အသက္႐ႈမွားေလာက္ေအာင္ ဆံႏြယ္ေလးေတြကို ေပ်ာ့ေျပာင္းေတာက္ေျပာင္ေစမယ္႔နည္း…
စာဖတ္သူေတြကို မွ်ေဝေပးမဲ့ ႐ိုးရာနည္းလမ္းေလး ကလည္း ဆံႏြယ္ေလးေတြကို ဝင္းလက္ေတာက္ေျပာင္ေစမွာျဖစ္လို႔ စာဖတ္သူေတြ ႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ …။
ပ်ားရည္နဲ႔ သစ္ၾကံပိုးေခါက္မွာ အဟာရဓါတ္ျပည့္ဝစြာ ပါဝင္တဲ့အျပင္ ဦးေရျပားကိုလည္း စိုေျပေစတာေၾကာင့္ ဆံႏြယ္အဖ်ားမွာကြဲတာ၊ ေဗာက္ထတာ နဲ႔ ဆံပင္ကြၽတ္တာေတြကို ကာကြယ္ေပးႏိုင္ပါတယ္ …။
ျပဳလုပ္ရမဲ့ နည္းလမ္းေလးကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္ …။
ပါဝင္ပစၥည္းေတြကေတာ႔…
– သစ္ၾကံပိုးေခါက္ အမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
– ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
– သံလြင္ဆီ ၁/၂ ခြက္
ျပဳလုပ္နည္း
သံလြင္ဆီ ခြက္တစ္ဝက္ကို အိုး(ေသးငယ္ေသာအိုး) ထဲထည့္ၿပီး မီးဖိုေပၚတင္ထားပါ …။
ဆီ အနည္းငယ္ပူေႏြးလာရင္ မီးဖိုေပၚက ခ်ပါ …။
ပန္းကန္တစ္လုံးထဲမွာ သံလြင္ဆီကို ထည့္ၿပီး၊ သစ္ၾကံပိုးေခါက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း နဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္ထည့္ပါ …။
အဲဒီေနာက္ ေသခ်ာေလး ေမႊေပးလိုက္ပါ …။
ဦးေရျပားေပၚ လိမ္းေပးဖို႔အတြက္ ေပါင္းေဆးလိမ္းတဲ့ ဘီးကို အသုံးျပဳႏိုင္ပါတယ္။ ပထမဆုံး ေခါင္းအရင္ ၿဖီးေပးပါ။ အဲဒီေနာက္ ေပါင္းေဆးလိမ္းတဲ့ ဘီး နဲ႔ အေနာက္ကေန အေ႐ွ႕ကို ႏွံ႔စပ္ေအာင္ ေသခ်ာ လိမ္းေပးပါ …။
အဲဒီေနာက္ အနည္းဆုံး ၁၅ မိနစ္ေလာက္ ထားထားပါ။ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်ၿပီး မိမိ ပုံမွန္သုံးေနတဲ့ ေပါင္းေဆးသုံးေပးပါ …။
အခုေျပာျပခဲ့တဲ့ သဘာ၀ ေပါင္းတင္နည္းကို တစ္ပတ္မွာ တစ္ႀကိမ္ေလာက္လုပ္ၿပီး ေတာက္ေျပာင္ သန္စြမ္းတဲ့ ဆံႏြယ္ကို အရယူလိုက္ဖို႔ အၾကံျပဳလိုက္ပါတယ္ေနာ္ …။
ခရက္ဒစ္
Unicode Version ဖြင့်ဖတ်ရန်
အသက်ရှုမှားလောက်အောင် ဆံနွယ်လေးတွေကို ပျော့ပြောင်းတောက်ပြောင်စေမယ့်နည်း…
စာဖတ်သူတွေကို မျှဝေပေးမဲ့ ရိုးရာနည်းလမ်းလေး ကလည်း ဆံနွယ်လေးတွေကို ဝင်းလက်တောက်ပြောင်စေမှာဖြစ်လို့ စာဖတ်သူတွေ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ် …။
ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှာ အဟာရဓါတ်ပြည့်ဝစွာ ပါဝင်တဲ့အပြင် ဦးရေပြားကိုလည်း စိုပြေစေတာကြောင့် ဆံနွယ်အဖျားမှာကွဲတာ၊ ဗောက်ထတာ နဲ့ ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ် …။
ပြုလုပ်ရမဲ့ နည်းလမ်းလေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် …။
ပါဝင်ပစ္စည်းတွေကတော့…
– သစ်ကြံပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
– ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
– သံလွင်ဆီ ၁/၂ ခွက်
ပြုလုပ်နည်း
သံလွင်ဆီ ခွက်တစ်ဝက်ကို အိုး(သေးငယ်သောအိုး) ထဲထည့်ပြီး မီးဖိုပေါ်တင်ထားပါ …။
ဆီ အနည်းငယ်ပူနွေးလာရင် မီးဖိုပေါ်က ချပါ …။
ပန်းကန်တစ်လုံးထဲမှာ သံလွင်ဆီကို ထည့်ပြီး၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်ထည့်ပါ …။
အဲဒီနောက် သေချာလေး မွှေပေးလိုက်ပါ …။
ဦးရေပြားပေါ် လိမ်းပေးဖို့အတွက် ပေါင်းဆေးလိမ်းတဲ့ ဘီးကို အသုံးပြုနိုင်ပါတယ်။ ပထမဆုံး ခေါင်းအရင် ဖြီးပေးပါ။ အဲဒီနောက် ပေါင်းဆေးလိမ်းတဲ့ ဘီး နဲ့ အနောက်ကနေ အရှေ့ကို နှံ့စပ်အောင် သေချာ လိမ်းပေးပါ …။
အဲဒီနောက် အနည်းဆုံး ၁၅ မိနစ်လောက် ထားထားပါ။ ခေါင်းလျှော်ရည်နဲ့ လျှော်ချပြီး မိမိ ပုံမှန်သုံးနေတဲ့ ပေါင်းဆေးသုံးပေးပါ …။
အခုပြောပြခဲ့တဲ့ သဘာ၀ ပေါင်းတင်နည်းကို တစ်ပတ်မှာ တစ်ကြိမ်လောက်လုပ်ပြီး တောက်ပြောင် သန်စွမ်းတဲ့ ဆံနွယ်ကို အရယူလိုက်ဖို့ အကြံပြုလိုက်ပါတယ်နော် …။
ခရက်ဒစ်