သင္နဲ႔သင့္ခ်စ္သူၾကားမွာ အျပန္အလွန္ထား႐ွိရမယ့္ နားလည္မႈ(၅)မ်ိဳး…

သင္နဲ႔သင့္ခ်စ္သူၾကားမွာ အျပန္အလွန္ထား႐ွိရမယ့္ နားလည္မႈ(၅)မ်ိဳး…

ခ်စ္သူေတြၾကားမွာ အၿမဲတမ္းၾကည္ႏူးစရာေလးေတြပဲ ႐ွိေနတတ္ၾကတာေတာ့ မဟုတ္ပါဘူး …။

တစ္ခါတစ္ရံ သေဘာထားကြဲလြဲမႈေလးေတြ စိတ္အခန္႔မသင့္တာ မ်ိဳးေလးေတြ ၾကဳံလာၿပီဆိုရင္ ရန္ပြဲဆိုတာ ႐ွိလာမွာပါ …။

အဲလိုအခါမ်ိဳးမွာ ေကာင္မေလးေတြဘက္က ေဒါသ၊ စိတ္ခံစားခ်က္ေတြနဲ႔ အႏိုင္လိုခ်င္တဲ့စိတ္ေၾကာင့္ လမ္းခြဲမယ္ဆိုတဲ့ စကားကို လြယ္လြယ္ ေျပာထြက္ၾကပါတယ္ …။

ဒီလိုႏွစ္ေယာက္ၾကားမွာ မာနေတြထားၿပီး တင္းမာေနမယ္ဆိုရင္ ခ်စ္လ်က္နဲ႔လမ္းခြဲရတာမ်ိဳးေတြထိ ျဖစ္လာႏိုင္ပါတယ္ …။

ခ်စ္သူနဲ႔ တစ္သက္လုံး လက္တြဲသြားမယ္လို႔ ရည္႐ြယ္ထားရင္ ဒီအခ်က္ေလးေတြကို ဖတ္ၾကည့္လိုက္ပါေနာ္ …။

၁။ ေဒါသကို ေ႐ွ႕တန္းမတင္ပါနဲ႔”

ေဒါသကိုေ႐ွ႕တန္းတင္တာေၾကာင့္ စိတ္ထဲမ႐ွိတဲ့စကားေတြေျပာထြက္ၿပီး ရန္ပြဲက ပိုမိုတင္းမာ လာတာေၾကာင့္ပါ။ ေခါင္းေအးေအးထားၿပီး စဥ္းစားပါ။ ကိုယ္ခ်စ္ရတဲ့သူကို နာက်င္ေစမယ့္ စကားေတြ မေျပာမိပါေစနဲ႔။ ေဒါသပ်ယ္တဲ့ အခ်ိန္ေရာက္မွ ေနာင္တရတာမ်ိဳးလည္း အျဖစ္မခံပါနဲ႔ …။

၂။ နားလၫ္မႈ”

Relationship တစ္ခုတည္ေဆာက္ၿပီဆို နားလည္မႈက အေရးႀကီးဆုံးပါ။ အစတည္းကသာ နားလည္မႈ႐ွိခဲ့ရင္ ရန္ပြဲဆိုတာ ႐ွိမွာေတာင္ မဟုတ္ပါဘူး။ နားလည္မႈ လြဲလို႔ပဲ ရန္ျဖစ္ၾကတာ မဟုတ္လား …၊

၃။ ေလးစားမႈ”

ႏွစ္ေယာက္သားရန္ျဖစ္ၾကၿပီဆိုတာနဲ႔ တစ္ေယာက္မွာ႐ွိတဲ့ အားနည္းခ်က္ေတြကို အႏိုင္ယူေျပာဆိုတာမ်ိဳး မလုပ္သင့္ပါဘူး …။

ရန္ျဖစ္ရတဲ့အေၾကာင္းရင္းကိုပဲ ေျဖ႐ွင္းဖို႔ႀကိဳးစားပါ။ တစ္ေယာက္ကိုတစ္ေယာက္ ေစာ္ကားတဲ့ စကားလုံးေတြ မေျပာမိပါေစနဲ႔ေနာ္ …။

၄။ ေတာင္းပန္ပါ”

ကိုယ္မွားတာကို ေတာင္းပန္ရဲတဲ့သတၱိ၊ အမွားကိုအမွန္ျပင္ရဲတဲ့ သတၱိ႐ွိရပါမယ္။ ႏွစ္ဘက္လုံး က ကိုယ္မွန္တယ္လို႔ ယုံၾကည္လို႔ ရန္ျဖစ္တာပဲေလ။ ကိုယ့္ဘက္က မွားတယ္လို႔ ခံစားမိၿပီဆိုရင္ေတာ့ အရင္ဆံုး ေတာင္းပန္လိုက္ပါ …။

၅။ အေလွ်ာ့ေပးပါ”

ႏွစ္ေယာက္လုံးတင္းမာေနတဲ့ အေနအထားမွာ ရန္ပြဲကပိုဆိုးလာဖို႔ပဲ႐ွိပါတယ္။ ဘယ္သူမွားမွား ဘယ္သူမွန္မွန္ ခ်စ္သူကိုတကယ္ခ်စ္ရင္ အရင္ အေလ်ာ့ေပးလိုက္ပါေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

သင်နဲ့သင့်ချစ်သူကြားမှာ အပြန်အလှန်ထားရှိရမယ့် နားလည်မှု(၅)မျိုး…

ချစ်သူတွေကြားမှာ အမြဲတမ်းကြည်နူးစရာလေးတွေပဲ ရှိနေတတ်ကြတာတော့ မဟုတ်ပါဘူး …။

တစ်ခါတစ်ရံ သဘောထားကွဲလွဲမှုလေးတွေ စိတ်အခန့်မသင့်တာ မျိုးလေးတွေ ကြုံလာပြီဆိုရင် ရန်ပွဲဆိုတာ ရှိလာမှာပါ …။

အဲလိုအခါမျိုးမှာ ကောင်မလေးတွေဘက်က ဒေါသ၊ စိတ်ခံစားချက်တွေနဲ့ အနိုင်လိုချင်တဲ့စိတ်ကြောင့် လမ်းခွဲမယ်ဆိုတဲ့ စကားကို လွယ်လွယ် ပြောထွက်ကြပါတယ် …။

ဒီလိုနှစ်ယောက်ကြားမှာ မာနတွေထားပြီး တင်းမာနေမယ်ဆိုရင် ချစ်လျက်နဲ့လမ်းခွဲရတာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ် …။

ချစ်သူနဲ့ တစ်သက်လုံး လက်တွဲသွားမယ်လို့ ရည်ရွယ်ထားရင် ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါနော် …။

၁။ ဒေါသကို ရှေ့တန်းမတင်ပါနဲ့”

ဒေါသကိုရှေ့တန်းတင်တာကြောင့် စိတ်ထဲမရှိတဲ့စကားတွေပြောထွက်ပြီး ရန်ပွဲက ပိုမိုတင်းမာ လာတာကြောင့်ပါ။ ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ ကိုယ်ချစ်ရတဲ့သူကို နာကျင်စေမယ့် စကားတွေ မပြောမိပါစေနဲ့။ ဒေါသပျယ်တဲ့ အချိန်ရောက်မှ နောင်တရတာမျိုးလည်း အဖြစ်မခံပါနဲ့ …။

၂။ နားလည်မှု”

Relationship တစ်ခုတည်ဆောက်ပြီဆို နားလည်မှုက အရေးကြီးဆုံးပါ။ အစတည်းကသာ နားလည်မှုရှိခဲ့ရင် ရန်ပွဲဆိုတာ ရှိမှာတောင် မဟုတ်ပါဘူး။ နားလည်မှု လွဲလို့ပဲ ရန်ဖြစ်ကြတာ မဟုတ်လား …၊

၃။ လေးစားမှု”

နှစ်ယောက်သားရန်ဖြစ်ကြပြီဆိုတာနဲ့ တစ်ယောက်မှာရှိတဲ့ အားနည်းချက်တွေကို အနိုင်ယူပြောဆိုတာမျိုး မလုပ်သင့်ပါဘူး …။

ရန်ဖြစ်ရတဲ့အကြောင်းရင်းကိုပဲ ဖြေရှင်းဖို့ကြိုးစားပါ။ တစ်ယောက်ကိုတစ်ယောက် စော်ကားတဲ့ စကားလုံးတွေ မပြောမိပါစေနဲ့နော် …။

၄။ တောင်းပန်ပါ”

ကိုယ်မှားတာကို တောင်းပန်ရဲတဲ့သတ္တိ၊ အမှားကိုအမှန်ပြင်ရဲတဲ့ သတ္တိရှိရပါမယ်။ နှစ်ဘက်လုံး က ကိုယ်မှန်တယ်လို့ ယုံကြည်လို့ ရန်ဖြစ်တာပဲလေ။ ကိုယ့်ဘက်က မှားတယ်လို့ ခံစားမိပြီဆိုရင်တော့ အရင်ဆုံး တောင်းပန်လိုက်ပါ …။

၅။ အလျှော့ပေးပါ”

နှစ်ယောက်လုံးတင်းမာနေတဲ့ အနေအထားမှာ ရန်ပွဲကပိုဆိုးလာဖို့ပဲရှိပါတယ်။ ဘယ်သူမှားမှား ဘယ်သူမှန်မှန် ချစ်သူကိုတကယ်ချစ်ရင် အရင် အလျော့ပေးလိုက်ပါနော် …။ ။

Credit