မိန္းကေလးတိုင္းသတိျပဳသင့္တဲ့ အမ်ိဳးသမီးေရာဂါမ်ားရဲ႕အစပ်ိဳးလကၡဏာမ်ား…

မိန္းကေလးတိုင္းသတိျပဳသင့္တဲ့ အမ်ိဳးသမီးေရာဂါမ်ားရဲ႕အစပ်ိဳးလကၡဏာမ်ား…

အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ဖြဲ႕စည္းပုံက အမ်ိဳးသားေတြနဲ႔ လုံးဝကိုျခားနားေနၿပီး

အမ်ိဳးသမီးေတြမွာပဲ ျဖစ္တတ္တဲ့ေရာဂါတခ်ိဳ႕ေၾကာင့္

ကိုယ့္ကိုယ္ကို ပိုျပီး ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္ …။

အသက္အႏၲရာယ္ကိုၿခိမ္းေျခာက္ႏိုင္တဲ့ ေရာဂါေတြဟာ

တစ္ရက္ႏွစ္ရက္အတြင္း ျဖစ္လာတာမ်ိဳး မဟုတ္ဘဲ ရက္႐ွည္လမ်ား အစပ်ိဳးၿပီး ျဖစ္လာတာပါ …။

ေရာဂါအစျပဳေနခ်ိန္မွာ သတိထားမိမွသာ အသက္အႏၲရာယ္မျဖစ္ေအာင္ အခ်ိန္မီတားဆီးႏိုင္မွာပဲ ျဖစ္ပါတယ္ …။

ဒါေၾကာင့္ အမ်ိဳးသမီးတိုင္းသတိျပဳသင့္တဲ့ ေရာဂါအစပ်ိဳးလကၡဏာေတြကို ခ်စ္တို႔ ဂရုစိုက္ႏိုင္ေအာင္ ေျပာျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ဗိုက္ပူေနျခင္း”

မိန္းကေလးေတြဟာ အသက္ရလာတာနဲ႔အမွ် ေလ့က်င့္ခန္းေတြ ေသခ်ာမလုပ္ဘူးဆိုရင္ သိသိသာသာ ဗိုက္ပူလာတတ္ပါတယ္ …။

ဗိုက္မွာအဆီစုၿပီး ဗိုက္ပူတာက ပုံမွန္ပဲျဖစ္ေပမယ့္ အစားအမ်ားႀကီးစားထားသလိုမ်ိဳး

ဗိုက္ေဖာင္းၿပီး ပူေနတယ္ဆိုရင္ေတာ့ စိုးရိမ္ရပါတယ္ …။

ဝမ္းဗိုက္က အၿမဲလိုလိုတင္းၿပီး ပူေနတယ္ဆိုရင္ ဒါဟာ ရင္သားကင္ဆာ

ဒါမွမဟုတ္ သားအိမ္ကင္ဆာအစပ်ိဳးေနတာ ျဖစ္ေနႏိုင္ပါတယ္ …။

(၂) ေမးေစ့နားတဝိုက္ ဝက္ျခံေတြထြက္ျခင္း”

ဝက္ျခံထြက္တာကလည္း ေဟာ္မုန္းအေျပာင္းအလဲေတြ ျဖစ္တတ္တဲ့အရာမို႔ သိပ္ေတာ့မထူးဆန္းပါဘူး …။

ဒါေပမယ့္ ေမးေစ့နားတဝိုက္မွာ ဝက္ျခံေတြအၿမဲလိုလိုထြက္ေနတယ္ဆိုရင္ေတာ့

သင့္ခႏၶာကိုယ္ထဲက ေဟာ္မုန္းေတြ အလြန္အမင္း ကေမာက္ကမျဖစ္ေနပါၿပီ …။

သင့္ေမးေစ့နားတဝိုက္မွာ ဝက္ျခံေတြ အၿမဲထြက္ေနတယ္ဆိုရင္ေတာ႔

ဆရာဝန္နဲ႔ ေသခ်ာျပသစစ္ေဆး ျပသဖို႔လိုေနပါၿပီ …။

(၃) ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္လက္ေတြ အလြန္အမင္းနာက်င္ျခင္း”

ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္ေတြလက္ေတြနာတာက ပုံမွန္ျဖစ္ေနက်ပါပဲ …။

ဒါေပမယ့္ သင္ကေတာ့ သူမ်ားေတြထက္ပိုဆိုးၿပီး ေလ့က်င့္ခန္းလုပ္လိုက္တာနဲ႔

မခံမရပ္ႏိုင္ေအာင္ ၊ မလႈပ္ႏိုင္ေလာက္ေအာင္နာက်င္ေနတယ္ဆိုရင္ေတာ့ ကိုယ္တြင္းအဂၤါေတြ သိပ္မက်န္းမာဘူးဆိုတဲ့ လကၡဏာ ျဖစ္ပါတယ္ …။

ဒီလိုျဖစ္ေနရင္ ဆရာဝန္ျပသဖို႔ လိုပါတယ္ …။

(၄) ဓမၼတာလာစဥ္ ေသြးခဲမ်ားဆင္းျခင္း”

ဓမၼလာတဲ့အခါ ေသြးခဲေတြပါလာတာ၊ ေသြးေရာင္ကပုံမွန္လို မဟုတ္ပဲ

အညိဳေရာင္လိုလိုျဖစ္ေနတာေတြက သားအိမ္အတြက္ စိုးရိမ္ရတဲ့အေနအထားပါ …။

ဒီလိုအေျခအေနျဖစ္လာၿပီဆိုရင္ သားအိမ္အတြင္းအလုံးျဖစ္ေနတာမ်ိဳး၊

ေရအိတ္ျဖစ္ေနတာမ်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္ သားဖြားမီးယပ္ဆရာဝန္နဲ႔ ျပသဖို႔ လိုေနပါၿပီ …။

(၅) အစားစားခ်င္စိတ္ နည္းလြန္းျခင္း”

တခါတရံမွာ အစားစားခ်င္စိတ္ေပ်ာက္ေနတာမ်ိဳးကလည္း ပုံမွန္ျဖစ္တတ္တဲ့ အေနအထားတစ္ခုပါ …။

ဒါေပမယ့္ ကိုယ့္အႀကိဳက္ဆုံး အစားအစာကိုေတာင္စားခ်င္စိတ္မ႐ွိတာမ်ိဳး၊ တစ္ေနကုန္ေနလို႔မွ တစ္ခါေလာက္ပဲစားျဖစ္တာမ်ိဳးေတြ ျဖစ္ေနရင္ေတာ့

သတိထားရေတာ့မွာပါ။ ဒါက သားအိမ္ကင္ဆာ အစျပဳတဲ့လကၡဏာျဖစ္ေနႏိုင္လို႔ပါပဲ …။

(၆) ဆံပင္ေတြအမ်ားအျပား ကြၽတ္ျခင္း”

ေခါင္းၿဖီးလိုက္တာနဲ႔ဆံပင္ေတြတေထြးႀကီးကြၽတ္လာရင္ ေပါ့ဆမေနသင့္ပါဘူး …။

ဒါက ေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ျဖစ္ႏိုင္ၿပီး ဆံပင္ေတြအမ်ားအျပား ကြၽတ္တဲ့အေျခအေနကေန

ဒီထက္ပိုဆိုးတဲ့ အေျခအေနျဖစ္လာႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ျပသင့္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေးတိုင်းသတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ…

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး

အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တဲ့ရောဂါတချို့ကြောင့်

ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ် …။

အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ

တစ်ရက်နှစ်ရက်အတွင်း ဖြစ်လာတာမျိုး မဟုတ်ဘဲ ရက်ရှည်လများ အစပျိုးပြီး ဖြစ်လာတာပါ …။

ရောဂါအစပြုနေချိန်မှာ သတိထားမိမှသာ အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပဲ ဖြစ်ပါတယ် …။

ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ချစ်တို့ ဂရုစိုက်နိုင်အောင် ပြောပြပေးလိုက်ပါတယ်နော် …။

(၁) ဗိုက်ပူနေခြင်း”

မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေ သေချာမလုပ်ဘူးဆိုရင် သိသိသာသာ ဗိုက်ပူလာတတ်ပါတယ် …။

ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစားထားသလိုမျိုး

ဗိုက်ဖောင်းပြီး ပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ် …။

ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာ

ဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာ ဖြစ်နေနိုင်ပါတယ် …။

(၂) မေးစေ့နားတဝိုက် ဝက်ခြံတွေထွက်ခြင်း”

ဝက်ခြံထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တတ်တဲ့အရာမို့ သိပ်တော့မထူးဆန်းပါဘူး …။

ဒါပေမယ့် မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့

သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်း ကမောက်ကမဖြစ်နေပါပြီ …။

သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေ အမြဲထွက်နေတယ်ဆိုရင်တော့

ဆရာဝန်နဲ့ သေချာပြသစစ်ဆေး ပြသဖို့လိုနေပါပြီ …။

(၃) လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်လက်တွေ အလွန်အမင်းနာကျင်ခြင်း”

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ …။

ဒါပေမယ့် သင်ကတော့ သူများတွေထက်ပိုဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့

မခံမရပ်နိုင်အောင် ၊ မလှုပ်နိုင်လောက်အောင်နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူးဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ် …။

ဒီလိုဖြစ်နေရင် ဆရာဝန်ပြသဖို့ လိုပါတယ် …။

(၄) ဓမ္မတာလာစဉ် သွေးခဲများဆင်းခြင်း”

ဓမ္မလာတဲ့အခါ သွေးခဲတွေပါလာတာ၊ သွေးရောင်ကပုံမှန်လို မဟုတ်ပဲ

အညိုရောင်လိုလိုဖြစ်နေတာတွေက သားအိမ်အတွက် စိုးရိမ်ရတဲ့အနေအထားပါ …။

ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် သားအိမ်အတွင်းအလုံးဖြစ်နေတာမျိုး၊

ရေအိတ်ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့ လိုနေပါပြီ …။

(၅) အစားစားချင်စိတ် နည်းလွန်းခြင်း”

တခါတရံမှာ အစားစားချင်စိတ်ပျောက်နေတာမျိုးကလည်း ပုံမှန်ဖြစ်တတ်တဲ့ အနေအထားတစ်ခုပါ …။

ဒါပေမယ့် ကိုယ့်အကြိုက်ဆုံး အစားအစာကိုတောင်စားချင်စိတ်မရှိတာမျိုး၊ တစ်နေကုန်နေလို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့

သတိထားရတော့မှာပါ။ ဒါက သားအိမ်ကင်ဆာ အစပြုတဲ့လက္ခဏာဖြစ်နေနိုင်လို့ပါပဲ …။

(၆) ဆံပင်တွေအများအပြား ကျွတ်ခြင်း”

ခေါင်းဖြီးလိုက်တာနဲ့ဆံပင်တွေတထွေးကြီးကျွတ်လာရင် ပေါ့ဆမနေသင့်ပါဘူး …။

ဒါက ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်ပြီး ဆံပင်တွေအများအပြား ကျွတ်တဲ့အခြေအနေကနေ

ဒီထက်ပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်နော် …။ ။

ခရက်ဒစ်