Credit
Unicode Version ဖြင့်ဖတ်ရန်
ဘယ်သူကမှသင့်ကို သူတို့ကိုယ်တိုင်လောက်ချစ်မှာမဟုတ်ပါဘူး…
ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ ရှင်သန်ပါ …။
ကိုယ့်ကိုယ်ကိုပဲ ချစ်ပါ။
ဘယ်သူကမှ သင့်ကို သူတို့ကိုယ်တိုင်လောက် ချစ်မှာ မဟုတ်ပါဘူး …။
လူတစ်ချို့ကို အရမ်း ဂရုစိုက်မနေပါနဲ့။ အချို့ အရာတွေကို အရမ်းအလေးမထားပါနဲ့ …။
ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ …။
လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး …။
ကိုယ် ပိုအလေးထားတဲ့ လူ၊ ကိုယ် ပိုတန်ဖိုးထားတဲ့ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုး ကျရတတ်လို့ပါပဲ …။
ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့ …။
ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ …၊
ဒါတွေဟာ လူနုံ၊ လူ အ တွေမှ လုပ်တတ်တဲ့အရာတွေပါ …။
ကိုယ့်ကိုယ်ကို ထက်မြက်တဲ့ လူဖြစ်အောင်နေပါ …။
ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကို တုံးတိတုံး မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့ …။
ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ် …။
တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုပစ်လိုက်ပါ …။
ဒီ့အတွက် တခြားလူ ကိုယ်ချင်းစာ သနားဖို့ မလိုပါဘူးနော် …။
ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းလိုက်ပါ …။
ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ …။
ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး …။
ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့ …။
စိတ်တိုချင်တိုင်း မတိုပါနဲ့။ အပြစ်ရှာချင်တိုင်း မရှာပါနဲ့နော် …။ ။
Credit