တစ္ႀကိမ္တည္းလုပ္႐ုံနဲ႔ ဆားဝက္ျခံေတြကို ေပ်ာက္ကင္းသြားေစတဲ့နည္း…

တစ္ႀကိမ္တည္းလုပ္႐ုံနဲ႔ ဆားဝက္ျခံေတြကို ေပ်ာက္ကင္းသြားေစတဲ့နည္း…

လွတဲ့သူတိုင္း ဆားဝက္ျခံ ႐ွိတယ္လို႔ ၾကားဖူးတယ္။ ဒါေပမယ့္ ဆားဝက္ျခံ ႐ွိေနတာေတာ့ ဘယ္သူမွ ႀကိဳက္ၾကမယ္မထင္ပါဘူး။ ဆားဝက္ျခံေတြဟာ ႏွာေခါင္း၊ ေမးေစ့ႏွင့္ ပါးျပင္ ေတြမွာ အမ်ားဆုံး ျဖစ္ေလ့႐ွိၿပီး ညႇစ္ရင္လည္း ပြါးတတ္ တာေၾကာင့္ အေတာ္ေလး စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္ပါတယ္ …။

ဒီထက္ပိုးဆိုးလွ်င္ အေပါက္အႀကီးႀကီးေတြ ျဖစ္ၿပီး မ်က္ႏွာမွာ အေတာ္ေလး ၾကည့္ရဆိုး ပါတယ္။ ဆားဝက္ျခံ သက္သာေစတဲ့နည္း ေတြကေတာ့ အမ်ားႀကီး ႐ွိပါတယ္ …။

ဒီတစ္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ ရိုးရွင္း လြယ္ကူပါတယ္။ ဆားဝက္ျခံ ကို ေပ်ာက္ကင္း ေစ႐ုံ သာမက အသားအေရကို ျဖဴဝင္းၿပီး စိုေျပလာေစမွာပါ …။

ပထမဦးဆုံး လုပ္ရ မွာကေတာ့ သခြားသီးကို အကြင္းပုံစံ လွီးလိုက္ပါ။ တစ္ခုဆို လုံေလာက္ ပါၿပီ ။ ၿပီးလွ်င္ အေပၚမွ သၾကားျဖဴးလိုက္ပါ။ ဒါဆိုရင္ေတာ့ ႏွာေခါင္းေပၚက ဆားဝက္ျခံေတြကို ဖယ္႐ွားဖို႔ အတြက္ အဆင္သင့္ျဖစ္ပါၿပီ …။

ျပဳလုပ္နည္းကေတာ႔…

ပထမဦးစြာ လက္ကိုင္ပုဝါ ( သို႔ ) အဝတ္သန္႔သန္႔ကို ေရေႏြးေႏြး ထဲမွာစိမ္ၿပီး ဆားဝက္ျခံ ႐ွိတဲ့ ႏွာေခါင္းေပၚမွာ ဖိကပ္ ေပးပါ မိနစ္ အနည္းငယ္ ဖိကပ္ေပးပါ …။

ဒီလို လုပ္ျခင္းအားျဖင့္ ေခြၽးေပါက္ေတြကို က်ယ္ေစၿပီး ဆားဝက္ျခံ ဖယ္႐ွား ႏိုင္ဖို႔အတြက္ ပိုၿပီး အေထာက္အကူ ျဖစ္ေစပါတယ္ …။

ထို႔ေနာက္ သၾကားျဖဴးထားေသာ သခြားသီးျဖင့္ ႏွာေခါင္းကို ပြတ္ေပးပါ။ အနည္းဆုံး ၅ မိနစ္ ႏွင့္ အထက္ သၾကားမ်ား အရည္ ေပ်ာ္သည္အထိ ပြတ္ေပးရပါမယ္။ ပြတ္ၿပီး သြားလွ်င္ေတာ့ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ။ ထို႔ေနာက္ ေခြၽးေပါက္ က်ဥ္းသြားေအာင္ တိုနာ (သို႔) ႏွင္းဆီရည္ျဖင့္ ႏွာေခါင္းကို လိမ္းေပးပါ …။

ႏွင္းဆီေရ ျပဳလုပ္ပုံ

(၁) ႏွင္းဆီ ပြင့္ဖက္မ်ားကို သန္႔႐ွင္းေသာ ဇလုံ တစ္လုံးထဲသို႔ ေႁခြထည့္ပါ …။

(၂) ေႁခြၿပီးသား ပြင့္ဖက္မ်ားကို ေရသန္႔သန္႔ ႏွင့္ ေဆးပါ …။

(၃) ေဆးၿပီးသား ပြင့္ဖက္မ်ားထဲသို႔ ေရေႏြးဆူဆူတစ္ခြက္ ေလာင္းထည့္ၿပီး ၅ မိနစ္ခန္႔ ေမႊေပးပါ …။

(၄) ၿပီးလွ်င္ အေအးခံၿပီး ပြင့္ဖက္မ်ားမပါေအာင္ အေငြ႕လုံေသာ ဘူးသန္႔ေသးေသး တစ္လုံးထဲသို႔ ေလာင္းထည့္လိုက္ပါ …။

(၅) ဤအေရမ်ားကို ႏွင္းဆီေရအျဖစ္ အသုံးျပဳႏိုင္ပါၿပီ …။

တစ္ခါ လုပ္႐ုံျဖင့္ သိသိသာသာကို ဆားဝက္ျခံေတြ မ႐ွိေတာ့တာ ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။ သင့္ႏွာေခါင္းမွာ ဆားဝက္ျခံေတြ ထူလပ်စ္ ျဖစ္ေနတဲ့ ေန႔မ်ိးဆိုရင္ ဒီနည္းလမ္းေလးက ေျဖ႐ွင္းေပးႏိုင္မွာပါ …။

ေန႔စဥ္ပုံမွန္ လုပ္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို ၾကည္လင္ သန္႔စင္လာေစၿပီး ေခြၽးေပါက္ေတြက်ဥ္းသြားကာ ဆားဝက္ျခံမ်ား ေနာက္ထပ္ မျဖစ္ေပၚေအာင္ ကာကြယ္ၿပီးသား ျဖစ္ေနမွာပါေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့နည်း…

လှတဲ့သူတိုင်း ဆားဝက်ခြံ ရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆားဝက်ခြံ ရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး။ ဆားဝက်ခြံတွေဟာ နှာခေါင်း၊ မေးစေ့နှင့် ပါးပြင် တွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ် တာကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ် …။

ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေ ဖြစ်ပြီး မျက်နှာမှာ အတော်လေး ကြည့်ရဆိုး ပါတယ်။ ဆားဝက်ခြံ သက်သာစေတဲ့နည်း တွေကတော့ အများကြီး ရှိပါတယ် …။

ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ ရိုးရှင်း လွယ်ကူပါတယ်။ ဆားဝက်ခြံ ကို ပျောက်ကင်း စေရုံ သာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေမှာပါ …။

ပထမဦးဆုံး လုပ်ရ မှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ။ တစ်ခုဆို လုံလောက် ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အတွက် အဆင်သင့်ဖြစ်ပါပြီ …။

ပြုလုပ်နည်းကတော့…

ပထမဦးစွာ လက်ကိုင်ပုဝါ ( သို့ ) အဝတ်သန့်သန့်ကို ရေနွေးနွေး ထဲမှာစိမ်ပြီး ဆားဝက်ခြံ ရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ် ပေးပါ မိနစ် အနည်းငယ် ဖိကပ်ပေးပါ …။

ဒီလို လုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှား နိုင်ဖို့အတွက် ပိုပြီး အထောက်အကူ ဖြစ်စေပါတယ် …။

ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ။ အနည်းဆုံး ၅ မိနစ် နှင့် အထက် သကြားများ အရည် ပျော်သည်အထိ ပွတ်ပေးရပါမယ်။ ပွတ်ပြီး သွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ။ ထို့နောက် ချွေးပေါက် ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ …။

နှင်းဆီရေ ပြုလုပ်ပုံ

(၁) နှင်းဆီ ပွင့်ဖက်များကို သန့်ရှင်းသော ဇလုံ တစ်လုံးထဲသို့ ခြွေထည့်ပါ …။

(၂) ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့် နှင့် ဆေးပါ …။

(၃) ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့် မွှေပေးပါ …။

(၄) ပြီးလျှင် အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်လိုက်ပါ …။

(၅) ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ …။

တစ်ခါ လုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ် ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ …။

နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါနော် …။ ။

Credit