ခ်စ္တယ္ဆိုတာထက္ပိုတဲ့ ျမတ္ႏိုးမႈနဲ႔ ကိုယ္တို႔တြဲခဲ့ၾကတာ…
အခ်ိန္ၾကာေတာ့ ေအးစက္စက္ ဆက္ဆံေရးက ျဖစ္တတ္တဲ့ သေဘာလား …?
ခ်စ္ျခင္းဟာ ပူေလာင္တတ္ပါရက္နဲ႔ အပူခံ ဆုပ္ကိုင္ထားမိတာဟာ
ဆုံး႐ႈံးရမွာကို ေၾကာက္လို႔ေပါ့ …။
ဆန္က်င္ဘက္ ခံစားခ်က္ေတြဟာ
ႏွလုံးသားကို နာက်င္ရတာထက္ ပိုပါတယ္ …။
ဘဝတစ္ခုလုံးကိုပါ ပ်င္းရိေခ်ာက္ေသြ႕ေစခဲ့တာ …။
အားအင္ေတြ ကုန္ခမ္းေစလိုက္တာ …။
ဒဏ္ရာမဲ့ အနာေတြက ေသြးစိမ္းေတြ စီးက်ေစခဲ့တာ …။
ဘယ္ကေန ဘယ္လိုစရမယ္ဆိုတဲ့ လမ္း စ ကိုပါ ေပ်ာက္ပ်က္သြားႏိုင္တာမ်ိဳး …။
႐ိုက္ႏွက္တာထက္ ပိုနာက်င္ရပါေသးတယ္ …။
ဘာေျပာေျပာ ၊ ဘာျဖစ္ျဖစ္ မ်က္ေတာင္ကိုပုတ္ခတ္
မ်က္ရည္စကို သိမ္းဆည္းရင္း ကိုယ္ဆက္ခ်စ္ေနမိအုံးမွာ …။
လက္မလြတ္ ႏိုင္ေသးဘူး။ ဘာလို႔လဲ…မင္းသိလား …?
မင္းကို ခ်စ္ေနရတာကိုက…ေက်နပ္ေနရလို႔ပါပဲ …။
Credit
Unicode Version ဖြင့်ဖတ်ရန်
ချစ်တယ်ဆိုတာထက်ပိုတဲ့ မြတ်နိုးမှုနဲ့ ကိုယ်တို့တွဲခဲ့ကြတာ…
အချိန်ကြာတော့ အေးစက်စက် ဆက်ဆံရေးက ဖြစ်တတ်တဲ့ သဘောလား …?
ချစ်ခြင်းဟာ ပူလောင်တတ်ပါရက်နဲ့ အပူခံ ဆုပ်ကိုင်ထားမိတာဟာ
ဆုံးရှုံးရမှာကို ကြောက်လို့ပေါ့ …။
ဆန်ကျင်ဘက် ခံစားချက်တွေဟာ
နှလုံးသားကို နာကျင်ရတာထက် ပိုပါတယ် …။
ဘဝတစ်ခုလုံးကိုပါ ပျင်းရိချောက်သွေ့စေခဲ့တာ …။
အားအင်တွေ ကုန်ခမ်းစေလိုက်တာ …။
ဒဏ်ရာမဲ့ အနာတွေက သွေးစိမ်းတွေ စီးကျစေခဲ့တာ …။
ဘယ်ကနေ ဘယ်လိုစရမယ်ဆိုတဲ့ လမ်း စ ကိုပါ ပျောက်ပျက်သွားနိုင်တာမျိုး …။
ရိုက်နှက်တာထက် ပိုနာကျင်ရပါသေးတယ် …။
ဘာပြောပြော ၊ ဘာဖြစ်ဖြစ် မျက်တောင်ကိုပုတ်ခတ်
မျက်ရည်စကို သိမ်းဆည်းရင်း ကိုယ်ဆက်ချစ်နေမိအုံးမှာ …။
လက်မလွတ် နိုင်သေးဘူး။ ဘာလို့လဲ…မင်းသိလား …?
မင်းကို ချစ်နေရတာကိုက…ကျေနပ်နေရလို့ပါပဲ …။
Credit