ေအးေအးေဆးေဆးေနတတ္တဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့အေၾကာင္းအရင္း(၅)ခ်က္…

ေအးေအးေဆးေဆးေနတတ္တဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့အေၾကာင္းအရင္း(၅)ခ်က္…

ေလာကမွာ မဟုတ္မခံ ဆတ္ဆတ္ႀကဲတဲ့သူေတြနဲ႔ ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ ေနတဲ့ သူရယ္လို႔ (၂) မ်ိဳး ႐ွိပါတယ္ …။

ဘယ္လိုအေၾကာင္းမ်ိဳးပဲ႐ွိ႐ွိ ေအးေအးေဆးေဆးေနတဲ့ သူေတြကို တစ္ခ်ိဳ႕ကေၾကာက္လို႔၊ မေျပာရဲလို႔ဆိုၿပီး ထင္တတ္ၾကပါတယ္ …။

ဒါေပမယ့္လည္း တကယ္ကမဟုတ္ပါဘူး။ ေအးေအးေဆးေဆးေနတတ္တဲ႔ သူေတြကို ေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းရင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) လြယ္လြယ္အ႐ႈံးမေပးတတ္ဘူး”

ေအးေအးေဆးေဆးေနလို႔ စိတ္ေပ်ာ့ညံ့မယ္လို႔ေတာ့ လုံးဝမထင္လိုက္ပါနဲ႔ေနာ္။ ဘယ္အရာကိုမွ လြယ္လြယ္အ႐ႈံးမေပးတတ္သလို၊ လြယ္လြယ္လည္း လက္မေလွ်ာ့တတ္ၾကပါဘူး …။

တစ္ခုခုကို လုပ္ၿပီဆိုရင္ အဆုံးထိလုပ္ၿပီး လိုခ်င္တဲ့ ရလဒ္မရမခ်င္း ႀကိဳးစားသြားမယ့္ သူေတြ ျဖစ္ပါတယ္ …။

(၂) မလိုပဲ မာန္မေထာင္ခ်င္ဘူး”

ဒီလိုလူေတြဟာ မလိုအပ္ပဲ စကားေတြအမ်ားႀကီးေျပာ၊ မာန္ေတြေထာင္၊ ေဒါသေတြ မထြက္ခ်င္ၾကတဲ့ သူေတြပါ …။

ဒါေပမယ့္ သူတို႔ရဲ႕ စည္းကို ေက်ာ္လာၿပီဆိုရင္ေတာ့ မထင္မွတ္ထားေလာက္တဲ့အထိ ျပင္းျပင္းထန္ထန္ တုန္႔ျပန္တတ္တဲ့ သူေတြျဖစ္ပါတယ္ …။

ေတာ္႐ုံတန္႐ုံဘာမွ ေျပာတတ္၊ ေဒါသထြက္တတ္တဲ့ သူေတြမဟုတ္ေပမယ့္ ေစာ္ကားတာမ်ိဳးကိုေတာ့ လုံးဝ သည္းခံေနမယ့္ သူေတြမဟုတ္ပါဘူးေနာ္ …။

(၃) ခံႏိုင္ရည္စြမ္း အျပည့္႐ွိတယ္”

ဒီလိုလူေတြဟာ သူမ်ားေတြထက္ ခံႏိုင္ရည္ပို႐ွိၾကပါတယ္။ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြမျပည့္အခ်င္း ဘယ္လိုအခက္အခဲမ်ိဳးကိုပဲ ရင္ဆိုင္ရပါေစ၊ အံႀကိတ္ၿပီး သည္းခံႏိုင္တဲ့ သူေတြျဖစ္ပါတယ္ …။

ေတာ္႐ုံအရာေတြေလာက္ကို စာဖြဲ႕မေနပဲ အဆုံးထိ ေလွ်ာက္သြားၾကမယ့္ သူေတြပါ။ အျပင္သ႑ာန္ကေအးေဆးေပမယ့္ အတြင္းထဲမွာ သံေခ်ာင္းလိုမာေၾကာၾကံ့ခိုင္တဲ့ စိတ္ဓာတ္ကို ပိုင္ဆိုင္ထားသူေလးေတြပါ …။

(၄) ခိုင္မာတဲ့ ယုံၾကည္ခ်က္ေတြ႐ွိတယ္”

ဒီလိုလူေတြမွာ ခိုင္မာတဲ့ယုံၾကည္ခ်က္ေတြ၊ ဘဝရည္မွန္းခ်က္ေတြ႐ွိပါတယ္။ ဒီအရာေတြကိုပဲ တစိုက္မတ္မတ္နဲ႔ အာ႐ုံစိုက္တတ္တဲ့ သူမ်ိဳးေတြပါ …။

သူမ်ားကိုယွဥ္ၿပိဳင္ရတာမ်ိဳး ဝါသနာ မပါၾကပါဘူး၊ ကိုယ့္ရဲ႕ ယုံၾကည္မႈအတိုင္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ႀကိဳးစားေနမယ့္ သူေတြ ျဖစ္ၾကပါတယ္ …။

(၅) ကိုယ့္စိတ္ထဲ႐ွိတဲ့အရာေတြကို သူမ်ားသိစရာမလိုဘူးလို႔ ခံယူထားတယ္”

ေအးေအးေဆးေဆးေနတတ္တဲ့ သူေတြဆိုတာ မလိုအပ္ပဲ စကားေတြအမ်ားႀကီး ေျပာတာမ်ိဳး မႀကိဳက္ၾကတဲ့ သူေတြပါ …။

အနာဂတ္အတြက္ ရည္မွန္းခ်က္ေတြ၊ စိတ္ကူးေတြ၊ အစီအစဥ္ေတြ အမ်ားႀကီး႐ွိေနသည့္တိုင္ေအာင္ ထုတ္ေျပာမယ့္သူေတြ မဟုတ္ပါဘူး …။

အေျပာႀကီးၿပီး ဘာမွမျဖစ္တာထက္၊ ဘာမွမေျပာပဲ အႀကီးႀကီးလုပ္ျပခ်င္တဲ့ သူမ်ိဳးေတြပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Unicode Version ဖြင့်ဖတ်ရန်

အေးအေးဆေးဆေးနေတတ်တဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့အကြောင်းအရင်း(၅)ချက်…

လောကမှာ မဟုတ်မခံ ဆတ်ဆတ်ကြဲတဲ့သူတွေနဲ့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေတဲ့ သူရယ်လို့ (၂) မျိုး ရှိပါတယ် …။

ဘယ်လိုအကြောင်းမျိုးပဲရှိရှိ အေးအေးဆေးဆေးနေတဲ့ သူတွေကို တစ်ချို့ကကြောက်လို့၊ မပြောရဲလို့ဆိုပြီး ထင်တတ်ကြပါတယ် …။

ဒါပေမယ့်လည်း တကယ်ကမဟုတ်ပါဘူး။ အေးအေးဆေးဆေးနေတတ်တဲ့ သူတွေကို လျှော့မတွက်သင့်တဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) လွယ်လွယ်အရှုံးမပေးတတ်ဘူး”

အေးအေးဆေးဆေးနေလို့ စိတ်ပျော့ညံ့မယ်လို့တော့ လုံးဝမထင်လိုက်ပါနဲ့နော်။ ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးတတ်သလို၊ လွယ်လွယ်လည်း လက်မလျှော့တတ်ကြပါဘူး …။

တစ်ခုခုကို လုပ်ပြီဆိုရင် အဆုံးထိလုပ်ပြီး လိုချင်တဲ့ ရလဒ်မရမချင်း ကြိုးစားသွားမယ့် သူတွေ ဖြစ်ပါတယ် …။

(၂) မလိုပဲ မာန်မထောင်ချင်ဘူး”

ဒီလိုလူတွေဟာ မလိုအပ်ပဲ စကားတွေအများကြီးပြော၊ မာန်တွေထောင်၊ ဒေါသတွေ မထွက်ချင်ကြတဲ့ သူတွေပါ …။

ဒါပေမယ့် သူတို့ရဲ့ စည်းကို ကျော်လာပြီဆိုရင်တော့ မထင်မှတ်ထားလောက်တဲ့အထိ ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်တဲ့ သူတွေဖြစ်ပါတယ် …။

တော်ရုံတန်ရုံဘာမှ ပြောတတ်၊ ဒေါသထွက်တတ်တဲ့ သူတွေမဟုတ်ပေမယ့် စော်ကားတာမျိုးကိုတော့ လုံးဝ သည်းခံနေမယ့် သူတွေမဟုတ်ပါဘူးနော် …။

(၃) ခံနိုင်ရည်စွမ်း အပြည့်ရှိတယ်”

ဒီလိုလူတွေဟာ သူများတွေထက် ခံနိုင်ရည်ပိုရှိကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေမပြည့်အချင်း ဘယ်လိုအခက်အခဲမျိုးကိုပဲ ရင်ဆိုင်ရပါစေ၊ အံကြိတ်ပြီး သည်းခံနိုင်တဲ့ သူတွေဖြစ်ပါတယ် …။

တော်ရုံအရာတွေလောက်ကို စာဖွဲ့မနေပဲ အဆုံးထိ လျှောက်သွားကြမယ့် သူတွေပါ။ အပြင်သဏ္ဍာန်ကအေးဆေးပေမယ့် အတွင်းထဲမှာ သံချောင်းလိုမာကြောကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူလေးတွေပါ …။

(၄) ခိုင်မာတဲ့ ယုံကြည်ချက်တွေရှိတယ်”

ဒီလိုလူတွေမှာ ခိုင်မာတဲ့ယုံကြည်ချက်တွေ၊ ဘဝရည်မှန်းချက်တွေရှိပါတယ်။ ဒီအရာတွေကိုပဲ တစိုက်မတ်မတ်နဲ့ အာရုံစိုက်တတ်တဲ့ သူမျိုးတွေပါ …။

သူများကိုယှဉ်ပြိုင်ရတာမျိုး ဝါသနာ မပါကြပါဘူး၊ ကိုယ့်ရဲ့ ယုံကြည်မှုအတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေမယ့် သူတွေ ဖြစ်ကြပါတယ် …။

(၅) ကိုယ့်စိတ်ထဲရှိတဲ့အရာတွေကို သူများသိစရာမလိုဘူးလို့ ခံယူထားတယ်”

အေးအေးဆေးဆေးနေတတ်တဲ့ သူတွေဆိုတာ မလိုအပ်ပဲ စကားတွေအများကြီး ပြောတာမျိုး မကြိုက်ကြတဲ့ သူတွေပါ …။

အနာဂတ်အတွက် ရည်မှန်းချက်တွေ၊ စိတ်ကူးတွေ၊ အစီအစဉ်တွေ အများကြီးရှိနေသည့်တိုင်အောင် ထုတ်ပြောမယ့်သူတွေ မဟုတ်ပါဘူး …။

အပြောကြီးပြီး ဘာမှမဖြစ်တာထက်၊ ဘာမှမပြောပဲ အကြီးကြီးလုပ်ပြချင်တဲ့ သူမျိုးတွေပဲ ဖြစ်ပါတယ်နော် …။ ။