Credit – marry
Unicode Version ဖြင့်ဖတ်ရန်
ဆံပင်အရှည်နဲ့ကောင်မလေးတွေကို ကောင်လေးတွေ ပိုပြီးမြတ်နိုးရတဲ့အကြောင်းအရင်း…
ချစ်သူရဲ့ ဆံနွယ်အရှည်တွေဟာ ပုရိသတို့အတွက်တော့ စိတ်ကူးယဉ်ပန်းခင်းကြီးလိုပါပဲ …။
ချစ်သူရဲ့ ဆံနွယ်အရှည်တွေဟာ အမျိုးသားတွေအတွက်တော့ လဲလျောင်းချင်စရာ နူးညံ့လွန်းတဲ့ ကတ္တီပါကောဇောတစ်ခုပါ …။
ကိုယ့်ချစ်သူရဲ့ဆံနွယ်ရှည်တွေကို ချစ်သူကောင်လေးတွေဟာ ကာယကံရှင် တွေထက်တောင် ပိုပြီးသည်းသည်းလှုပ်တတ် ကြပါသေးတယ် …။
ဆံပင်ဆိုတာ အမျိုးသမီးတွေရဲ့ ဒုတိယမျက်နှာပြင်ပါ လှပလွန်း တဲ့ ကေသာတွေဟာ အမျိုးသားတွေရဲ့အချစ်ကို ဆွဲဆောင်ဖို့ 80% လုံလောက်ပါတယ်နော် …။
ကိုယ့်ချစ်သူက ကိုယ့်ထက်ကိုယ့်ရဲ့ဆံပင်ကိုပိုပြီး ချစ်နေတယ် ဆိုရင် ပျိုမေတို့အနေနဲ့ စိတ်မဆိုးပါနဲ့။ ဒါဟာ ပျိုမေတို့ကိုချစ်လို့ ပျိုမေတို့နဲ့သက်ဆိုင်တဲ့ အစိတ်အပိုင်းလေးတွေအကုန်လုံးကို ချစ်တဲ့သဘော ဖြစ်ပါတယ် …။
ချစ်စရာကောင်းတဲ့ ကိုယ့်ချစ်သူရဲ့ ချစ်စရာ အကောင်းဆုံး အစိတ်အပိုင်းလေးကို ကောင်လေးတို့အနေနဲ့ တန်ဖိုး ထားမြတ်နိုးတယ်ဆိုတာ သဘာဝပါပဲ …။
ကိုယ့်ချစ်သူလေးကို တန်ဖိုးထားတဲ့ အပြင် သူ့ရဲ့ဆံနွယ်တွေကိုပါ ဂရုစိုက်ဖို့ဆိုတာ တော်ရုံမြတ်နိုးမှုနဲ့ မရပါဘူး။ ဒါကြောင့် ဆံပင်တွေကိုတန်ဖိုးထား တဲ့ ကောင်းလေးတွေကို ပိုချစ်ပေးပါ …။
အမျိုးသားအများစု ဟာ အမျိုးသမီးတွေရဲ့ ဆံနွယ်တွေကို အဓိကထားပြီး လေ့လာတတ်ကြပါတယ် …။
ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတွေကို ပိုပြီးချစ်ခင်စုံမက်တတ်ကြပြီး သူမတို့ရဲ့ဆံနွယ်ကိုလည်း ဂရုတစိုက်ရှိတတ်ကြပါတယ် …။
ချစ်သူကောင်လေးတွေရဲ့ ကတ္တီပါကော်ဇောလည်းဖြစ် စိတ်ကူးယဉ်ပန်းခင်းကြီး လည်းဖြစ်တဲ့ ပျိုပျိုမေတို့ရဲ့ ဆံနွယ်ရှည်လေးတွေကို ဂရုတစိုက်ထားဖို့ အကြံပေးလိုက်တယ်ပါတယ်နော် …။ ။
Credit – marry