မ်က္ႏွာကို ေရခဲပြတ္ျခင္းျဖင့္ ရ႐ွိႏိုင္ေသာ အံ႕မခန္းအက်ိဳးေက်းဇူး(၆)ခု
မ်က္ႏွာကို ကုသပုံ ကုသနည္း အမ်ိဳးမ်ိဳး ႐ွိသည့္အနက္မွ ဒီတစ္ခါမွာေတာ့ ေရခဲျဖင့္ ကုသနည္းေလးကို တင္ျပေပးလိုက္ပါတယ္ေနာ္ …။
ဒီနည္းေလးဟာ လူတိုင္းလည္း အလြယ္တကူ လုပ္ႏိုင္ၿပီး အခ်ိန္ႏွင့္ ေငြလည္း မ်ားစြာ မကုန္ေစတဲ့ နည္းေလးပဲျဖစ္ပါတယ္ …။
လိုအပ္ပစၥည္းကေတာ့ ေရခဲတုံးသာ ျဖစ္ပါတယ္ …။
(၁) အသားအရည္ကို ၾကည္လင္ေစႏိုင္ပါတယ္”
ေရခဲတုံးျဖင့္ မ်က္ႏွာကို ပြတ္တိုက္ေပးျခင္း အားျဖင့္ ေသြးလည္ပတ္မူကို အေထာက္ အကူျပဳေစမွာ ျဖစ္ၿပီး မ်က္ႏွာကို သိသိသာသာ ၾကည္လင္လာေစမွာပဲ ျဖစ္ပါတယ္ …။
(၂) မ်က္ႏွာေပၚမွ အရာမ်ားကို ဖယ္႐ွားႏိုင္ျခင္း”
မ်က္ႏွာေပၚမွာ ႐ွိတဲ့ အမည္းစက္မ်ား၊ ဝက္ျခံမ်ား သာမကဘဲ ေရာင္ရမ္းျခင္းႏွင့္ မ်က္ႏွာ နီျမန္းျခင္း ေတြကို သက္သာေစႏိုင္ပါတယ္ …။
(၃) မ်က္လုံးေအာက္က အေရအေၾကာင္းမ်ားကို ကုသေပးႏိုင္ျခင္း”
ညဘက္မအိပ္ခင္မွာ သခြားသီးျဖင့္ ေရာစပ္ကာ အသုံးျပဳျခင္းျဖင့္ မ်က္လုံးေအာက္မွ အေရးအေၾကာင္းေတြကို ဖယ္႐ွားပစ္ ႏိုင္ပါတယ္ …။
(၄) Toner အျဖင့္လည္း အသုံးျပဳႏိုင္ျခင္း”
မိတ္ကပ္မ်ား မလိမ္းခင္ မ်က္ႏွာေပၚမွာ႐ွိတဲ့ အညစ္အေၾကးမ်ားကို သန္႔စင္ေစရန္ ေရခဲတုံးကို Toner အျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္ …။
(၅) မိတ္ကပ္အစား သုံးႏိုင္ပါျခင္း”
အကယ္၍ မိတ္ကပ္လိမ္းဖို႔ အခ်ိန္ မ႐ွိဘူး ဆိုရင္ ေရခဲတုံးကို အဝတ္စျဖင့္ ပတ္ၿပီး မ်က္ႏွာ တစ္ခုလုံး ပြတ္တိုက္ႏိုင္ပါတယ္ …။
ထိုအခါ မ်က္ႏွာဟာ ၾကည္လင္ လာၿပီး သဘာဝ မ်က္ႏွာ ပုံစံျဖစ္သြားမွာပါ …။
(၆) ပါးေရနားေရတြန္႔ျခင္းကို ကာကြယ္ေပးႏိုင္ျခင္း”
ေနာက္ဆုံး အခ်က္ကေတာ့ ေရခဲတုံးဟာ ပါးေရနားေရတြန္႔ျခင္းႏွင့္ မ်က္ႏွာအေရး အေၾကာင္းမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္ …။
အဲဒီ အတြက္ေၾကာင့္ ေရခဲတုံးကိုမ်က္ႏွာ အသားအရည္ အတြက္ မ႐ွိမျဖစ္ အသုံးျပဳႏိုင္ရန္ တင္ျပေပးလိုက္ပါတယ္ေနာ္ …။ ။
ခရက္ဒစ္
Unicode Version ဖြင့်ဖတ်ရန်
မျက်နှာကို ရေခဲပွတ်ခြင်းဖြင့် ရရှိနိုင်သော အံ့မခန်းအကျိုးကျေးဇူး(၆)ခု
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ ဒီတစ်ခါမှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေးလိုက်ပါတယ်နော် …။
ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပဲဖြစ်ပါတယ် …။
လိုအပ်ပစ္စည်းကတော့ ရေခဲတုံးသာ ဖြစ်ပါတယ် …။
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်”
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင်လာစေမှာပဲ ဖြစ်ပါတယ် …။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း”
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်း တွေကို သက်သာစေနိုင်ပါတယ် …။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ခြင်း”
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေးအကြောင်းတွေကို ဖယ်ရှားပစ် နိုင်ပါတယ် …။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ခြင်း”
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြစ်လည်း အသုံးပြုနိုင်ပါတယ် …။
(၅) မိတ်ကပ်အစား သုံးနိုင်ပါခြင်း”
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ် …။
ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ မျက်နှာ ပုံစံဖြစ်သွားမှာပါ …။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း”
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ် …။
အဲဒီ အတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေးလိုက်ပါတယ်နော် …။ ။
ခရက်ဒစ်