လြယ္လြယ္မခ်စ္တတ္တဲ့ မိန္းကေလးေတြကို ေကာင္ေလးေတြ အ႐ူးအမူးျဖစ္ရတဲ႔အေၾကာင္းအရင္း…

လြယ္လြယ္မခ်စ္တတ္တဲ့ မိန္းကေလးေတြကို ေကာင္ေလးေတြ အ႐ူးအမူးျဖစ္ရတဲ႔အေၾကာင္းအရင္း…

ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက လိုက္ရခက္တဲ့ မိန္းကေလးေတြ၊ လြယ္လြယ္မခ်စ္တတ္တဲ့ မိန္းကေလးေတြကို ပိုအသည္းအသန္ လိုခ်င္တတ္ၾကပါတယ္ …။

တကယ္ေတာ့ ဒီလိုျဖစ္ရတဲ့ အေၾကာင္းအရင္းေတြက ဒီအခ်က္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။

ပိုစိတ္ဝင္စားစရာ ေကာင္းလို႔”

လြယ္လြယ္မခ်စ္တတ္တဲ့ မိန္းကေလးေတြက တစ္ျခားမိန္းကေလးေတြနဲ႔ မတူညီတာေတာ့ အမွန္ပါပဲ။ သူတို႔ေတြက ေယာက်ာ္းေလးေတြအေပၚ ခပ္တည္တည္ဆက္ဆံတတ္သလို မာနလည္း အနည္းငယ္ ႀကီးတတ္ၾကတဲ႔ သူေတြပါ။ ဒီအခ်က္ကပဲ ေယာက်ာ္းေလးေတြကို ပိုစိတ္ဝင္စားေစတဲ့အခ်က္ ျဖစ္ေနတတ္ပါတယ္ …။

ပိုတန္ဖိုးႀကီးတယ္လို႔ ထင္ရလို႔”

လူေတြရဲ႕ သဘာဝက လြယ္လြယ္ရတဲ့အရာတိုင္းကို ေစ်းေပါတယ္လို႔ ထင္တတ္ၾကၿပီး ခက္ခဲေလေလ ပိုတန္ဖိုး႐ွိေလလို႔ သတ္မွတ္တတ္ၾကတာပါ …။

ဒီေတာ့ ကိုယ့္ကိုယ္ ျငင္းေလေလ ပိုစိတ္ဝင္စားေလေလ ျဖစ္ၿပီး ပိုလည္း တန္ဖိုးထားရယူခ်င္တတ္ၾကေလ ျဖစ္ပါတယ္ …။

ခက္ခဲေလ ပိုရယူခ်င္ေလ”

ေယာက်ာ္းေလးေတြရဲ႕ ပင္ကိုယ္ဗီဇအရ တိုက္ခိုက္အႏိုင္ရယူခ်င္ၾကတဲ့ သူေတြပဲ ျဖစ္ပါတယ္။ ဒီေတာ့ သူတို႔ကို ဂ႐ုမစိုက္ပဲ ျငင္းေလေလ သူတို႔က ပိုအႏိုင္ယူရယူခ်င္လာေလ ျဖစ္ပါတယ္ …။

ဒီလို လြယ္လြယ္မခ်စ္တတ္တဲ့ မိန္းကေလးေတြကိုပဲ သူတို႔က ပိုခ်စ္တတ္လာေအာင္ အႏိုင္ယူ တိုက္ခိုက္ခ်င္တတ္ၾကပါတယ္ …။

ပိုခ်စ္တတ္လို႔”

ေနာက္ထပ္တစ္ခ်က္ကေတာ့ ဒီလို မိန္းကေလးေတြဟာ လြယ္လြယ္မခ်စ္တတ္တာ မွန္ေပမယ့္ သူတို႔တကယ္ ခ်စ္မိသြားတဲ့အခါမွာ လြယ္လြယ္ကူကူ မျပတ္ေတာက္ေတာ့တဲ့ ခိုင္မာတဲ့ ဆက္ဆံေရးကိုသာ တည္ေဆာက္တတ္ၾက သူေတြ ျဖစ္ပါတယ္ …။

လြယ္လြယ္မခ်စ္တတ္ေပမယ့္ ခ်စ္မိသြားရင္လည္း တစ္ျခားသူေတြထက္ ပိုခ်စ္တတ္သလို ပိုလည္း သစၥာ႐ွိတတ္ၾကပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ ေယာက်ာ္းေလးေတြက လြယ္လြယ္မခ်စ္တတ္တဲ့ မိန္းကေလးေတြကို သည္းသည္းလႈပ္ ျဖစ္တတ္ၾကတာပါေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ကောင်လေးတွေ အရူးအမူးဖြစ်ရတဲ့အကြောင်းအရင်း…

ယောက်ျားလေးတော်တော်များများက လိုက်ရခက်တဲ့ မိန်းကလေးတွေ၊ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ပိုအသည်းအသန် လိုချင်တတ်ကြပါတယ် …။

တကယ်တော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်နော် …။

ပိုစိတ်ဝင်စားစရာ ကောင်းလို့”

လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေက တစ်ခြားမိန်းကလေးတွေနဲ့ မတူညီတာတော့ အမှန်ပါပဲ။ သူတို့တွေက ယောက်ျားလေးတွေအပေါ် ခပ်တည်တည်ဆက်ဆံတတ်သလို မာနလည်း အနည်းငယ် ကြီးတတ်ကြတဲ့ သူတွေပါ။ ဒီအချက်ကပဲ ယောက်ျားလေးတွေကို ပိုစိတ်ဝင်စားစေတဲ့အချက် ဖြစ်နေတတ်ပါတယ် …။

ပိုတန်ဖိုးကြီးတယ်လို့ ထင်ရလို့”

လူတွေရဲ့ သဘာဝက လွယ်လွယ်ရတဲ့အရာတိုင်းကို ဈေးပေါတယ်လို့ ထင်တတ်ကြပြီး ခက်ခဲလေလေ ပိုတန်ဖိုးရှိလေလို့ သတ်မှတ်တတ်ကြတာပါ …။

ဒီတော့ ကိုယ့်ကိုယ် ငြင်းလေလေ ပိုစိတ်ဝင်စားလေလေ ဖြစ်ပြီး ပိုလည်း တန်ဖိုးထားရယူချင်တတ်ကြလေ ဖြစ်ပါတယ် …။

ခက်ခဲလေ ပိုရယူချင်လေ”

ယောက်ျားလေးတွေရဲ့ ပင်ကိုယ်ဗီဇအရ တိုက်ခိုက်အနိုင်ရယူချင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီတော့ သူတို့ကို ဂရုမစိုက်ပဲ ငြင်းလေလေ သူတို့က ပိုအနိုင်ယူရယူချင်လာလေ ဖြစ်ပါတယ် …။

ဒီလို လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကိုပဲ သူတို့က ပိုချစ်တတ်လာအောင် အနိုင်ယူ တိုက်ခိုက်ချင်တတ်ကြပါတယ် …။

ပိုချစ်တတ်လို့”

နောက်ထပ်တစ်ချက်ကတော့ ဒီလို မိန်းကလေးတွေဟာ လွယ်လွယ်မချစ်တတ်တာ မှန်ပေမယ့် သူတို့တကယ် ချစ်မိသွားတဲ့အခါမှာ လွယ်လွယ်ကူကူ မပြတ်တောက်တော့တဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်တတ်ကြ သူတွေ ဖြစ်ပါတယ် …။

လွယ်လွယ်မချစ်တတ်ပေမယ့် ချစ်မိသွားရင်လည်း တစ်ခြားသူတွေထက် ပိုချစ်တတ်သလို ပိုလည်း သစ္စာရှိတတ်ကြပါတယ်။ ဒီအချက်ကြောင့်ပဲ ယောက်ျားလေးတွေက လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို သည်းသည်းလှုပ် ဖြစ်တတ်ကြတာပါနော် …။ ။

Credit