ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ေနာက္ျပန္မလွည့္ပဲ ျပတ္သားထက္ျမက္တဲ့မိန္းကေလးဆိုတာ…

ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ေနာက္ျပန္မလွည့္ပဲ ျပတ္သားထက္ျမက္တဲ့မိန္းကေလးဆိုတာ…

မိန္းကေလးေတြဟာ စိတ္ေပ်ာ့တယ္၊ ဆုံးျဖတ္ခ်က္ မ ျပတ္သားဘူးလို႔ အမ်ားကသိထားၾကေပမယ့္ တစ္ခ်ိဳ႕မိန္းကေလးေတြက်ေတာ့ အဲလို မဟုတ္ပါဘူး …။

စဥ္းစားေတြးေခၚႏိုင္စြမ္း ျမင့္မားၿပီး ေခါင္းလည္းမာသလို၊ စိတ္အင္အားႀကီးတဲ့ မိန္းကေလးေတြလည္း ႐ွိေနျပန္ပါတယ္ …။

ဒီလိုမိန္းကေလးေတြဟာ ဆုံးျဖတ္ခ်က္တစ္ခုကို လြယ္လြယ္နဲ႔ မခ်တတ္သလို၊ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ ေနာက္ျပန္လွည့္ေတာ့မွာ မ ဟုတ္ပါဘူး …။

ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ ဘယ္ေတာ့မွ ျပန္ျပင္မွာမဟုတ္တဲ့ ျပတ္သားထက္ျမက္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ေခါင္းမာတယ္”

ဒီလိုမိန္းကေလးေတြဟာ ေခါင္းအရမ္းမာပါတယ္။ သူတို႔လုပ္ခ်င္တဲ့အရာကို တားလို႔မရသလို၊ မလုပ္ခ်င္ဘူးဆိုရင္လည္း အတင္းလုပ္ခိုင္းလို႔ မရပါဘူး …။

သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္၊ အေတြးအေခၚေတြ အတိုင္းပဲ ဘဝကို ျဖတ္သန္းၾကမယ့္ သူေတြပါ …။

(၂) အမွားကို ရင္ဆိုင္ရဲတယ္”

ဒီလိုမိန္းကေလးေတြဟာ မွားမိမွာကို လုံးဝမေၾကာက္ၾကပါဘူး။ သူတို႔ဆုံးျဖတ္လိုက္တဲ့အရာေၾကာင့္ ျပသနာျဖစ္လာခဲ့ရင္ေတာင္ ရင္ဆိုင္ရဲတဲ့သတၱိအျပည့္႐ွိပါတယ္။

ကိုယ့္ေၾကာင့္ျဖစ္သြားတဲ့အမွားတစ္ခုကို ဘယ္ေတာ့မွ ေ႐ွာင္ေျပးမယ့္သူမဟုတ္သလို၊ အဲဒီ့အမွားေတြအတြက္လည္း တာဝန္ယူစိတ္အျပည့္႐ွိတဲ့သူေတြျဖစ္ပါတယ္။

(၃) သစၥာ႐ွိတယ္”

အခ်စ္ေရးမွာဆိုရင္လည္း ဒီလိုမိန္းကေလးေတြဟာ အရမ္းကိုသစၥာ႐ွိၾကပါတယ္။ ခ်စ္သူအတြက္ အရာအားလုံးကို ေပးဆပ္ရဲတဲ့ သူေတြပါ …။

တစ္ေယာက္ဆိုတစ္ေယာက္ ခ်စ္တဲ့သူေတြျဖစ္ၿပီး ရည္းစားေတြ အမ်ားႀကီးထားမယ့္သူ မဟုတ္ပါဘူး။ ခ်စ္ခဲၿပီး အခ်စ္ၿမဲတဲ့သူေတြ ျဖစ္ပါတယ္ …။

(၄) ႀကိဳးစားတယ္”

ဒီလိုမိန္းကေလးေတြဟာ ဘဝအတြက္ အေကာင္းမြန္ဆုံးေသာ စိတ္ကူးအိပ္မက္ေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ သူမ်ားဆီက အကူအညီကို ေသေရး႐ွင္ေရးကလြဲရင္ မယူခ်င္တဲ့သူေတြပါ …။

ဘဝအတြက္ ကိုယ္တိုင္ႀကိဳးစားၿပီး ကိုယ္တိုင္တိုက္ပြဲဝင္ခ်င္တဲ့ ရဲရင့္ထက္ျမက္တဲ့ သူေလးေတြျဖစ္ပါတယ္ …။

(၅) ေစာ္ကားတာကို ခြင့္မလႊတ္ဘူး”

ဒီလိုမိန္းကေလးေတြဟာ သူတို႔ရဲ႕မာနနဲ႔ သိကၡာကို အရမ္းတန္ဖိုးထားတဲ့ သူေတြပါ။ သူတို႔ရဲ႕မာကို ထိခိုက္လာခဲ့ရင္ ဘယ္သူ႕ကိုမွ ခြင့္လႊတ္မွာ မဟုတ္ပါဘူး။ သူတို႔ကို ေက်ာတာလိုမ်ိဳး၊ ႏွိမ္တာလိုမ်ိဳး၊ ခြဲျခားတာမ်ိဳးေတြ လုပ္ခဲ့ရင္ ျပင္းျပင္းထန္ထန္ တုန္႔ျပန္မယ့္ သူေတြျဖစ္ပါတယ္ …။

ခ်စ္သူျဖစ္ေနရင္ေတာင္ သူတို႔ကို ေကာင္းေကာင္းဂ႐ုမစိုက္တာေတြ၊ မေလးမစားေတြ လုပ္လာခဲ့ရင္ ျဖတ္ပစ္ဖို႔ ဝန္မေလးတတ္ၾကပါဘူးေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ဆုံးဖြတ်ချက်ချပြီးရင်နောက်ပြန်မလှည့်ပဲ ပြတ်သားထက်မြက်တဲ့မိန်းကလေးဆိုတာ…

မိန်းကလေးတွေဟာ စိတ်ပျော့တယ်၊ ဆုံးဖြတ်ချက် မ ပြတ်သားဘူးလို့ အများကသိထားကြပေမယ့် တစ်ချို့မိန်းကလေးတွေကျတော့ အဲလို မဟုတ်ပါဘူး …။

စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားပြီး ခေါင်းလည်းမာသလို၊ စိတ်အင်အားကြီးတဲ့ မိန်းကလေးတွေလည်း ရှိနေပြန်ပါတယ် …။

ဒီလိုမိန်းကလေးတွေဟာ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်နဲ့ မချတတ်သလို၊ ဆုံးဖြတ်ချက်ချပြီးရင် နောက်ပြန်လှည့်တော့မှာ မ ဟုတ်ပါဘူး …။

ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တော့မှ ပြန်ပြင်မှာမဟုတ်တဲ့ ပြတ်သားထက်မြက်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ ကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ခေါင်းမာတယ်”

ဒီလိုမိန်းကလေးတွေဟာ ခေါင်းအရမ်းမာပါတယ်။ သူတို့လုပ်ချင်တဲ့အရာကို တားလို့မရသလို၊ မလုပ်ချင်ဘူးဆိုရင်လည်း အတင်းလုပ်ခိုင်းလို့ မရပါဘူး …။

သူတို့ရဲ့ ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေ အတိုင်းပဲ ဘဝကို ဖြတ်သန်းကြမယ့် သူတွေပါ …။

(၂) အမှားကို ရင်ဆိုင်ရဲတယ်”

ဒီလိုမိန်းကလေးတွေဟာ မှားမိမှာကို လုံးဝမကြောက်ကြပါဘူး။ သူတို့ဆုံးဖြတ်လိုက်တဲ့အရာကြောင့် ပြသနာဖြစ်လာခဲ့ရင်တောင် ရင်ဆိုင်ရဲတဲ့သတ္တိအပြည့်ရှိပါတယ်။

ကိုယ့်ကြောင့်ဖြစ်သွားတဲ့အမှားတစ်ခုကို ဘယ်တော့မှ ရှောင်ပြေးမယ့်သူမဟုတ်သလို၊ အဲဒီ့အမှားတွေအတွက်လည်း တာဝန်ယူစိတ်အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။

(၃) သစ္စာရှိတယ်”

အချစ်ရေးမှာဆိုရင်လည်း ဒီလိုမိန်းကလေးတွေဟာ အရမ်းကိုသစ္စာရှိကြပါတယ်။ ချစ်သူအတွက် အရာအားလုံးကို ပေးဆပ်ရဲတဲ့ သူတွေပါ …။

တစ်ယောက်ဆိုတစ်ယောက် ချစ်တဲ့သူတွေဖြစ်ပြီး ရည်းစားတွေ အများကြီးထားမယ့်သူ မဟုတ်ပါဘူး။ ချစ်ခဲပြီး အချစ်မြဲတဲ့သူတွေ ဖြစ်ပါတယ် …။

(၄) ကြိုးစားတယ်”

ဒီလိုမိန်းကလေးတွေဟာ ဘဝအတွက် အကောင်းမွန်ဆုံးသော စိတ်ကူးအိပ်မက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူများဆီက အကူအညီကို သေရေးရှင်ရေးကလွဲရင် မယူချင်တဲ့သူတွေပါ …။

ဘဝအတွက် ကိုယ်တိုင်ကြိုးစားပြီး ကိုယ်တိုင်တိုက်ပွဲဝင်ချင်တဲ့ ရဲရင့်ထက်မြက်တဲ့ သူလေးတွေဖြစ်ပါတယ် …။

(၅) စော်ကားတာကို ခွင့်မလွှတ်ဘူး”

ဒီလိုမိန်းကလေးတွေဟာ သူတို့ရဲ့မာနနဲ့ သိက္ခာကို အရမ်းတန်ဖိုးထားတဲ့ သူတွေပါ။ သူတို့ရဲ့မာကို ထိခိုက်လာခဲ့ရင် ဘယ်သူ့ကိုမှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ သူတို့ကို ကျောတာလိုမျိုး၊ နှိမ်တာလိုမျိုး၊ ခွဲခြားတာမျိုးတွေ လုပ်ခဲ့ရင် ပြင်းပြင်းထန်ထန် တုန့်ပြန်မယ့် သူတွေဖြစ်ပါတယ် …။

ချစ်သူဖြစ်နေရင်တောင် သူတို့ကို ကောင်းကောင်းဂရုမစိုက်တာတွေ၊ မလေးမစားတွေ လုပ်လာခဲ့ရင် ဖြတ်ပစ်ဖို့ ဝန်မလေးတတ်ကြပါဘူးနော် …။ ။

Credit