အခ်စ္စိတ္က ပိုၿပီးႏိုးၾကားလာေစမယ့္ အျပဳအမူေလးေတြ….

အခ်စ္စိတ္က ပိုၿပီးႏိုးၾကားလာေစမယ့္ အျပဳအမူေလးေတြ….

အခ်စ္စိတ္က ပိုၿပီးႏိုးၾကားလာေစမယ့္ အျပဳအမူေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ . . .။

အနမ္းေလးေတြထဲကမွ မထိတထိ အနမ္းေလးေတြကေတာ့ အနမ္းခံရသူရဲ႕ ရင္ထဲက အခ်စ္စိတ္ေတြကို ထူးထူးျခားျခား ႏိုးၾကား ေစႏိုင္ပါတယ္ . . .။

ကိုယ့္ရဲ႕ အျပဳအမူေလးေတြေၾကာင့္ ကိုယ္ခ်စ္ရသူက ကိုယ့္ကိုပိုပိုၿပီး ခ်စ္လာတာမ်ိဳးကို လူတိုင္းလိုခ်င္ၾကမယ္လို႔ ထင္ပါတယ္ . . .။

ဒါေၾကာင့္ ဘယ္လို အျပဳအမူေလးေတြက ကိုယ့္ခ်စ္သူရဲ႕ အခ်စ္စိတ္ကို ပိုၿပီး ႏိုးၾကားတက္ႂကြလာေစသလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္ေနာ္ . . .။

အခ်စ္ကေလးတို႔ကို ခ်စ္သူက ပိုပို ခ်စ္လာေစဖို႔ အတြက္ပဲ ျဖစ္ပါတယ္ …။

(၁) နားနားကပ္ေျပာတဲ့ စကားတိုးတိုးေလးေတြ”

ႏွစ္ကိုယ္ၾကားစကားေလးေတြကို ခ်စ္သူရဲ႕ နားနားကပ္ၿပီး ခပ္တိုးတိုးေလး ေျပာရတာက ရင္ခုန္စရာေကာင္းသလို၊ ေပ်ာ္စရာလည္း ေကာင္းလွတဲ့ အျပဳအမူေလးေတြပဲ ျဖစ္ပါတယ္ . . .။

ကိုယ့္ရဲ႕ ႏႈတ္ခမ္းသားနဲ႔ ခ်စ္သူရဲ႕ နား႐ြက္နားေလး မထိတထိ ျဖစ္ေနတဲ့ အေနအထားေလးက သူ႕ရင္ထဲက အခ်စ္ေတြကို လိႈင္းလုံးေတြလို ႐ုန္းႂကြေစမယ့္ အျပဳအမူေလး တစ္ခုပါပဲ . . .။

(၂) မနာက်င္ေအာင္ ကိုက္တာ”

ခ်စ္သူေလးကို အသဲယားၿပီး ကိုက္ဖူးၾကသလား၊ သြားႀကီးနဲ႔ ကိုက္လိုက္တာမ်ိဳး မဟုတ္ဘဲ

ႏႈတ္ခမ္းသားေလးနဲ႔ ဖိကိုက္တာမ်ိဳးေလးက အခ်စ္စိတ္ကို တကယ့္ကို ႏိုးၾကားေစတဲ့ အျပဳအမူေလး တစ္ခုပါ . . .။

ေကာင္ေလးေတြက အားအားေန လိုက္ကိုက္တတ္တဲ့ ေကာင္မေလးေတြကို အသဲယားၿပီး ပိုခ်စ္တတ္တယ္လို႔ ဆိုထားၾကပါတယ္ . . .။

(၃) တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္တာ”

တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ျခင္းက တစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ေတြကို တစ္ေယာက္ဆီ အလ်င္ျမန္ဆုံး ကူးစက္ေစတဲ့ နည္းလမ္းေလး ဆိုလည္း မမွားပါဘူး . . .။

တစ္ေယာက္နဲ႔ တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ၿပီး အခ်စ္စိတ္ ခံစားခ်က္ေတြကို ႏွစ္ဆ တိုးပြားေစလိုက္ပါပဲ . . .။

(၄) မထိတထိ အနမ္းေလးေတြ”

အနမ္းေလးေတြ ဆိုတာက ခ်စ္သူေတြ အတြက္ေတာ့ အခ်စ္ရဲ႕ ေရေသာက္ျမစ္ႀကီး တစ္ခုလိုပါပဲ . . .။

ဒါေၾကာင့္ အခ်စ္ေတြ မခမ္းသြားဖို႔ ခ်စ္သူေတြၾကားမွာ အနမ္းအဆက္အသြယ္ေတြ မပ်က္ သင့္ပါဘူး . . .။

အနမ္းေလးေတြထဲကမွ မထိတထိအနမ္းေလးေတြကေတာ့ အနမ္းခံရသူရဲ႕ ရင္ထဲက အခ်စ္စိတ္ေတြကို ထူးထူးျခားျခား ႏိုးၾကား ေစႏိုင္ပါတယ္ . . .။ ။

Crd ေလးစားစြာျဖင့္

Unicode Version ဖြင့်ဖတ်ရန်

အချစ်စိတ်က ပိုပြီးနိုးကြားလာစေမယ့် အပြုအမူလေးတွေ….

အချစ်စိတ်က ပိုပြီးနိုးကြားလာစေမယ့် အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .။

အနမ်းလေးတွေထဲကမှ မထိတထိ အနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြား စေနိုင်ပါတယ် . . .။

ကိုယ့်ရဲ့ အပြုအမူလေးတွေကြောင့် ကိုယ်ချစ်ရသူက ကိုယ့်ကိုပိုပိုပြီး ချစ်လာတာမျိုးကို လူတိုင်းလိုချင်ကြမယ်လို့ ထင်ပါတယ် . . .။

ဒါကြောင့် ဘယ်လို အပြုအမူလေးတွေက ကိုယ့်ချစ်သူရဲ့ အချစ်စိတ်ကို ပိုပြီး နိုးကြားတက်ကြွလာစေသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်နော် . . .။

အချစ်ကလေးတို့ကို ချစ်သူက ပိုပို ချစ်လာစေဖို့ အတွက်ပဲ ဖြစ်ပါတယ် …။

(၁) နားနားကပ်ပြောတဲ့ စကားတိုးတိုးလေးတွေ”

နှစ်ကိုယ်ကြားစကားလေးတွေကို ချစ်သူရဲ့ နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရတာက ရင်ခုန်စရာကောင်းသလို၊ ပျော်စရာလည်း ကောင်းလှတဲ့ အပြုအမူလေးတွေပဲ ဖြစ်ပါတယ် . . .။

ကိုယ့်ရဲ့ နှုတ်ခမ်းသားနဲ့ ချစ်သူရဲ့ နားရွက်နားလေး မထိတထိ ဖြစ်နေတဲ့ အနေအထားလေးက သူ့ရင်ထဲက အချစ်တွေကို လှိုင်းလုံးတွေလို ရုန်းကြွစေမယ့် အပြုအမူလေး တစ်ခုပါပဲ . . .။

(၂) မနာကျင်အောင် ကိုက်တာ”

ချစ်သူလေးကို အသဲယားပြီး ကိုက်ဖူးကြသလား၊ သွားကြီးနဲ့ ကိုက်လိုက်တာမျိုး မဟုတ်ဘဲ

နှုတ်ခမ်းသားလေးနဲ့ ဖိကိုက်တာမျိုးလေးက အချစ်စိတ်ကို တကယ့်ကို နိုးကြားစေတဲ့ အပြုအမူလေး တစ်ခုပါ . . .။

ကောင်လေးတွေက အားအားနေ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတွေကို အသဲယားပြီး ပိုချစ်တတ်တယ်လို့ ဆိုထားကြပါတယ် . . .။

(၃) တင်းတင်းကျပ်ကျပ် ပွေ့ဖက်တာ”

တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခြင်းက တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို တစ်ယောက်ဆီ အလျင်မြန်ဆုံး ကူးစက်စေတဲ့ နည်းလမ်းလေး ဆိုလည်း မမှားပါဘူး . . .။

တစ်ယောက်နဲ့ တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး အချစ်စိတ် ခံစားချက်တွေကို နှစ်ဆ တိုးပွားစေလိုက်ပါပဲ . . .။

(၄) မထိတထိ အနမ်းလေးတွေ”

အနမ်းလေးတွေ ဆိုတာက ချစ်သူတွေ အတွက်တော့ အချစ်ရဲ့ ရေသောက်မြစ်ကြီး တစ်ခုလိုပါပဲ . . .။

ဒါကြောင့် အချစ်တွေ မခမ်းသွားဖို့ ချစ်သူတွေကြားမှာ အနမ်းအဆက်အသွယ်တွေ မပျက် သင့်ပါဘူး . . .။

အနမ်းလေးတွေထဲကမှ မထိတထိအနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြား စေနိုင်ပါတယ် . . .။ ။

Crd လေးစားစွာဖြင့်