မိန္းကေလးတိုင္းလိုခ်င္တဲ့ ခ်စ္သူမ်ိဳးကို သင္ပိုင္ဆိုင္ထားမွန္းသိႏိုင္မယ့္အခ်က္(၅)ခ်က္…

မိန္းကေလးတိုင္းလိုခ်င္တဲ့ ခ်စ္သူမ်ိဳးကို သင္ပိုင္ဆိုင္ထားမွန္းသိႏိုင္မယ့္အခ်က္(၅)ခ်က္…

မိန္းကေလးတြမွာ လိုခ်င္တဲ့ ခ်စ္သူပုံစံေလးေတြ အမ်ားႀကီး ႐ွိတဲ့အထဲကမွ ကိုယ့္ကို တကယ္ခ်စ္တဲ့သူကိုေတာ႔ အားလုံးလိုခ်င္ၾကပါတယ္ …။

မိန္းကေလးေတြတိုင္းလိုခ်င္တဲ့ ခ်စ္သူမ်ိဳးကို သင္ ပိုင္ဆိုင္ထားသလားဆိုတာ သိခ်င္ရင္ ဒီအခ်က္ေလးေတြနဲ႔ တိုက္ၾကည့္လိုက္ပါေနာ္ …။

(၁) ထပ္တူခံစားေပးတယ္”

သင့္ခ်စ္သူဟာ သင္နဲ႔ထပ္တူထပ္မွ် ခံစားေပးႏိုင္တဲ့သူပါ။ သင္ဝမ္းနည္းတဲ့အခါပဲျဖစ္ျဖစ္၊ ေပ်ာ္႐ႊင္တဲ့အခါပဲ ျဖစ္ျဖစ္ အၿမဲလိုလို သင္နဲ႔ထပ္တူ ခံစားေပးတတ္တဲ့ သူမ်ိဳးပါ …။

သင့္ရဲ႕ခံစားခ်က္တိုင္းကို သင္နဲ႔ထပ္တူ ခံစားေပးတတ္တဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္ …။

(၂) လိုအပ္ခ်ိန္တိုင္း ႐ွိေနေပးတယ္”

သင့္ခ်စ္သူဟာ သင့္ကို အခ်ိန္ျပည့္မေပးႏိုင္ဘူးဆိုရင္ေတာင္ သင္တကယ္လိုအပ္တဲ့ အခ်ိန္တိုင္းမွာ သင့္အနားမွာ ႐ွိေနေပးမယ့္သူ ျဖစ္ပါတယ္ …။

သင့္ရဲ႕ စိတ္ထဲမွာ သူ႕ကိုလိုအပ္ေနၿပီ၊ သူ႕ကို အနားမွာ ႐ွိေစခ်င္ၿပီဆိုရင္ မျဖစ္ျဖစ္ေအာင္ ႐ွိေနေပးမယ့္သူလည္း ျဖစ္ပါတယ္ …။

(၃) ဦးစားေပးခံရတယ္”

သင့္ခ်စ္သူဟာ သင့္ကို ဦးစားေပးတတ္တဲ့ သူတစ္ေယာက္ပါ။ သင့္ကိုအၿမဲတမ္း ဂ႐ုစိုက္ႏိုင္မွာ မဟုတ္သည့္တိုင္ေအာင္ သင့္ကို ပစ္မထားတာေတာ့ ေသခ်ာပါတယ္ …။

သင္တကယ္ လိုအပ္ေနတဲ့အခ်ိန္၊ သင္ဝမ္းနည္းေနတဲ့ အခ်ိန္ေတြမွာေတာ့ မရရေအာင္ သင့္အနားမွာ ႐ွိဖို႔ ႀကိဳးစားေပးမယ့္သူ ျဖစ္ပါတယ္ …။

(၄) ကိုယ့္ကို အၿမဲေပ်ာ္ေအာင္လုပ္ေပးတယ္”

သင့္ခ်စ္သူဟာ သင္စိတ္ဆင္းရဲမွာကို မျမင္ခ်င္တဲ့သူပါ။ သင့္ကိုအၿမဲေပ်ာ္ေအာင္ လုပ္ေပးခ်င္တဲ့သူတစ္ေယာက္ျဖစ္ၿပီး သင္ေပ်ာ္႐ႊင္ဖို႔ အၿမဲတမ္း ႀကိဳးစားေပးမယ့္ သူျဖစ္ပါတယ္ …။

သင့္ကို အၿမဲတမ္း ေပ်ာ္႐ႊင္ေစခ်င္တဲ့သူတစ္ေယာက္ျဖစ္ၿပီး သင္ေပ်ာ္႐ႊင္ဖို႔အတြက္ အၿမဲတမ္း ႀကိဳးစားေပးမယ့္သူ ျဖစ္ပါတယ္။ သူ႕ေၾကာင့္တင္မက ဘယ္သူ႕ေၾကာင့္မွ သင့္ကိုဝမ္းမနည္းေစခ်င္တဲ့ သူမ်ိဳးပါ …။

(၅) ကိုယ့္စိတ္ကိုသိေနတယ္”

သင့္ခ်စ္သူဟာ သင့္စိတ္ကို ေကာင္းေကာင္းနားလည္တဲ့ သူတစ္ေယာက္ပါ …။

သင္လုပ္သမွ်တိုင္းဟာ သူ႕အႀကိဳက္နဲ႔ ထပ္တူက်သလို၊ မတိုင္ပင္ျဖစ္ရင္ေတာင္မွ ဘယ္အရာက သင့္အႀကိဳက္၊ ဘယ္အရာက သင့္စိတ္တိုင္းက် ျဖစ္မလဲဆိုတာ ေကာင္းေကာင္းနားလည္တဲ့ သူတစ္ေယာက္ပါ …။

သင္နဲ႔ အၿမဲတမ္း ခံစားခ်က္ခ်င္း ထပ္တူက်ေနတတ္ၿပီး အရာရာတိုင္းကို ရင္ဖြင့္တိုင္ပင္ႏိုင္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေးတိုင်းလိုချင်တဲ့ ချစ်သူမျိုးကို သင်ပိုင်ဆိုင်ထားမှန်းသိနိုင်မယ့်အချက်(၅)ချက်…

မိန်းကလေးတွမှာ လိုချင်တဲ့ ချစ်သူပုံစံလေးတွေ အများကြီး ရှိတဲ့အထဲကမှ ကိုယ့်ကို တကယ်ချစ်တဲ့သူကိုတော့ အားလုံးလိုချင်ကြပါတယ် …။

မိန်းကလေးတွေတိုင်းလိုချင်တဲ့ ချစ်သူမျိုးကို သင် ပိုင်ဆိုင်ထားသလားဆိုတာ သိချင်ရင် ဒီအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ပါနော် …။

(၁) ထပ်တူခံစားပေးတယ်”

သင့်ချစ်သူဟာ သင်နဲ့ထပ်တူထပ်မျှ ခံစားပေးနိုင်တဲ့သူပါ။ သင်ဝမ်းနည်းတဲ့အခါပဲဖြစ်ဖြစ်၊ ပျော်ရွှင်တဲ့အခါပဲ ဖြစ်ဖြစ် အမြဲလိုလို သင်နဲ့ထပ်တူ ခံစားပေးတတ်တဲ့ သူမျိုးပါ …။

သင့်ရဲ့ခံစားချက်တိုင်းကို သင်နဲ့ထပ်တူ ခံစားပေးတတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ် …။

(၂) လိုအပ်ချိန်တိုင်း ရှိနေပေးတယ်”

သင့်ချစ်သူဟာ သင့်ကို အချိန်ပြည့်မပေးနိုင်ဘူးဆိုရင်တောင် သင်တကယ်လိုအပ်တဲ့ အချိန်တိုင်းမှာ သင့်အနားမှာ ရှိနေပေးမယ့်သူ ဖြစ်ပါတယ် …။

သင့်ရဲ့ စိတ်ထဲမှာ သူ့ကိုလိုအပ်နေပြီ၊ သူ့ကို အနားမှာ ရှိစေချင်ပြီဆိုရင် မဖြစ်ဖြစ်အောင် ရှိနေပေးမယ့်သူလည်း ဖြစ်ပါတယ် …။

(၃) ဦးစားပေးခံရတယ်”

သင့်ချစ်သူဟာ သင့်ကို ဦးစားပေးတတ်တဲ့ သူတစ်ယောက်ပါ။ သင့်ကိုအမြဲတမ်း ဂရုစိုက်နိုင်မှာ မဟုတ်သည့်တိုင်အောင် သင့်ကို ပစ်မထားတာတော့ သေချာပါတယ် …။

သင်တကယ် လိုအပ်နေတဲ့အချိန်၊ သင်ဝမ်းနည်းနေတဲ့ အချိန်တွေမှာတော့ မရရအောင် သင့်အနားမှာ ရှိဖို့ ကြိုးစားပေးမယ့်သူ ဖြစ်ပါတယ် …။

(၄) ကိုယ့်ကို အမြဲပျော်အောင်လုပ်ပေးတယ်”

သင့်ချစ်သူဟာ သင်စိတ်ဆင်းရဲမှာကို မမြင်ချင်တဲ့သူပါ။ သင့်ကိုအမြဲပျော်အောင် လုပ်ပေးချင်တဲ့သူတစ်ယောက်ဖြစ်ပြီး သင်ပျော်ရွှင်ဖို့ အမြဲတမ်း ကြိုးစားပေးမယ့် သူဖြစ်ပါတယ် …။

သင့်ကို အမြဲတမ်း ပျော်ရွှင်စေချင်တဲ့သူတစ်ယောက်ဖြစ်ပြီး သင်ပျော်ရွှင်ဖို့အတွက် အမြဲတမ်း ကြိုးစားပေးမယ့်သူ ဖြစ်ပါတယ်။ သူ့ကြောင့်တင်မက ဘယ်သူ့ကြောင့်မှ သင့်ကိုဝမ်းမနည်းစေချင်တဲ့ သူမျိုးပါ …။

(၅) ကိုယ့်စိတ်ကိုသိနေတယ်”

သင့်ချစ်သူဟာ သင့်စိတ်ကို ကောင်းကောင်းနားလည်တဲ့ သူတစ်ယောက်ပါ …။

သင်လုပ်သမျှတိုင်းဟာ သူ့အကြိုက်နဲ့ ထပ်တူကျသလို၊ မတိုင်ပင်ဖြစ်ရင်တောင်မှ ဘယ်အရာက သင့်အကြိုက်၊ ဘယ်အရာက သင့်စိတ်တိုင်းကျ ဖြစ်မလဲဆိုတာ ကောင်းကောင်းနားလည်တဲ့ သူတစ်ယောက်ပါ …။

သင်နဲ့ အမြဲတမ်း ခံစားချက်ချင်း ထပ်တူကျနေတတ်ပြီး အရာရာတိုင်းကို ရင်ဖွင့်တိုင်ပင်နိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်နော် …။ ။

ခရက်ဒစ်