တစ်ပတ်ခန့်ကြာတဲ့ အထိ သင့်ဆံနွယ်တွေက စီးကပ်မှုမရှိပဲ သန့်ရှင်းလှပနေမှာပဲ ဖြစ်ပါတယ် …။
Credit
Unicode Version ဖြင့်ဖတ်ရန်
မသိသူကျော်သွား သိသူဖော်စား အလှအပ နည်းလမ်းများ…
လူအများစု မသိရှိကြသေးပေမယ့် အမှန်တကယ်အသုံးဝင်လှတဲ့ အလှအပရေးရာ အတိုအထွာလေးတွေကို ဖော်ပြပေးသွားပါမယ်နော် …။
ဦးရေပြားအဆီထွက်သူများအတွက်”
ခေါင်းလျှော်ထားတာ နှစ်ရက်လားရှိသေးတယ်၊ ဆံပင်တွေစီးကပ်လာပြန်လို့ စိတ်ညစ်နေရပြီလား …၊
ဆံပင်အဆီထွက်တာတွေ ဦးရေပြားအဆီအလွန်အကျွံထွက်ခြင်းကို ရှောင်ရှားဖို့ အိမ်သုံးဆား ဒါမှမဟုတ် ပင်လယ်ဆား နှစ်ဇွန်းသုံးဇွန်းလောက်ကို သင်သုံးမယ့် ခေါင်းလျှော်ရည်ထဲကို ထည့်ပြီး လျှော်ပေးပါ …။
တစ်ပတ်ခန့််ကြာတဲ့ အထိ သင့်ဆံနွယ်တွေက စီးကပ်မှုမရှိပဲ သန့်ရှင်းလှပနေမှာပဲ ဖြစ်ပါတယ် …။
မျက်လုံးအားကောင်းစေဖို့”
မျက်လုံးနဲ့အာရုံစိုက်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် မျက်လုံးအားကောင်းစေဖို့နဲ့ မျက်ကွင်းညိုတာတွေ သက်သာစေဖို့ အတွက် နည်းလမ်းလေးပါ …။
သင်ကကော်ဖီကြိုက်သူတစ်ယောက်ဆိုရင် ကော်ဖီအနှစ်တွေကို လွှင့်မပစ်ပါနဲ့။ ကော်ဖီအနှစ်တွေထဲကို အုန်းဆီအနည်းငယ်လောက်ရောပြီး မျက်လုံးအောက်မှာ ၁၅မိနစ်မှ နာရီဝက်ခန့် ထားထားပေးပါ …။
နေ့စဉ်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် မျက်လုံးအားကောင်းစေတဲ့အပြင် Dark circles တွေကိုပါ တာ့တာ ပြလို့ရပါပြီ …။
အကြောပြတ်တာတွေပျောက်ဖို့”
ကြီးငယ်မဟူ မိန်းကလေးအများစုကြီးကို ဒုက္ခပေးနေတာကတော့ အကြော ပြတ်ရာတွေပါပဲ။ အတိုဝတ်ချင်လည်းမဝတ်ရနဲ့ အတော်လေး စိတ်ဒုက္ခရောက်ရကြပါတယ် …။
ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ ဂျင်းပြားလေးတွေရယ် mask လုပ်ရာမှာ သုံးတဲ့ ရွံ့အနည်းငယ်ရယ် (cosmetic clay လို့မေးပြီး supermarket မှာ ဝယ်လို့ရပါတယ်) ကို ရေကြက်သီးနွေးလေးနဲ့ ရောပြီး အကြောပြတ်တဲ့ နေရာလေးတွေကို သေချာ လိမ်းပေးပါ …။
ခြေတွေလက်တွေ ချောမွေ့စေရေး”
သကြားအဖြူကို သံပုရာရည်ရယ် ရေအနည်းငယ်ရယ်နဲ့ ရောပြီးအပူပေးပါ။ ရွှေရောင်ပြောင်းသွားတဲ့အထိ အပူပေးပြီးမှ အအေးခံပြီးလိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး ရေစင်စင်နဲ့ ဆေးချပေးလိုက်ပါ …။
မျက်နှာလေးတစ်နေကုန်အေးပြီးလှပနေဖို့
မိတ်ကပ်တွေ မလိမ်းခင် လျှားစောင်းလက်ပတ်အနှစ်ကို ရေအေးလေးနဲ့ရောပြီး မျက်နှာကို ဖျန်းပေးပါ။ မျက်နှာအသားအရေက အကုန်အစင်စုပ်ယူပြီး သွေ့ခြောက်သွားတဲ့အထိစောင့်ပြီးမှ ကျန်တာတွေ ဆက်လူးပေးပါ …။
ဆံနွယ်တွေတစ်နေကုန် မွှေးပျံ့နေစေဖို့”
ကိုယ်ခေါင်းဖြီးမယ့် ဘီးထဲကို ရေမွှေးအနည်းငယ် ဆွတ်ဖျန်းပြီးမှ ခေါင်းဖြီးပေးပါ …။
ရင်သားတွေ တင်းရင်းပုံကျအောင်”
ညအိပ်ရာမဝင်ခင် Vaseline အဆီလေးလူးပြီး နှိပ်နယ်ပေးပါ။ ကလေးနို့တိုက်နေရသေးတဲ့ မိခင်တွေလုပ်ဖို့ မသင့်ပါဘူးနော် …။ ။
Credit