“ဆေးနည်း”
(၄) ပျားရည်စစ်စစ်
ထို(၄)မျိုးသာ လိုပါတယ် …။
သုံးဆောင်ရန်
(ညအိပ်ပြီဆိုပါလျှင်)
ဦးဝိနိယ
Unicode Version ဖြင့်ဖတ်ရန်
မျက်မှန်တပ်ထားရသူများ လက်တွေ့သာ စမ်းသပ်သုံးစွဲကြပေတော့…
ဦးဝိနယလည်း သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ …။
အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့်် ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရပါတယ် …။
အခုအသက်(၄၀)ကျော်မှ မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို အများက ထင်ကြတော့တယ်။ ဆေးနည်း အချိုးအစားအတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖော်ပြပေးလိုက်ပါတယ်နော် …။
“ဆေးနည်း”
(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ်၊ နေလှန်း၊ အမှုန့် ပြုလုပ်ပါ …။
(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ အလိုအလျောက် သဘာဝအတိုင်း အခြောက်ခံ အမှုန့် ပြုလုပ်ပါ …။
(၃) ကွမ်းရွက်ကို အခြောက်လှန်း အမှုန့်ပြုလုပ်ပါ …။
(၄) ပျားရည်စစ်စစ်
ထို(၄)မျိုးသာ လိုပါတယ် …။
ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုး လေးသောင်းငါးသောင်းမက ကုန်ပါသည် …။
နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလို ဖြစ်ပြန်သည် …။
မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုန်းပွတ်ဖို့ အကုန်ခက်ခဲပေသည် …။
မျက်မှန်ပါဝါက အကျမရှိ အတက်သာ။ ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက်ကြောကတက် စိတ်ကပျက် ဖြစ်ရပြန်သည် …။
သုံးဆောင်ရန်
(ညအိပ်ပြီဆိုပါလျှင်)
(1) ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း
(2) ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
(3) ကွမ်းရွက်ခြောက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
ထိုဆေးသုံးပါးအား ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့် ရောမွေ၍ စားပေးရန်သာ ဖြစ်သည် …။
သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါ …။
မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည် …။
ထိုမျှမက အကျိုးရလဒ်က အညောင်းအညာပါ ပြေလာပါလိမ့်မည် …။
ပေးသူကပေးလေပြီ။ မြန်မာတိုင်းရင်းဆေး အစွမ်းအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကိုမြင့်တင် လိုက်ကြရအောင်နော် …။
ဦးဝိနိယ