ခ်စ္မိသြားတဲ့အခါမွာ ျဖစ္ေပၚလာမယ့္ လူမသိသူမသိအခ်စ္ရဲ႕ေကာင္းက်ိဳးေလးေတြ…

ခ်စ္မိသြားတဲ့အခါမွာ ျဖစ္ေပၚလာမယ့္ လူမသိသူမသိအခ်စ္ရဲ႕ေကာင္းက်ိဳးေလးေတြ…

တစ္ခ်ိဳ႕လူေတြက အခ်စ္ဆိုတာကို အယုံအၾကည္ မ႐ွိၾကသလို၊ တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း မခ်စ္ရ မေနႏိုင္ၾကျပန္ပါဘူး။ ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ့္ရဲ႕ ခံယူခ်က္ေတြကသာ အမွန္လို႔ ထင္တတ္ၾကတာေပမယ့္ ေနရာတိုင္းမွာ အစြန္းတစ္ဖက္ ေရာက္မသြားတာကေတာ့ အေကာင္းဆုံးပါပဲ။ အခုေျပာျပခ်င္တဲ့ အေၾကာင္းကေတာ့ အခ်စ္မွာ ဒီလို ေကာင္းက်ိဳးေလးေတြလည္း ႐ွိေနပါေသးတယ္ ဆိုတာပါပဲ …။

(၁) စိတ္ခံစားမႈဆိုင္ရာ စြမ္းအင္ကို တိုးျမႇင့္ေပးတယ္။

အခ်စ္က စိတ္နဲ႔ ဆိုင္တဲ့ စိတ္ခံစားမႈဆိုင္ရာ က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ေလ့လာေတြ႕႐ွိခ်က္ေတြအရ လူတစ္ေယာက္ အခ်စ္ကို ခံစားမိတဲ့အခ်ိန္မွာ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔ ကိုယ္ေနဟန္ထားေတြက အစ ေျပာင္းလဲသြားတတ္ပါတယ္။ ေနာက္ၿပီး အေကာင္းျမင္စိတ္ေတြ မ်ားေနတတ္ၿပီး စိတ္လည္းေပ်ာ္႐ႊင္ ေနတတ္ပါတယ္တဲ႔ …။

(၂) ႏုပ်ိဳေစတယ္။

အခ်စ္က လူကို ပိုႏုပ်ိဳေစတယ္ဆိုတာကိုေတာ့ ၾကားဖူးၾကမယ္ထင္ပါတယ္။ အခ်စ္က မ်ားမ်ား ျပဳံးရယ္လာေအာင္ စြမ္းေဆာင္ႏိုင္တဲ့အတြက္ေၾကာင့္ လူေတြကို စိတ္ေပ်ာ္ကိုယ္ႏု ျဖစ္ေစပါတယ္ …။

ဒါေၾကာင့္ လူေတြက အသက္ႀကီးေပမယ့္ ႏုပ်ိဳရတဲ့ အခ်က္က အခ်စ္ေၾကာင့္လို႔ ေျပာၾကတာ ျဖစ္ပါတယ္ …။

(၃) ရက္ေရာတတ္လာသလို ပိုေပ်ာ္႐ႊင္ရတယ္။

အခ်စ္က လူတစ္ေယာက္ရဲ႕ positive energy ကို ထုတ္လႊတ္ေပးၿပီး ဒါဟာ ေန႔ရက္တိုင္းအတြက္ မ႐ွိမျဖစ္ လိုအပ္တဲ့စြမ္းအင္တစ္ခုပါ။ ဒီစြမ္းအင္က လူတစ္ေယာက္ကို အေပးအကမ္းရက္ေရာတဲ့သူ တစ္ေယာက္ျဖစ္ေအာင္ပါ စြမ္းေဆာင္ႏိုင္ၿပီးေတာ့ ဒါက ေပ်ာ္႐ႊင္မႈကို ခံစားရေစႏိုင္ပါတယ္နာ္ …။

(၄) စိတ္ဖိစီးမႈကို ေလ်ာ့က်ေစတယ္။

အခ်စ္ဆိုတာ ဟိုအရင္ကေတာ့ စိတ္ဖိစီးမႈကို ျဖစ္ေစတယ္လို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အခ်စ္က စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္တဲ့ေနာ္။ အထူးသျဖင့္ အမ်ိဳးသားေတြအေနနဲ႔ ပိုထိေရာက္မႈ႐ွိၿပီး တစ္စုံတစ္ေယာာက္ကို ခ်စ္မိတဲ့အခါ အဲဒီ့လူဆီက ဂ႐ုစိုက္မႈေတြ၊ ခ်စ္ျခင္းေတြနဲ႔ ကိုယ့္ရဲ႕အခ်စ္ေတြက စိတ္ဖိစီးမႈေတြကို သက္သာေစပါတယ္ …။

ဒါေၾကာင့္ပဲ အိမ္ေထာင္႐ွင္အမ်ိဳးသားေတြဟာ ပိုျပီး ေပ်ာ္႐ႊင္ က်န္းမာေနတတ္ၾကပါတယ္တဲ့ …။

(၅) ေရာဂါခုခံစနစ္ကို တိုးျမင့္ေပးတယ္။

လူတစ္ေယာက္ ခ်စ္မိသြားတဲ့အခါ အဲဒီ့လူရဲ႕ ကိုယ္တြင္း ေရာဂါခုခံတဲ့ဓာတ္တစ္မ်ိဳးက gene ေတြကို တုံ႔ျပန္ေပးၿပီး ေရာဂါပိုးေတြကို အလြယ္တကူ မဝင္ေရာက္ႏိုင္ပါဘူး။ ေနာက္ၿပီး ဒါက ကူးစက္ေရာဂါနဲ႔ virus ေတြကို မဝင္ေရာက္ေအာင္လည္း တားဆီးေပးႏိုင္ပါတယ္တဲ့ …။

ခင္

Unicode Version ဖြင့်ဖတ်ရန်

ချစ်မိသွားတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် လူမသိသူမသိအချစ်ရဲ့ကောင်းကျိုးလေးတွေ…

တစ်ချို့လူတွေက အချစ်ဆိုတာကို အယုံအကြည် မရှိကြသလို၊ တစ်ချို့ကျပြန်တော့လည်း မချစ်ရ မနေနိုင်ကြပြန်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ခံယူချက်တွေကသာ အမှန်လို့ ထင်တတ်ကြတာပေမယ့် နေရာတိုင်းမှာ အစွန်းတစ်ဖက် ရောက်မသွားတာကတော့ အကောင်းဆုံးပါပဲ။ အခုပြောပြချင်တဲ့ အကြောင်းကတော့ အချစ်မှာ ဒီလို ကောင်းကျိုးလေးတွေလည်း ရှိနေပါသေးတယ် ဆိုတာပါပဲ …။

(၁) စိတ်ခံစားမှုဆိုင်ရာ စွမ်းအင်ကို တိုးမြှင့်ပေးတယ်။

အချစ်က စိတ်နဲ့ ဆိုင်တဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက် အချစ်ကို ခံစားမိတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်နေဟန်ထားတွေက အစ ပြောင်းလဲသွားတတ်ပါတယ်။ နောက်ပြီး အကောင်းမြင်စိတ်တွေ များနေတတ်ပြီး စိတ်လည်းပျော်ရွှင် နေတတ်ပါတယ်တဲ့ …။

(၂) နုပျိုစေတယ်။

အချစ်က လူကို ပိုနုပျိုစေတယ်ဆိုတာကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ အချစ်က များများ ပြုံးရယ်လာအောင် စွမ်းဆောင်နိုင်တဲ့အတွက်ကြောင့် လူတွေကို စိတ်ပျော်ကိုယ်နု ဖြစ်စေပါတယ် …။

ဒါကြောင့် လူတွေက အသက်ကြီးပေမယ့် နုပျိုရတဲ့ အချက်က အချစ်ကြောင့်လို့ ပြောကြတာ ဖြစ်ပါတယ် …။

(၃) ရက်ရောတတ်လာသလို ပိုပျော်ရွှင်ရတယ်။

အချစ်က လူတစ်ယောက်ရဲ့ positive energy ကို ထုတ်လွှတ်ပေးပြီး ဒါဟာ နေ့ရက်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့စွမ်းအင်တစ်ခုပါ။ ဒီစွမ်းအင်က လူတစ်ယောက်ကို အပေးအကမ်းရက်ရောတဲ့သူ တစ်ယောက်ဖြစ်အောင်ပါ စွမ်းဆောင်နိုင်ပြီးတော့ ဒါက ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်နာ် …။

(၄) စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

အချစ်ဆိုတာ ဟိုအရင်ကတော့ စိတ်ဖိစီးမှုကို ဖြစ်စေတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အချစ်က စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်တဲ့နော်။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ ပိုထိရောက်မှုရှိပြီး တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ အဲဒီ့လူဆီက ဂရုစိုက်မှုတွေ၊ ချစ်ခြင်းတွေနဲ့ ကိုယ့်ရဲ့အချစ်တွေက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ် …။

ဒါကြောင့်ပဲ အိမ်ထောင်ရှင်အမျိုးသားတွေဟာ ပိုပြီး ပျော်ရွှင် ကျန်းမာနေတတ်ကြပါတယ်တဲ့ …။

(၅) ရောဂါခုခံစနစ်ကို တိုးမြင့်ပေးတယ်။

လူတစ်ယောက် ချစ်မိသွားတဲ့အခါ အဲဒီ့လူရဲ့ ကိုယ်တွင်း ရောဂါခုခံတဲ့ဓာတ်တစ်မျိုးက gene တွေကို တုံ့ပြန်ပေးပြီး ရောဂါပိုးတွေကို အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ နောက်ပြီး ဒါက ကူးစက်ရောဂါနဲ့ virus တွေကို မဝင်ရောက်အောင်လည်း တားဆီးပေးနိုင်ပါတယ်တဲ့ …။

ခင်