မိန္းကေလးတိုင္းအတြက္ အားေဆး တစ္ခြက္…

မိန္းကေလးတိုင္းအတြက္ အားေဆး တစ္ခြက္…

” မိန္းမေကာင္းပန္းပန္ တစ္ပြင့္တန္တဲ့ ” မိန္းမတိုင္းက ပန္းေကာင္းကို တစ္ပြင့္ပဲ ပန္ခ်င္ၾကတာပါ …။

ပတ္ဝန္းက်င္ရဲ႕အၾကည့္ေတြေအာက္မွာ ႐ႈံ႕ခ်မႈေတြေအာက္မွာ တစ္ခုလပ္၊ မုဆိုးမ၊ အိမ္ေထာင္ကြဲရယ္လို႔ ဘယ္မိန္းကေလးကမွ အမည္ေပး ကင္ပြန္းတပ္ခ်င္ပါ့မလဲေနာ္ …။

လူ႕ဘဝဆိုတာ မျဖစ္ခ်င္တာလည္း ျဖစ္ရၿပီး ျဖစ္ခ်င္တဲ့အတိုင္း ျဖစ္မလာတာမ်ားတဲ့အတြက္ေနာက္ဆုံးေတာ့ကံကို ပုံခ်ၾကရတာေလာကဓမၼတာျဖစ္ေနပါၿပီ။

ေလာကမွာေယာက်္ားတိုင္း၊ မိန္းမတိုင္း ေကာင္းေနရင္ တစ္ခုလပ္၊ အိမ္ေထာင္ကြဲရယ္လို႔ ဘယ္႐ွိပါ့မလဲ …၊

အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္အေျခအေနမတိုက္ဆိုင္လို႔ လမ္းခြဲခဲ့ၾကရင္ေတာင္ ပတ္ဝန္းက်င္ဆိုတာ ႀကီးကို ဂ႐ုစိုက္ၿပီး သိမ္ငယ္စြာ ဘဝကိုျဖတ္သန္းေနေနရတဲ့သူေတြ ဘယ္ေလာက္ေတာင္႐ွိေနၾကမလဲ ဆိုတာ စဥ္းစားၾကည့္ပါ …။

တစ္ကယ္ေတာ့ ပန္းပန္ထားတဲ့ ပန္းက ပိုးကိုက္ေနတဲ့ ဒဏ္ရာကို ပန္းပန္ထားတဲ့သူကလြဲရင္ ပတ္ဝန္းက်င္ဆိုတာ တစ္ပြင့္ေျပာင္းသြားတာကိုပဲ အျပစ္ျမင္ေနၾကမွာပါ …။

အတြင္းဒဏ္ရာကို ခံရသူသာသိၿပီး အျပင္က ၾကည့္သူက မွ်ေဝခံစားတတ္မွာ မဟုတ္ပါဘူး …။

ဒါေၾကာင့္ဘယ္သူ႕ကို ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတာထက္ မိမိဘဝမွာ ေလွ်ာက္ရမယ့္ လမ္းခရီးအတြက္ လမ္းျပေကာင္းမဟုတ္ရင္ ပတ္ဝန္းက်င္ဆိုတာ သင္လဲက်တဲ့အခါ ေျခထိုးခံၿပီး ဟားတိုက္ေနမယ့္သူေတြပဲဆိုတာ မေမ့ပါနဲ႔ ..။

 

သင့္ဘဝကို သင္သာအသိဆုံးမို႔ မွားေနတာျပင္ၿပီး လမ္းမွန္ကို တည့္ေနေအာင္ေလွ်ာက္ပါ။ ေဘးကၾကည့္သူေတြက သင္လဲက်တာကို ေစာင့္ၾကည့္႐ုံ သက္သက္ဆိုတာ သိေနဖို႔ လိုအပ္ပါတယ္ …။

လူ႕ဘဝဆိုတာ ေမြးဖြားျခင္းနဲ႔ ေသဆုံးျခင္းၾကားမွာ႐ွိသလို ပက္ဝန္းက်င္ဆိုတာ က ခ်ီးမြမ္းျခင္းနဲ႔ ကဲ့ရဲ႕ျခင္းၾကားမွာ ႐ွိေနပါတယ္ေနာ္ …။ ။

MayHsu (ရာမညေျမ)

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေးတိုင်းအတွက် အားဆေး တစ်ခွက်…

” မိန်းမကောင်းပန်းပန် တစ်ပွင့်တန်တဲ့ ” မိန်းမတိုင်းက ပန်းကောင်းကို တစ်ပွင့်ပဲ ပန်ချင်ကြတာပါ …။

ပတ်ဝန်းကျင်ရဲ့အကြည့်တွေအောက်မှာ ရှုံ့ချမှုတွေအောက်မှာ တစ်ခုလပ်၊ မုဆိုးမ၊ အိမ်ထောင်ကွဲရယ်လို့ ဘယ်မိန်းကလေးကမှ အမည်ပေး ကင်ပွန်းတပ်ချင်ပါ့မလဲနော် …။

လူ့ဘဝဆိုတာ မဖြစ်ချင်တာလည်း ဖြစ်ရပြီး ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာများတဲ့အတွက်နောက်ဆုံးတော့ကံကို ပုံချကြရတာလောကဓမ္မတာဖြစ်နေပါပြီ။

လောကမှာယောက်ျားတိုင်း၊ မိန်းမတိုင်း ကောင်းနေရင် တစ်ခုလပ်၊ အိမ်ထောင်ကွဲရယ်လို့ ဘယ်ရှိပါ့မလဲ …၊

အကြောင်းအမျိုးမျိုး ကြောင့်အခြေအနေမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြရင်တောင် ပတ်ဝန်းကျင်ဆိုတာ ကြီးကို ဂရုစိုက်ပြီး သိမ်ငယ်စွာ ဘဝကိုဖြတ်သန်းနေနေရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေကြမလဲ ဆိုတာ စဉ်းစားကြည့်ပါ …။

တစ်ကယ်တော့ ပန်းပန်ထားတဲ့ ပန်းက ပိုးကိုက်နေတဲ့ ဒဏ်ရာကို ပန်းပန်ထားတဲ့သူကလွဲရင် ပတ်ဝန်းကျင်ဆိုတာ တစ်ပွင့်ပြောင်းသွားတာကိုပဲ အပြစ်မြင်နေကြမှာပါ …။

အတွင်းဒဏ်ရာကို ခံရသူသာသိပြီး အပြင်က ကြည့်သူက မျှဝေခံစားတတ်မှာ မဟုတ်ပါဘူး …။

ဒါကြောင့်ဘယ်သူ့ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာထက် မိမိဘဝမှာ လျှောက်ရမယ့် လမ်းခရီးအတွက် လမ်းပြကောင်းမဟုတ်ရင် ပတ်ဝန်းကျင်ဆိုတာ သင်လဲကျတဲ့အခါ ခြေထိုးခံပြီး ဟားတိုက်နေမယ့်သူတွေပဲဆိုတာ မမေ့ပါနဲ့ ..။

သင့်ဘဝကို သင်သာအသိဆုံးမို့ မှားနေတာပြင်ပြီး လမ်းမှန်ကို တည့်နေအောင်လျှောက်ပါ။ ဘေးကကြည့်သူတွေက သင်လဲကျတာကို စောင့်ကြည့်ရုံ သက်သက်ဆိုတာ သိနေဖို့ လိုအပ်ပါတယ် …။

လူ့ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာရှိသလို ပက်ဝန်းကျင်ဆိုတာ က ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းကြားမှာ ရှိနေပါတယ်နော် …။ ။

MayHsu (ရာမညမြေ)