လူပိန္ခ်င္တာမ်ိဳး မဟုတ္ပဲ ဗိုက္ေခါက္အဆီ၊ ခါးဆီလို အဆီပိုေတြပဲက်ခ်င္တယ္ ဆိုသူမ်ားအတြက္…

လူပိန္ခ်င္တာမ်ိဳး မဟုတ္ပဲ ဗိုက္ေခါက္အဆီ၊ ခါးဆီလို အဆီပိုေတြပဲက်ခ်င္တယ္ ဆိုသူမ်ားအတြက္…

အခ်ိန္မကုန္ လြယ္ကူသက္သာျပီး ဗိုက္ေခါက္အဆီ၊ ခါးဆီ၊ ေက်ာဆီလို အဆီပိုေတြပဲ က်ခ်င္တယ္ ဆိုသူမ်ားအတြက္ ေဆးနည္းေကာင္းေလးပါ။ နည္းလမ္းမွန္မွန္နဲ႔ေတာ့ ဇြဲ႐ွိ႐ွိ လုပ္ဖို႔ေတာ႔ လိုပါမယ္ေနာ္ …။

ပါဝင္တဲ႔ ပစၥည္းေတြကေတာ့…

– သံပုရာသီး တစ္လံုး

– ဂ်င္း လက္ တစ္ဆစ္ခန္႔ နဲ႔

– ပ်ားရည္ ႏွစ္ဇြန္းခန္႔

ပထမဆုံး သံပုရာသီး နဲ႔ ဂ်င္းလက္ တစ္ဆစ္ကို အခြံမခြါပဲ ေရစင္စင္ ေဆးပါၿပီးလွ်င္ ႏွစ္မ်ိဳးလုံးကို အကြင္းလိုက္ ပါးပါးေလးေတြ လွီးေပးပါ …။

ေကာ္ဖီ တစ္ခြက္စာ အဖုံးပါေသာ ေႂကြ သို႔ဖန္ခြက္ တစ္ခြက္ထဲသို႔ထည့္ၿပီး ပ်ားရည္ ထမင္းစားဇြန္း ၂ ဇြန္းထည့္ပါ။ ၿပီးရင္ ေရေႏြးဆူဆူ (လက္ဖက္ေျခာက္မပါ ႐ိုး႐ိုးေရေႏြး) ေလာင္းထည့္ၿပီး အဖုံးအုပ္ထားပါ …။

နာရီဝက္ခန္႔ေနလွ်င္ ေရေႏြးေႏြးေလး အေနအထားမွာ ဇြန္းျဖင့္ ေမႊေပးၿပီး တစ္ခြက္လုံး ေသာက္လိုက္ပါ။ အဖတ္ေတြ ကိုေတာ႔ လႊင့္ပစ္ရပါမယ္ …။

သတိထားရမွာကေတာ့ ညမအိပ္ခင္ အစားအေသာက္ အကုန္စားၿပီးခ်ိန္နဲ႔ နာရီဝက္ခန္႔ ခြါၿပီး ေသာက္ရပါမယ္ ..။

ဒီေရေႏြး ေသာက္ၿပီး အစာ မစားေတာ့လွ်င္ အေကာင္းဆုံးပါပဲ။ အႏွစ္ႏွစ္ အလအလ အဆီပိုေတြ ျဖစ္တဲ့အတြက္ အနည္းဆုံး ဆယ္ရက္ခန္႔ေတာ့ ပုံမွန္ ေသာက္သံုးၾကည့္ေပးဖို႔ လိုပါတယ္ …။

သိသာတယ္ဆို ဆက္ေသာက္ခ်င္ လာပါလိမ့္မယ္။ ေသာက္တာ ရက္ ၂၀ ေလာက္ ႐ွိပါၿပီ သိသာလာပါတယ္ …။

ညီမေလး တစ္ေယာက္ဆီက ရတဲ့ နည္းကို ျပန္ၿပီး မွ်ေဝေပးတာပါ။ သိသာလို႔ လက္တို႔လိုက္ ပါတယ္ …။

ႏို႔တိုက္မိခင္မ်ား နဲ႔ ကိုယ္ဝန္႐ွိ အမ်ိဳးသမီးမ်ားေတာ႔ မေသာက္သင့္ပါဘူး။ လူနည္းစုအေနနဲ႔ ေသာက္ေနတုန္း အခန္႔မသင့္ ဗိုက္ေအာင့္ဗိုက္နာ ျဖစ္လာတာမ်ိဳး Pressure က်လာတယ္ ဆိုတဲ့ လူမ်ိဳးေတြေတာ့ ဆက္မေသာက္သင့္ပါဘူး …။

ပ်ားရည္နဲ႔ဂ်င္း ပါဝင္တာေၾကာင့္ သုံးမ်ိဳးေပါင္းၿပီး ထိန္းေပးသြားတယ္ လို႔ ထင္ပါတယ္ …။

ေသာက္တာကလည္း ညအခ်ိန္ ျဖစ္ေတာ့ အစာေတြ ႐ွိေနၿပီေလ အစာအိမ္ကို မထိခိုက္ႏိုင္ပါဘူး။ အလြန္အကြၽံ ေဘးထြက္ဆိုးက်ိဳးေတာ့ ျဖဴ မၾကဳံဖူးေသးပါဘူးရွင္ …။

ကိုယ္လိုခ်င္ သေလာက္ အတိုင္းအတာ ရၿပီ ဆိုရင္ ေန႔တိုင္းမေသာက္ပဲ တစ္ပတ္ မွာ ၃ ရက္ေလာက္ပဲ ေသာက္ပါ႐ွင္႔ …။

စရိတ္နည္းတဲ့ နည္းမို႔လို႔ ထိန္းညႇိၿပီး လိုသလို သုံးၾကည့္ၾကေပါ့ …။

ပိုၿပီး ထိေရာက္ခ်င္ရင္ေတာ့ ဒါလည္းေသာက္မယ္၊ ေလ့က်င့္ခန္းလည္း လုပ္မယ္၊ အစားလည္း အနည္းငယ္ (အဆီမ်ားတဲ့ အစားအစာ) ေ႐ွာင္မယ္ဆိုရင္ သိပ္ကို ထိေရာက္မွာ ေသခ်ာပါတယ္ …။

ဒါေသာက္တာက အဆီျပင္ေတြကို ေပ်ာ့ေပ်ာင္းလာေစၿပီး ေလ့က်င့္ခန္းေၾကာင့္ က်စ္လစ္လာမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit – Daw A Phyu Yaung

Unicode Version ဖြင့်ဖတ်ရန်

လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီလို အဆီပိုတွေပဲကျချင်တယ် ဆိုသူများအတွက်…

အချိန်မကုန် လွယ်ကူသက်သာပြီး ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများအတွက် ဆေးနည်းကောင်းလေးပါ။ နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ဖို့တော့ လိုပါမယ်နော် …။

ပါဝင်တဲ့ ပစ္စည်းတွေကတော့…

– သံပုရာသီး တစ်လုံး

– ဂျင်း လက် တစ်ဆစ်ခန့် နဲ့

– ပျားရည် နှစ်ဇွန်းခန့်

ပထမဆုံး သံပုရာသီး နဲ့ ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင် ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက် ပါးပါးလေးတွေ လှီးပေးပါ …။

ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပါ …။

နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေး အနေအထားမှာ ဇွန်းဖြင့် မွှေပေးပြီး တစ်ခွက်လုံး သောက်လိုက်ပါ။ အဖတ်တွေ ကိုတော့ လွှင့်ပစ်ရပါမယ် …။

သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီးချိန်နဲ့ နာရီဝက်ခန့် ခွါပြီး သောက်ရပါမယ် ..။

ဒီရေနွေး သောက်ပြီး အစာ မစားတော့လျှင် အကောင်းဆုံးပါပဲ။ အနှစ်နှစ် အလအလ အဆီပိုတွေ ဖြစ်တဲ့အတွက် အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန် သောက်သုံးကြည့်ပေးဖို့ လိုပါတယ် …။

သိသာတယ်ဆို ဆက်သောက်ချင် လာပါလိမ့်မယ်။ သောက်တာ ရက် ၂၀ လောက် ရှိပါပြီ သိသာလာပါတယ် …။

ညီမလေး တစ်ယောက်ဆီက ရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ။ သိသာလို့ လက်တို့လိုက် ပါတယ် …။

နို့တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများတော့ မသောက်သင့်ပါဘူး။ လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်လာတာမျိုး Pressure ကျလာတယ် ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူး …။

ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်းပေးသွားတယ် လို့ ထင်ပါတယ် …။

သောက်တာကလည်း ညအချိန် ဖြစ်တော့ အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး။ အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူးရှင် …။

ကိုယ်လိုချင် သလောက် အတိုင်းအတာ ရပြီ ဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင့် …။

စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိပြီး လိုသလို သုံးကြည့်ကြပေါ့ …။

ပိုပြီး ထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ်၊ လေ့ကျင့်ခန်းလည်း လုပ်မယ်၊ အစားလည်း အနည်းငယ် (အဆီများတဲ့ အစားအစာ) ရှောင်မယ်ဆိုရင် သိပ်ကို ထိရောက်မှာ သေချာပါတယ် …။

ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပဲ ဖြစ်ပါတယ်နော် …။ ။

Credit – Daw A Phyu Yaung