မိန္းကေလး တစ္ေယာက္ ႐ူး႐ူးမူးမူး ခ်စ္ေနမိၿပီဆိုရင္…

မိန္းကေလး တစ္ေယာက္ ႐ူး႐ူးမူးမူး ခ်စ္ေနမိၿပီဆိုရင္…

Relationship တစ္ခု စတင္ခ်ိန္မွာ ေယာက်ာ္ေလးေတြရဲ႕ အခ်စ္က ၁၀၀% ျဖစ္ၿပီး မိန္းကေလးေတြ အခ်စ္ကေတာ့ ၁၀% ေလာက္ပဲ ရွိတယ္လို႔ သတ္မွတ္ထားၾကပါတယ္။ အခ်ိန္ၾကာလာတာနဲ႔ အမွ် မိန္းကေလးေတြရဲ႕ အခ်စ္က ၁၀% ကေန တစ္ရိပ္ရိပ္ တိုးတက္လာတတ္ ၾကပါတယ္ . . .။

ေနာက္ဆုံးမွာေတာ့ အဲ့ဒီေယာက်ာ္ေလး တစ္ေယာက္ကိုပဲ အခ်စ္ေတြ အားလုံး ပုံအပ္တတ္ၾကပါတယ္။ ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ သင့္ကို ႐ူး႐ူးမူးမူး ခ်စ္ေနၿပီဆိုရင္ ဒီအခ်က္ေတြကို ျပဳလုပ္ပါလိမ့္မယ္ေနာ္ . . .။

(၁) အခ်ိန္တိုင္း အတူတူရွိခ်င္လာမယ္”

သင့္နဲ႔ အတူရွိေနရတဲ့ အခ်ိန္ဟာ သူမအတြက္ေတာ့ ၿပီးျပည့္စုံတဲ့ အခ်ိန္ေလးလို႔ ခံစားလာရ ပါလိမ့္မယ္။ အတူတူ မရွိရင္ေတာင္မွ အြန္းလိုင္းေပၚက Video Call ေခၚၿပီး မ်က္ႏွာေလး ျမင္ခ်င္လာမိမယ္ . . .။

မိုးလင္းတာနဲ႔ သင့္အသံေလးကို ၾကားခ်င္မယ္။ အိပ္ယာဝင္ခါနီး သင့္ရဲ႕ Good Night အသံေလးနဲ႔အတူ အိပ္ယာ ဝင္ခ်င္မယ္။ သင့္နဲ႔ အဆက္သြယ္ျပတ္ေနတဲ့ အခ်ိန္ဟာ သူမအတြက္ေတာ့ ေန႔လည္ဘက္ မီးပ်က္သလို အရမ္းကို ပူေလာင္တယ္လို႔ ခံစားေနရပါလိမ့္မယ္ . . .။

(၂) စိတ္မခ် ျဖစ္လာမယ္”

သင့္ကို အခ်ိန္တိုင္း စိတ္မခ် ျဖစ္ေနပါ လိမ္႔မယ္။ သင္ဟာ သူမအေပၚ သစၥာရွိတဲ့သူ တစ္ေယာက္ဆိုတာ ယုံၾကည္ေနပါေသာ္လည္း စိုးရိမ္စိတ္ႀကီးက လႊမ္းမိုးေနတတ္ပါတယ္ . . .။

အခုေခတ္က စႏိုက္ေက်ာ္ ဇာတ္လမ္းေတြက မၾကာခဏ ၾကားေနရေတာ့ သင့္ကို မယုံတာထက္ တျခားမိန္းကေလးေတြကို မယုံၾကည္တာေၾကာင့္ စိတ္မခ် ျဖစ္ေနရတာပါေနာ္ . . .။

(၃) လိုအပ္ခ်က္ေတြကို လက္ခံလာႏိုင္မယ္”

သင့္မွာ ဘယ္လို လိုအပ္ခ်က္ေတြ ရွိေနပါေစ သင့္ကို ႐ူး႐ူးမူးမူး ခ်စ္ေနမိၿပီဆိုရင္ ဒါေတြအားလုံးကို နားလည္ေပးႏိုင္လာပါတယ္ . . .။

သင္ ေအာင္ျမင္ခ်ိန္မွာ အတူတူေပ်ာ္႐ႊင္မယ္။ သင္ က်ရႈံးခ်ိန္မွာ အေကာင္းဆုံး ႏွစ္သိမ့္အားေပးမယ္။ သင့္ကိုလည္း ဘယ္ေတာ့မွ အထင္ေသးတဲ့ စကားမ်ိဳး အျပဳအမူ၊ အေျပာအဆိုမ်ိဳးေတြ တစ္ခုမွ ေျပာဆိုမွာ မဟုတ္ပါဘူး . . .။

(၄) ရန္ျဖစ္ခ်ိန္ေတြ ေလ်ာ့လာမယ္”

ရန္လုံးဝမျဖစ္တဲ့ စုံတြဲဆိုတာေတာ့ မရွိသေလာက္ ကို ရွားပါတယ္။ ဒါေပမယ့္ သင္ကို ႐ူး႐ူးမူးမူး ခ်စ္မိေနတဲ့ မိန္းကေလးတစ္ေယာက္ဟာ မိန္းကေလးသဘာဝ စိတ္ဆိုးစိတ္ေကာက္တာ ရွိေပမယ့္ အၾကာႀကီး စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္ေနရမယ့္ အခ်ိန္ေတြကိုေတာ့ မလိုလားေတာ့ပါဘူး …။

ႏွစ္ကိုယ္တူ ေအးေအးခ်မ္းခ်မ္းေလးနဲ႔ ဘဝကို ျဖတ္သန္းခ်င္ လာပါလိမ့္မယ္ . . .။

(၅) အနာဂတ္အေၾကာင္းကို တိုင္ပင္လာမယ္”

သင့္ကို ႐ူး႐ူးမူးမူးခ်စ္ၿပီး သင့္ကိုပဲ အခ်စ္ေတြ အားလုံးပုံအပ္ ထားတာျဖစ္တဲ့အတြက္ အနာဂတ္ကိုလည္း သင့္နဲ႔ အတူတူ ဖန္တီး ပုံေဖာ္ခ်င္လာပါလိမ့္မယ္ . . .။

သင္နဲ႔ အတူတူလက္ထပ္ၿပီး သားသား မီးမီးေလးေတြနဲ႔ ၾကည္ႏူးစရာမိသားစု ဘဝေလးကို စိတ္ကူးယဥ္မိမွာပဲ ျဖစ္ပါတယ္။ သင္တို႔ႏွစ္ေယာက္ရဲ႕ အသုံးအစြဲေတြ သာမာန္ထက္ေလွ်ာ့ၿပီး ေနာင္ေရးအတြက္ စုေဆာင္းဖို႔ကိုလည္း သူမက တြန္းအား ေပးလာပါလိမ့္မယ္ေနာ္ …။ ။

Credit to Original

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေး တစ်ယောက် ရူးရူးမူးမူး ချစ်နေမိပြီဆိုရင်…

Relationship တစ်ခု စတင်ချိန်မှာ ယောက်ျာလေးတွေရဲ့ အချစ်က ၁၀၀% ဖြစ်ပြီး မိန်းကလေးတွေ အချစ်ကတော့ ၁၀% လောက်ပဲ ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ မိန်းကလေးတွေရဲ့ အချစ်က ၁၀% ကနေ တစ်ရိပ်ရိပ် တိုးတက်လာတတ် ကြပါတယ် . . .။

နောက်ဆုံးမှာတော့ အဲ့ဒီယောက်ျာလေး တစ်ယောက်ကိုပဲ အချစ်တွေ အားလုံး ပုံအပ်တတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက် သင့်ကို ရူးရူးမူးမူး ချစ်နေပြီဆိုရင် ဒီအချက်တွေကို ပြုလုပ်ပါလိမ့်မယ်နော် . . .။

(၁) အချိန်တိုင်း အတူတူရှိချင်လာမယ်”

သင့်နဲ့ အတူရှိနေရတဲ့ အချိန်ဟာ သူမအတွက်တော့ ပြီးပြည့်စုံတဲ့ အချိန်လေးလို့ ခံစားလာရ ပါလိမ့်မယ်။ အတူတူ မရှိရင်တောင်မှ အွန်းလိုင်းပေါ်က Video Call ခေါ်ပြီး မျက်နှာလေး မြင်ချင်လာမိမယ် . . .။

မိုးလင်းတာနဲ့ သင့်အသံလေးကို ကြားချင်မယ်။ အိပ်ယာဝင်ခါနီး သင့်ရဲ့ Good Night အသံလေးနဲ့အတူ အိပ်ယာ ဝင်ချင်မယ်။ သင့်နဲ့ အဆက်သွယ်ပြတ်နေတဲ့ အချိန်ဟာ သူမအတွက်တော့ နေ့လည်ဘက် မီးပျက်သလို အရမ်းကို ပူလောင်တယ်လို့ ခံစားနေရပါလိမ့်မယ် . . .။

(၂) စိတ်မချ ဖြစ်လာမယ်”

သင့်ကို အချိန်တိုင်း စိတ်မချ ဖြစ်နေပါ လိမ့်မယ်။ သင်ဟာ သူမအပေါ် သစ္စာရှိတဲ့သူ တစ်ယောက်ဆိုတာ ယုံကြည်နေပါသော်လည်း စိုးရိမ်စိတ်ကြီးက လွှမ်းမိုးနေတတ်ပါတယ် . . .။

အခုခေတ်က စနိုက်ကျော် ဇာတ်လမ်းတွေက မကြာခဏ ကြားနေရတော့ သင့်ကို မယုံတာထက် တခြားမိန်းကလေးတွေကို မယုံကြည်တာကြောင့် စိတ်မချ ဖြစ်နေရတာပါနော် . . .။

(၃) လိုအပ်ချက်တွေကို လက်ခံလာနိုင်မယ်”

သင့်မှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေပါစေ သင့်ကို ရူးရူးမူးမူး ချစ်နေမိပြီဆိုရင် ဒါတွေအားလုံးကို နားလည်ပေးနိုင်လာပါတယ် . . .။

သင် အောင်မြင်ချိန်မှာ အတူတူပျော်ရွှင်မယ်။ သင် ကျရှုံးချိန်မှာ အကောင်းဆုံး နှစ်သိမ့်အားပေးမယ်။ သင့်ကိုလည်း ဘယ်တော့မှ အထင်သေးတဲ့ စကားမျိုး အပြုအမူ၊ အပြောအဆိုမျိုးတွေ တစ်ခုမှ ပြောဆိုမှာ မဟုတ်ပါဘူး . . .။

(၄) ရန်ဖြစ်ချိန်တွေ လျော့လာမယ်”

ရန်လုံးဝမဖြစ်တဲ့ စုံတွဲဆိုတာတော့ မရှိသလောက် ကို ရှားပါတယ်။ ဒါပေမယ့် သင်ကို ရူးရူးမူးမူး ချစ်မိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ မိန်းကလေးသဘာဝ စိတ်ဆိုးစိတ်ကောက်တာ ရှိပေမယ့် အကြာကြီး စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်နေရမယ့် အချိန်တွေကိုတော့ မလိုလားတော့ပါဘူး …။

နှစ်ကိုယ်တူ အေးအေးချမ်းချမ်းလေးနဲ့ ဘဝကို ဖြတ်သန်းချင် လာပါလိမ့်မယ် . . .။

(၅) အနာဂတ်အကြောင်းကို တိုင်ပင်လာမယ်”

သင့်ကို ရူးရူးမူးမူးချစ်ပြီး သင့်ကိုပဲ အချစ်တွေ အားလုံးပုံအပ် ထားတာဖြစ်တဲ့အတွက် အနာဂတ်ကိုလည်း သင့်နဲ့ အတူတူ ဖန်တီး ပုံဖော်ချင်လာပါလိမ့်မယ် . . .။

သင်နဲ့ အတူတူလက်ထပ်ပြီး သားသား မီးမီးလေးတွေနဲ့ ကြည်နူးစရာမိသားစု ဘဝလေးကို စိတ်ကူးယဉ်မိမှာပဲ ဖြစ်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ အသုံးအစွဲတွေ သာမာန်ထက်လျှော့ပြီး နောင်ရေးအတွက် စုဆောင်းဖို့ကိုလည်း သူမက တွန်းအား ပေးလာပါလိမ့်မယ်နော် …။ ။

Credit to Original