ကမ္ဘာပေါ်မှာရှိတဲ့မိန်းကလေးတိုင်းက အချစ်ဆိုတဲ့အရာကို ခံစားချင်တတ်ကြသူတွေပါ …။
(၂) အသိအမှတ်ပြုမှု
(၃) အလိုလိုက်ခြင်း
(၄) လွတ်လပ်မှု
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
ချစ်သူကောင်လေးဆီက မိန်းကလေးတိုင်း တိတ်တခိုးမျှော်လင့်မိတတ်ကြတဲ့ အရာ(၄)ခု…
မိန်းကလေးတိုင်းလိုလိုက သူတို့ချစ်သူဆီကနေ လိုချင်တဲ့အရာတွေကို ဖွင့်ဟပြောဆိုလေ့ မရှိတတ်ကြပဲ အလိုက်တသိ ပေးတတ်တာမျိုးလေးတွေကို ပိုပြီး လိုချင်မိတတ်ကြပါတယ် …။
ဒီလိုပဲ ချစ်သူကောင်လေးတွေဆီကနေ ကောင်မလေးတွေ တိတ်တိတ်လေး မျှော်လင့်မိတတ်ကြတဲ့ အရာလေးတွေ ရှိလို့နေပါတယ် …။
ဒီအချက်တွေက relationship တစ်ခုမှာ ကောင်မလေးတွေ လိုချင်တတ်ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်နော် …။
(၁) အချစ်ကို ခံစားမိချင်တာ
ကမာ္ဘပေါ်မှာရှိတဲ့မိန်းကလေးတိုင်းက အချစ်ဆိုတဲ့အရာကို ခံစားချင်တတ်ကြသူတွေပါ …။
လူတိုင်းကတော့ အချစ်ဆိုတဲ့အရာကို တစ်ကြိမ်တစ်ခါတော့ ခံစားဖူးကြမှာပါ ..။
မိန်းကလေးတွေအတွက် ချစ်မိသွားတဲ့အခါမှာတော့ အရာရာတိုင်းက ပို လွယ်ကူလာတတ်ပါတယ် …။
ဒါကြောင့်ပဲ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိရင်တော့ သူတို့သိအောင် ပြတတ်ဖို့တော့ လိုအပ်ပါတယ် …။
မိန်းကလေးတွေက ကိုယ့်ချစ်သူကောင်လေးဆီက သူတို့ကို ချစ်ကြောင်းဖော်ပြတတ်မှုလေးကို အလိုက်တသိ ပေးတာမျိုး လိုချင်တတ်ကြပါတယ် …။
(၂) အသိအမှတ်ပြုမှု
မိန်းကလေးတွေ နောက်ထပ် မျှော်လင့်မိတဲ့အချက်က ကိုယ့်ချစ်တဲ့သူဆီက အသိအမှတ်ပြုမှုပဲ ဖြစ်ပါတယ် …။
မိန်းကလေးတွေဟာ ဒီလို အသိအမှတ်ပြုတတ်မှု သေးသေးလေးတွေက အစ ချစ်သူကောင်လေးဆီက ပိုလိုချင် မိတတ်ကြပါတယ် …။
သူတို့ ပါးစပ်က ထုတ်ပြောစရာမလိုပဲ သူတို့ကို အသိအမှတ်ပြုပေးတာလေးကို ခံယူချင်တတ် ကြတာပါ …။
ဥပမာ – သူတို့ရဲ့ လုပ်ဆောင်မှုလေးတွေကို အသိအမှတ်ပြုပေးတာ၊ သူတို့အတွက် သတိတရနဲ့ ကော်ဖီလေး ယူလာပေးတာ စသဖြင့်ပေါ့နော် …။
(၃) အလိုလိုက်ခြင်း
တစ်ခါတစ်လေမှာ မိန်းကလေးတွေက သူတို့ချစ်သူအပေါ် ဆိုးနွဲ့ချင်တတ်ကြပြီး သူတို့ကို အလိုလိုက်တာမျိုးကို ကလေးလေးတစ်ယောက်လို ခံချင်တတ်ကြ သူတွေပါ …။
ဒီလိုအချိန်မျိုးမှာ သူတို့အပေါ် ဘယ်လောက်သည်းခံနိုင်စွမ်းရှိတယ်၊ ဘယ်လောက်ချစ်တယ်ဆိုတာမျိုးကို စမ်းသပ်ချင်တတ်ကြပါတယ် ..။
ဒါကြောင့်ပဲ ချစ်သူကောင်လေးက သူတို့ကို အလိုလိုက်ပေးတာမျိုးကို မျှော်လင့်မိတတ် ကြတာပါနော် …။
(၄) လွတ်လပ်မှု
နောက်တက်ချက်ကတော့ သူတို့အတွက် သီးသန့်လွတ်လပ်မှုလေး လိုချင်ကြတာပဲ ဖြစ်ပါတယ် …။
တစ်ချို့ကောင်လေးတွေက ချစ်သူကောင်မလေးအပေါ် ချုပ်ချယ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒါက တကယ်တမ်းမှာတော့ မိန်းကလေးတွေအတွက် စိတ်အိုက်ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ် …။
သူတို့လိုချင်တာက သူတို့ကို ယုံကြည်စိတ်ချပြီး နားလည်ပေးနိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အကန့်လေးတွေ ထားပေးမယ့် ချစ်သူမျိုးကိုပါ …။
ဒီအချက်တွေက မိန်းကလေးတွေ ချစ်သူကောင်လေးဆီက တိတ်တိတ်လေး မျှော်လင့်မိကြတဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်နော် …။ ။
ခရက်ဒစ်