးတွေ သူတို့မှာ မရှိပါဘူး …။

သူတို့က မနှစ်သက်ရင် မနှစ်သက်ဘူးဆိုတာကို ပြောပြီး ကြိုက်တဲ့အခါ ကြိုက်ကြောင်း ပြောတတ်ကြပါတယ်။ အားနာတတ်ပေမယ့် အရမ်းကြီး လောကွတ်ချော်တာမျိုးလည်း သူတို့မှာ မတွေ့ရတတ်ပါဘူး …။

(၂) တသီးတသန့်ဆန်တယ်”

မာနကြီးတဲ့ အထင်ခံရတဲ့ ထိပ်ဆုံး အချက်တစ်ခုက တသီးတသန့် နေတတ်တာပဲ ဖြစ်ပါတယ်။ ရင်းနှီးပြီးသား သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေကြပေမယ့်လည်း လူစိမ်းတွေနဲ့ ပတ်သတ်ပြီး ကင်းကင်းနေကြလေ့ ရှိကြပါတယ် …။

အထူးသဖြင့်က လူတိုင်းနဲ့ လွယ်လွယ် မရောတတ်တာမျိုးနဲ့ မရောချင်တာမျိုး ဖြစ်ပါတယ်။ ဒီအတွက် သူတို့က မာနကြီးတယ်လို့ ယူဆခံရ တတ်ပါတယ် …။

(၃) အသန့်ကြိုက်တယ်”

တစ်ချို့မိန်းကလေးတွေကတော့ အနေအထိုင်က သပ်ရပ်သလို အသန့်အပြန့် ကို ကြိုက်ကြပါတယ်။ အဝတ်မှာ စွန်းပေတာမျိုး မဖြစ်အောင် သတိထားသလို ကိုယ့်ပစ္စည်းမှာ ဖုန်တွေ ကပ်နေတာ၊ တစ်ခုခု ညစ်ပေသွားမှာ စသဖြင့် မကြိုက်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ် …။

ဆိုင်တွေမှာ ထိုင်ရင်တောင် စားပွဲကို နောက်တစ်ခေါက် သုတ်ပစ်တာ၊ ဖန်ခွက်ကို ရေကျင်းပြီး တစ်သျှူးနဲ့ ပြန်သုတ်တာ စသဖြင့် လုပ်တတ်ကြပါတယ် …။

ဒီလို အသန့်ကြိုက်တဲ့ ကောင်မလေးတွေကလည်း ကြီးကျယ်တယ် ဆိုတာနဲ့အတူ မာနကြီးတယ်ဆိုပြီး အသတ်မှတ် ခံရတတ်ပါတယ် …။

(၄) တည်တယ်”

ယဉ်ကျေးမှု မရှိတာမျိုးတော့ မဟုတ်ပေမယ့် အနေတည်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့ကို ကြည့်လိုက်ရင် ရုပ်တည်နဲ့ ဖြစ်နေပြီး မျက်နှာက ပေါ့ပါးမှု မရှိသလိုမျိုး ဖြစ်နေတတ်ပါတယ် …။

ဒါကြောင့် လူတွေက ရှိန်ကြသလို တချို့တွေက ဒီလို အနေတည်တာကြောင့် မာနကြီးတယ်လို့ ထင်နေကြတာပါ …။

(၅) အရည်အချင်း ရှိတယ်”

တော်တဲ့ မိန်းကလေးအများစုက မာနကြီးတယ်လို့ ပြောဆိုတာကို ခံကြရပါတယ်။တော်တဲ့ မိန်းကလေးအများစုက အာရုံစူးစိုက်မှုလည်း ကောင်းသလို သူတို့ ကြိုးစားနေတဲ့ အရာတွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာအောင် လုပ်တတ်ကြပါတယ် …။

ဒီအတွက် သူတို့တွေက သူတို့ ကြိုးစားတဲ့ အရာကလွဲရင် ဘေးပတ်ဝန်းကျင်ကို သိပ် အများကြီး အာရုံ မ ရောက်တတ်ကြပါဘူး။ ဒီလိုမျိုး အချက်ကြောင့် မာနကြီးတယ်လို့ အထင်ခံကြရတာပဲ ဖြစ်ပါတယ်နော် …။ ။

ခမ်း