လက္႐ွိ တြဲေနတဲ့သူနဲ႔ ေရစက္ပါ၊ မပါသိႏိုင္မယ့္ အခ်က္…

လက္႐ွိ တြဲေနတဲ့သူနဲ႔ ေရစက္ပါ၊ မပါသိႏိုင္မယ့္ အခ်က္…

ေရစက္သာပါလာရင္ ၾကံဖန္ၿပီးဆုံရသလိုပဲ ေရစက္မပါရင္ ၾကံဖန္ၿပီးလြဲတယ္ဆိုတဲ့ စကားေလး ၾကားဖူးၾကမွာပါ …။

လူတိုင္းက ေရစက္ ပါလို႔ေတြ႕ဆုံၾကသလိုပဲ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ ဆိုတာလည္း အတိတ္ဘဝကဆုံဖူး ဆုေတာင္းခဲ့ ဖူးတဲ့ ဆုေတာင္းေတြေၾကာင့္ အခုဘဝမွာ လက္တြဲေဖာ္အေနနဲ႔ ျပန္ဆုံေတြ႕တယ္လို႔ ယုံၾကည္ၾကပါတယ္ …။

ဒီလိုပဲ ကိုယ္တစ္ႀကိမ္တစ္ခါမွ မဆုံဖူးပါပဲ ျမင္ျမင္ ခ်င္းခ်စ္မိတဲ့ အခ်စ္ဆိုတာ အတိတ္ဘဝကေ႐ွးေရစက္ေၾကာင့္ ျဖစ္လာရတဲ့ အခ်စ္လို႔ယုံ ၾကည္ထားၾကပါတယ္။ သူနဲ႔ကိုယ္နဲ႔ ေရစက္လားဆိုတာကို သိႏိုင္တဲ့ အခ်က္ေလးေတြ႐ွိပါတယ္ေနာ္ …။

၁။ ပထမဆုံးဆုံတဲ့အခါ ရင္းႏွီးေနတဲ့ ခံစားခ်က္မ်ိဳး”

သူနဲ႔ပထမဆုံးစေတြ႕တဲ့ အခ်ိန္မွာ အရင္ထဲကေတြ႕ခဲ့ဖူးသလို၊ တစ္ေနရာမွာ ျမင္ဖူးခဲ့သလို စိတ္ထဲမွာရင္းႏွီးေနတဲ့ခံစားခ်က္မ်ိဳး ရလိုက္တာပါ။ ျမင္ျမင္ခ်င္း ခ်စ္မိတာမ်ိဳး မဟုတ္ရင္ေတာင္ ခဏေလးအတြင္းမွာ အႏွစ္ႏွစ္ အလလက ခင္မင္ခဲ့ ဖူးသလိုမ်ိဳး သံေယာဇဥ္တြယ္ၿပီး ခ်စ္မိသြားတာမ်ိဳးပါ …။

တကယ္ ေ႐ွးေရစက္သာဆိုရင္ စိတ္ခ်ပါ။ သင့္အခ်စ္က တစ္ဖက္သက္ လုံး၀ မဟုတ္ပါဘူး။ သူဘက္ကလည္း သင့္လို တစ္ထပ္တည္း ခံစားရမွာပါ …။

၂။ အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ သူနဲ႔ဆုံေတြ႕ရတာမ်ိဳး”

အစမွာေျပာခဲ့သလိုပါပဲ ေရစက္ပါလာရင္ ေ႐ွာင္လြဲလို႔မရ ပါဘူး။ ၾကံဖန္ၿပီးကို ဆုံရမွာပါ။ ပထမဆုံးေတြ႕႐ုံနဲ႔ ရင္းႏွီးတဲ့ ခံစားခ်က္ မ်ိဳးထက္ သူက ကိုယ့္ေ႐ွ႕ကို အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ ခဏ ခဏေရာက္ လာတာ မ်ိဳးပါ …။

မ်က္လုံးခ်င္းဆုံေတြ႕တဲ့အခါမ်ိဳး မွာလည္း စကားသာ မေျပာဖူးရင္ မေျပာဖူးမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးၿပီးသား ျဖစ္ေနပါၿပီ …။

၃။ Telepathy လို႔ေခၚတဲ့ စိတ္ခ်င္းဆက္ႏြယ္ေနမႈမ်ိဳး”

ဒီအဆင့္ကေတာ့ ခ်စ္သူေတြျဖစ္ၿပီး မွၾကဳံေတြ႕ရတဲ့ အဆင့္ပါ။

မက္ေဆ့ပို႔ေနရင္း တူညီတဲ့စာေၾကာင္းေလးေတြ ပို႔မိတာမ်ိဳး၊ ကိုယ္က သူ႕ကို ဖုန္းဆက္ဖို႔ ဖုန္းဖြင့္လိုက္တဲ့အခ်ိန္ သူ႕ဆီကဖုန္းလာတာမ်ိဳး၊ ကိုယ္စားခ်င္တဲ့ အစားအေသာက္ေလးေတြဆို မေတာင္းဆိုပါပဲ သူကဝယ္ လာေပးတာမ်ိဳး ၾကဳံရမွာပါ …။

တိုက္ဆိုင္မႈ မဟုတ္ပါဘူး။ ဒါဟာသူနဲ႔ ကိုယ့္ၾကားက ႐ွင္းျပဖို႔ခက္တဲ့ စိတ္ခ်င္းဆက္ ႏြယ္ေနမႈမ်ိဳး ျဖစ္ပါတယ္ …။

၄။ စိတ္ေနသေဘာထားခ်င္း တူေနတာမ်ိဳး”

အေၾကာင္းအရာတစ္ခုကို ေဝဖန္တဲ့အခါမ်ိဳး၊ အမွားအမွန္ ခြဲျခားတဲ့အခါမ်ိဳးေတြမွာေတာင္ သူနဲ႔ကိုယ္က မတိုင္ပင္ထားပါပဲ အျမင္ သေဘာထား တူညီေနတာမ်ိဳးပါ။ အျမင္တစ္ဖက္တည္းမွာ ႐ွိေနတတ္တာ မ်ိဳးပါ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

လက်ရှိ တွဲနေတဲ့သူနဲ့ ရေစက်ပါ၊ မပါသိနိုင်မယ့် အချက်…

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ …။

လူတိုင်းက ရေစက် ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ဆိုတာလည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘဝမှာ လက်တွဲဖော်အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ် …။

ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင် ချင်းချစ်မိတဲ့ အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်နော် …။

၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး”

သူနဲ့ပထမဆုံးစတွေ့တဲ့ အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာ မြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုး ရလိုက်တာပါ။ မြင်မြင်ချင်း ချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ …။

တကယ် ရှေးရေစက်သာဆိုရင် စိတ်ချပါ။ သင့်အချစ်က တစ်ဖက်သက် လုံး၀ မဟုတ်ပါဘူး။ သူဘက်ကလည်း သင့်လို တစ်ထပ်တည်း ခံစားရမှာပါ …။

၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး”

အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရ ပါဘူး။ ကြံဖန်ပြီးကို ဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ ခံစားချက် မျိုးထက် သူက ကိုယ့်ရှေ့ကို အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ ခဏ ခဏရောက် လာတာ မျိုးပါ …။

မျက်လုံးချင်းဆုံတွေ့တဲ့အခါမျိုး မှာလည်း စကားသာ မပြောဖူးရင် မပြောဖူးမယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသား ဖြစ်နေပါပြီ …။

၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး”

ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီး မှကြုံတွေ့ရတဲ့ အဆင့်ပါ။

မက်ဆေ့ပို့နေရင်း တူညီတဲ့စာကြောင်းလေးတွေ ပို့မိတာမျိုး၊ ကိုယ်က သူ့ကို ဖုန်းဆက်ဖို့ ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီကဖုန်းလာတာမျိုး၊ ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ် လာပေးတာမျိုး ကြုံရမှာပါ …။

တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါဟာသူနဲ့ ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုး ဖြစ်ပါတယ် …။

၄။ စိတ်နေသဘောထားချင်း တူနေတာမျိုး”

အကြောင်းအရာတစ်ခုကို ဝေဖန်တဲ့အခါမျိုး၊ အမှားအမှန် ခွဲခြားတဲ့အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင်ထားပါပဲ အမြင် သဘောထား တူညီနေတာမျိုးပါ။ အမြင်တစ်ဖက်တည်းမှာ ရှိနေတတ်တာ မျိုးပါ …။ ။

Credit