ထက္ျမက္တဲ့အမ်ိဳးသမီးေတြ လိုခ်င္ၾကတဲ့ ေယာက်ၤားေလး အမ်ိဳးအစား(၃)မ်ိဳး…

ထက္ျမက္တဲ့အမ်ိဳးသမီးေတြ လိုခ်င္ၾကတဲ့ ေယာက်ၤားေလး အမ်ိဳးအစား(၃)မ်ိဳး…

ကိုယ္လိုခ်င္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ပုံစံကို အမ်ိဳးသားေတြက သိၿပီးျဖစ္မွာပါ။ ဒါေပမယ့္ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ေယာက်ၤားေလးတစ္ေယာက္ဆီက ဘယ္လိုအရာေတြ ေတာင့္တတတ္သလဲဆိုတဲ့ အခ်က္ကိုေတာ့ သိတဲ့သူ သိပ္မ်ားမယ္လို႔ မထင္ပါဘူး …။

မိန္းကေလးတစ္ေယာက္ဟာ ခ်မ္းသာၿပီး ထက္ျမက္တဲ့ ေယာက်ၤားေတြဆို သေဘာက်မွာပဲလို႔ေတာ့ ေယဘုယ်သေဘာနဲ႔ ေျပာလို႔မရႏိုင္ပါဘူး။ တကယ္ ပင္ကိုယ္ဉာဏ္ရည္ျမင့္ၿပီး ထက္ျမက္တဲ့ မိန္းကေလးေတြ လိုခ်င္ၾကတဲ့ ေယာက်ၤားေလးတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြထဲမွာ ဒီ (၃) ခ်က္လည္း ပါေနပါတယ္ေနာ္ …။

(၁) ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္စိတ္ခ်မႈ႐ွိသူ

မိန္းကေလးတစ္ေယာက္ဟာ သူအထင္ႀကီးေလးစားႏိုင္သူကိုပဲ လက္တြဲခ်င္ၾကပါတယ္။ သူအထင္ႀကီးေလာက္တဲ့ အရည္အခ်င္းေတြထဲမွာ ကိုယ့္လုပ္ရပ္နဲ႔ ကိုယ္ေျပာတဲ့ စကားေပၚ စိတ္ခ်ယုံၾကည္မႈအျပည့္႐ွိသူလည္း ပါဝင္ပါတယ္။ ေျပာရရင္ ကိုယ္လုပ္တဲ့အလုပ္ကို လိပ္ျပာလုံတဲ့သူဟာ ကိုယ့္စကားကို တာဝန္ယူႏိုင္သလို ကိုယ့္လုပ္ရပ္ေပၚလည္း ယုံၾကည္မႈ႐ွိၾကပါတယ္ …။

ဒီလိုလူမ်ိဳးေတြကို မိန္းကေလးေတြက သေဘာက်ၾကပါတယ္။ ဒီေတာ့ မိန္းကေလးတစ္ေယာက္ ကိုယ့္ကို သေဘာက်ေစဖို႔ ႐ိုးသားၿပီး ယုံၾကည္ေလးစားစရာျဖစ္ေအာင္ ေနဖို႔ အၾကံျပဳခ်င္ပါတယ္ …။

(၂) အနာဂါတ္ပန္းတိုင္ ထားသူ

တိုးတက္ခ်င္စိတ္နဲ႔ ႀကိဳးစားေနတဲ့ ေယာက်ၤားတစ္ေယာက္ကို မိန္းကေလးေတြက သေဘာက်ၾကပါတယ္။ ယုံၾကည္စိတ္အျပည့္နဲ႔ ေအာင္ျမင္ေအာင္ ႀကိဳးစားေနတဲ့သူတစ္ေယာက္အတြက္ တစ္ေန႔မွာ ေသခ်ာတဲ့ အနာဂါတ္႐ွိမယ္ဆိုတာ ထက္ျမက္တဲ့ မိန္းကေလးေတြက လက္ခံထားၾကပါတယ္ …။

ဒီလို ခ်စ္သူမ်ိဳးကို အေရာင္တင္ေအာင္ ပါရမီျဖည့္ေပးဖို႔လည္း ဘယ္ေတာ့မွ မတြန္႔ဆုတ္တတ္ပါဘူးေနာ္ …။

(၃) ကိုယ္က်င့္သိကၡာ႐ွိသူ

႐ိုးသားေျဖာင့္မတ္ျခင္းဂုဏ္ကို လူတိုင္းမက္ၾကတာ မဆန္းပါဘူး။ မိန္းကေလးတစ္ေယာက္အတြက္ သစၥာႀကီးၿပီး ကိုယ့္အေပၚ ျမတ္ျမတ္ႏိုးႏိုး ခ်စ္ႏိုင္မယ့္သူကိုပဲ လိုခ်င္တာလည္း ထူးဆန္းမွာ မဟုတ္ပါဘူး။ ကိုယ့္အေပၚမွာ ေျဖာင့္မတ္တည္ၾကည္တဲ့ အခ်စ္ေတြနဲ႔ ထီးလိုမိုးၿပီး တစ္သက္လုံး ဂ႐ုစိုက္ႏိုင္မယ့္သူကို ရရင္ ဘယ္သူမဆို ကံေကာင္းပါျပီ …။

႐ုပ္ရည္နဲ႔ စတိုင္ေတြ ၊ ဖက္႐ွင္နဲ႔ ကိုယ္လုံးကိုယ္ေပါက္အလွအပေတြဆိုတာ ကိုယ္က်င့္သိကၡာနဲ႔ သစၥာတရားေလာက္ မလွပါဘူး။ ဒါေၾကာင့္ပဲ ေ႐ွ႕ေရးကို ဉာဏ္ႀကီးႀကီးနဲ႔ ေတြးထားတဲ့ မိန္းကေလးေတြဟာ ဘဝလက္တြဲေဖာ္ေ႐ြးခ်ိန္မွာ ႐ုပ္အလွထက္ ကိုယ့္အေပၚမွာ တကယ္ပဲ ခ်စ္တဲ့စိတ္နဲ႔ ေစာင့္ေ႐ွာက္သြားမယ့္သူလားဆိုတာ ဦးစားေပးတာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ထက်မြက်တဲ့အမျိုးသမီးတွေ လိုချင်ကြတဲ့ ယောင်္ကျားလေး အမျိုးအစား(၃)မျိုး…

ကိုယ်လိုချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံကို အမျိုးသားတွေက သိပြီးဖြစ်မှာပါ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးတစ်ယောက်ဆီက ဘယ်လိုအရာတွေ တောင့်တတတ်သလဲဆိုတဲ့ အချက်ကိုတော့ သိတဲ့သူ သိပ်များမယ်လို့ မထင်ပါဘူး …။

မိန်းကလေးတစ်ယောက်ဟာ ချမ်းသာပြီး ထက်မြက်တဲ့ ယောင်္ကျားတွေဆို သဘောကျမှာပဲလို့တော့ ယေဘုယျသဘောနဲ့ ပြောလို့မရနိုင်ပါဘူး။ တကယ် ပင်ကိုယ်ဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေ လိုချင်ကြတဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အရည်အချင်းတွေထဲမှာ ဒီ (၃) ချက်လည်း ပါနေပါတယ်နော် …။

(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိသူ

မိန်းကလေးတစ်ယောက်ဟာ သူအထင်ကြီးလေးစားနိုင်သူကိုပဲ လက်တွဲချင်ကြပါတယ်။ သူအထင်ကြီးလောက်တဲ့ အရည်အချင်းတွေထဲမှာ ကိုယ့်လုပ်ရပ်နဲ့ ကိုယ်ပြောတဲ့ စကားပေါ် စိတ်ချယုံကြည်မှုအပြည့်ရှိသူလည်း ပါဝင်ပါတယ်။ ပြောရရင် ကိုယ်လုပ်တဲ့အလုပ်ကို လိပ်ပြာလုံတဲ့သူဟာ ကိုယ့်စကားကို တာဝန်ယူနိုင်သလို ကိုယ့်လုပ်ရပ်ပေါ်လည်း ယုံကြည်မှုရှိကြပါတယ် …။

ဒီလိုလူမျိုးတွေကို မိန်းကလေးတွေက သဘောကျကြပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက် ကိုယ့်ကို သဘောကျစေဖို့ ရိုးသားပြီး ယုံကြည်လေးစားစရာဖြစ်အောင် နေဖို့ အကြံပြုချင်ပါတယ် …။

(၂) အနာဂါတ်ပန်းတိုင် ထားသူ

တိုးတက်ချင်စိတ်နဲ့ ကြိုးစားနေတဲ့ ယောင်္ကျားတစ်ယောက်ကို မိန်းကလေးတွေက သဘောကျကြပါတယ်။ ယုံကြည်စိတ်အပြည့်နဲ့ အောင်မြင်အောင် ကြိုးစားနေတဲ့သူတစ်ယောက်အတွက် တစ်နေ့မှာ သေချာတဲ့ အနာဂါတ်ရှိမယ်ဆိုတာ ထက်မြက်တဲ့ မိန်းကလေးတွေက လက်ခံထားကြပါတယ် …။

ဒီလို ချစ်သူမျိုးကို အရောင်တင်အောင် ပါရမီဖြည့်ပေးဖို့လည်း ဘယ်တော့မှ မတွန့်ဆုတ်တတ်ပါဘူးနော် …။

(၃) ကိုယ်ကျင့်သိက္ခာရှိသူ

ရိုးသားဖြောင့်မတ်ခြင်းဂုဏ်ကို လူတိုင်းမက်ကြတာ မဆန်းပါဘူး။ မိန်းကလေးတစ်ယောက်အတွက် သစ္စာကြီးပြီး ကိုယ့်အပေါ် မြတ်မြတ်နိုးနိုး ချစ်နိုင်မယ့်သူကိုပဲ လိုချင်တာလည်း ထူးဆန်းမှာ မဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာ ဖြောင့်မတ်တည်ကြည်တဲ့ အချစ်တွေနဲ့ ထီးလိုမိုးပြီး တစ်သက်လုံး ဂရုစိုက်နိုင်မယ့်သူကို ရရင် ဘယ်သူမဆို ကံကောင်းပါပြီ …။

ရုပ်ရည်နဲ့ စတိုင်တွေ ၊ ဖက်ရှင်နဲ့ ကိုယ်လုံးကိုယ်ပေါက်အလှအပတွေဆိုတာ ကိုယ်ကျင့်သိက္ခာနဲ့ သစ္စာတရားလောက် မလှပါဘူး။ ဒါကြောင့်ပဲ ရှေ့ရေးကို ဉာဏ်ကြီးကြီးနဲ့ တွေးထားတဲ့ မိန်းကလေးတွေဟာ ဘဝလက်တွဲဖော်ရွေးချိန်မှာ ရုပ်အလှထက် ကိုယ့်အပေါ်မှာ တကယ်ပဲ ချစ်တဲ့စိတ်နဲ့ စောင့်ရှောက်သွားမယ့်သူလားဆိုတာ ဦးစားပေးတာပဲ ဖြစ်ပါတယ်နော် …။ ။

Credit