အခ်ိန္လဲမေပးႏိုင္ အဖုပိမ့္ေတြထြက္လာလို႔ စိတ္ညစ္ေနသူအေတြအတြက္…

အခ်ိန္လဲမေပးႏိုင္ အဖုပိမ့္ေတြထြက္လာလို႔ စိတ္ညစ္ေနသူအေတြအတြက္…

အေရးေပၚ ေပါင္းတင္နည္းအေၾကာင္း ေဝမွ်ေပးပါမယ္႐ွင့္ …။

အလွျပင္ဖို႔အခ်ိန္သီးသန္႔လည္းမေပးျဖစ္ အပ်င္းကလည္း ထူ အစပ္လည္းေလွ်ာ႔ မစားႏိုင္ ဒါေပမယ္႔ အခ်ိန္တန္ မွန္ၾကည့္တဲ့အခါ

မ်က္ႏွာေပၚက အေရးေၾကာင္း အမဲစက္ အဖုပိမ့္ေတြ ထြက္လာရင္ စိတ္အရမ္းညစ္တတ္တဲ့ ကိုယ့္လို လူမ်ိဳးေတြအတြက္ ရည္႐ြယ္ပါတယ္ေနာ္ …။

ခရမ္းခ်ဥ္ – ဝက္ျခံေလ်ာ့ပါးေစတယ္ …။

အာလူး – အဖုပိမ့္ ခ်ိဳင့္ခြက္ ေနရာေတြ အသားျပန္ျပည့္တယ္ …။

႐ွားေစာင္းလက္ပတ္ – အသားေခ်ာေမြ႕ေစတယ္ …။

ဆန္ေဆးရည္ – အေရးေၾကာင္း ေလ်ာ့နည္းေစတယ္ …။

သံပုရာ – အဆီျပန္တာကို သက္သာေစတယ္ …။ (ဆိုးက်ိဳးကေတာ႔ အသားပါးလာေစတတ္တယ္)(ဝက္ျခံေပါက္ေနသူမ်ား မျပဳလုပ္သင့္ အရမ္းစပ္ေစလို႔ပါ )

ေအာင္မဲညိဳအရည္ – အသားေအးေစတယ္ …။

သခြားသီး – အသားေရၾကည္လင္ေစတယ္ …။

မန္က်ီးသီးအရည္ – အမဲစက္ ေလ်ာ့ပါးေစတယ္ …။

ၾကက္ဥ/ဘဲဥအကာအရည္ – ဆဲလ္ေသေတြကြာ အသားေရေခ်ာေမြ႕ေစတယ္ …။

တကယ္ဆို ဆႏြင္းလည္း ပါ ပါေသးတယ္ ဒါေပမယ္႔ ခုေခတ္ ဆႏြင္းစစ္စစ္ဆိုတာ ႐ွာဝယ္ရခက္လို႔ ေတြ႕ကရာ ဆႏြင္းေရေဖ်ာ္လူးမိၿပီး မ်က္ႏွာမိႈစြဲ ခ႐ုသင္းျဖစ္ တာတို႔လည္း ၾကားသိဖူးေတာ့ ဆႏြင္းအေၾကာင္း ခ်န္ထားပါရေစေနာ္ …။

အေရးေပၚ ေပါင္းတင္နည္း

ပထမဆုံး အာလူး ကို ပါးပါးလွီးၿပီး အာလူးနဲ႔မ်က္ႏွာကိုပြတ္ပါ။ ၃ မိနစ္ခန္႔ ထားၿပီးရင္ ေရေဆးခ်လိုက္ပါ …။

ဒု – သျခားသီး

တ – ခရမ္းခ်ဥ္

စတု – ႐ွာေစာင္းလက္ပတ္

ေနာက္ဆုံးမွ ၾကက္ဥအကာရည္ေလးပြတ္ၿပီး ၅ မိနစ္ခန္႔ထားထားၿပီး ေရေဆးခ် မ်က္ႏွာသစ္ေပးလိုက္ပါ …။

ဓာတ္စုံေနေအာင္အာနိသင္ရထားတဲ့ မ်က္ႏွာျဖဴျဖဴေဖြးေဖြးေလးရပါလိမ့္မယ္ တစ္ခါလုပ္ရင္ အာနိသင္စုံေအာင္ ေလးခု ငါးခုေလာက္ လုပ္ေပးရင္ရပါၿပီ …။

ခဏခဏမလုပ္ရပါ တစ္ခါလုပ္ရင္ ၂ ပတ္ေလာက္ထိ မွန္ၾကည့္တိုင္း စိတ္ခ်မ္းသာေစပါလိမ္႔မယ္ …။

သဘာဝပစၥည္းေတြနဲ႔မို႔ေငြကုန္ေၾကးက်သက္သာေစတယ္ ၿပီးေတာ့ ေရမ်ားမ်ားေသာက္ဖို႔ ညအိပ္ခ်ိန္မွန္ဖို႔လည္း လိုအပ္ပါတယ္။ ေနာက္လည္း ဗဟုသုတေလးေတြေဝမွ်ေပးသြားမွာ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

အချိန်လဲမပေးနိုင် အဖုပိမ့်တွေထွက်လာလို့ စိတ်ညစ်နေသူအတွေအတွက်…

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးပါမယ်ရှင့် …။

အလှပြင်ဖို့အချိန်သီးသန့်လည်းမပေးဖြစ် အပျင်းကလည်း ထူ အစပ်လည်းလျှော့ မစားနိုင် ဒါပေမယ့် အချိန်တန် မှန်ကြည့်တဲ့အခါ

မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လို လူမျိုးတွေအတွက် ရည်ရွယ်ပါတယ်နော် …။

ခရမ်းချဉ် – ဝက်ခြံလျော့ပါးစေတယ် …။

အာလူး – အဖုပိမ့် ချိုင့်ခွက် နေရာတွေ အသားပြန်ပြည့်တယ် …။

ရှားစောင်းလက်ပတ် – အသားချောမွေ့စေတယ် …။

ဆန်ဆေးရည် – အရေးကြောင်း လျော့နည်းစေတယ် …။

သံပုရာ – အဆီပြန်တာကို သက်သာစေတယ် …။ (ဆိုးကျိုးကတော့ အသားပါးလာစေတတ်တယ်)(ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )

အောင်မဲညိုအရည် – အသားအေးစေတယ် …။

သခွားသီး – အသားရေကြည်လင်စေတယ် …။

မန်ကျီးသီးအရည် – အမဲစက် လျော့ပါးစေတယ် …။

ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့စေတယ် …။

တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထားပါရစေနော် …။

အရေးပေါ် ပေါင်းတင်နည်း

ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့မျက်နှာကိုပွတ်ပါ။ ၃ မိနစ်ခန့် ထားပြီးရင် ရေဆေးချလိုက်ပါ …။

ဒု – သခြားသီး

တ – ခရမ်းချဉ်

စတု – ရှာစောင်းလက်ပတ်

နောက်ဆုံးမှ ကြက်ဥအကာရည်လေးပွတ်ပြီး ၅ မိနစ်ခန့်ထားထားပြီး ရေဆေးချ မျက်နှာသစ်ပေးလိုက်ပါ …။

ဓာတ်စုံနေအောင်အာနိသင်ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ …။

ခဏခဏမလုပ်ရပါ တစ်ခါလုပ်ရင် ၂ ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေပါလိမ့်မယ် …။

သဘာဝပစ္စည်းတွေနဲ့မို့ငွေကုန်ကြေးကျသက်သာစေတယ် ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ်။ နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာ ဖြစ်ပါတယ်နော် …။ ။

Credit