ခ်စ္သူေကာင္း ျဖစ္႐ုံနဲ႔ ခင္ပြန္းေကာင္း ျဖစ္ႏိုင္ၿပီလား…

ခ်စ္သူေကာင္း ျဖစ္႐ုံနဲ႔ ခင္ပြန္းေကာင္း ျဖစ္ႏိုင္ၿပီလား…

ခ်စ္လို႔အရာရာကို အေလွ်ာ့ေပးတတ္တဲ့ အခ်ိန္ဆိုတာ ခ်စ္သူဘဝ သာယာခ်ိန္ေလးပဲ ႐ွိတာပါ …။

ခ်စ္သူသက္တမ္း ၾကာလာတာနဲ႔အမွ် ေျပာင္းလဲမႈေတြ တျဖည္းျဖည္း စလာပါလိမ့္မယ္ …။

အခ်စ္စစ္ဆိုတာ တကယ္မ႐ွိဘူးလို႔ မဆိုလိုပါဘူး။ ႐ွိေတာ့႐ွိတယ္ ႐ွားပါတယ္ …။

ခ်စ္သူဘဝမွာေတာင္ ခ်စ္သူေကာင္း မပီသႏိုင္တဲ့ ေယာက်္ားတစ္ေယာက္ကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္မိခဲ့တဲ့

မိန္းမသားဆိုတာ ေလာကမွာကံအဆိုးဆုံးသူပဲ ျဖစ္ေနမွာပါ …။

အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် သူ႕အေၾကာင္းကိုယ္သိ၊ ကိုယ့္အေၾကာင္းသူသိခဲ့ၿပီပဲ …။

ဘယ္အရာေတြကိုအေလ်ာ့ေပးၿပီး ဘယ္အရာေတြမွာ တင္းရမလဲဆိုတာ

ခ်စ္သူအခ်င္းခ်င္ းညႇိႏိႈင္းလို႔ရတဲ့ အေျခအေနတစ္ခုပါပဲ …။

သို႔ေပမယ့္ အခ်ိန္ေတြသာ ၾကာသြားခဲ့တယ္ ကိုယ့္ဘက္ကပဲ အရာရာကို အေလ်ာ့ေပးခဲ့တာမ်ိဳး နားလည္ေပးခဲ့တာေတြ မ်ားေနခဲ့လွ်င္ေတာ့

ဘယ္ေလာက္ထိခ်စ္ေနပါေစ ေနာက္ဆုတ္ဖို႔အခ်ိန္ေတြ ႐ွိေသးတဲ့အတြက္ စဥ္းစားေစခ်င္ပါတယ္ …။

ခ်စ္သူေကာင္းျဖစ္႐ုံနဲ႔ အိမ္ေထာင္ဖက္ေကာင္း ျဖစ္မလာႏိုင္သလို

႐ုပ္ေခ်ာၿပီး ဝင္ေငြေကာင္းေကာင္း႐ွာႏိုင္တဲ့ ေယာက်္ားတိုင္းကို အိမ္ေထာင္ဖက္ေကာင္းလို႔ မေတြးေစခ်င္ပါဘူး …။

သစၥာ၊ ေမတၱာ၊ နားလည္ႏိုင္မႈေတြ မ႐ွိရင္ အိမ္ေထာင္ဆိုတာ လြတ္ရက္မ႐ွိ ေထာင္တစ္ခုလိုပဲ ေခ်ာင္ပိတ္မိေနပါလိမ့္မယ္ …။

ဒါေၾကာင့္ အိမ္ေထာင္ျပဳ၊ ဘုရားတည္၊ ေဆးမွင္ရည္စုတ္ထိုး

ဤသုံးသုံးခ်က္ မပိုင္လွ်င္ ေနာင္ျပင္ရန္ခက္သည့္အမ်ိဳး ဆိုတဲ့ ဆို႐ိုးစကားအတိုင္း ေနာင္တေတြနဲ႔ဘဝကိုမျဖတ္သန္းခ်င္လွ်င္

မိမိရဲ႕ခ်စ္သူက အနာဂတ္ရဲ႕ခင္ပြန္းေကာင္း ျဖစ္ႏိူင္၊မျဖစ္ႏိုင္ကို ဘဝတစ္ေလွ်ာက္လုံးလက္တြဲသြားရမယ့္ မိမိကိုယ္တိုင္

မိမိရဲ႕စိတ္ကိုမညာစတမ္း ေဝဖန္သုံးသပ္ ေ႐ြးခ်ယ္မမွားဖို႔ လိုအပ္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ျဖင္႔ဖတ္ရန္

ချစ်သူကောင်း ဖြစ်ရုံနဲ့ ခင်ပွန်းကောင်း ဖြစ်နိုင်ပြီလား…

ချစ်လို့အရာရာကို အလျှော့ပေးတတ်တဲ့ အချိန်ဆိုတာ ချစ်သူဘဝ သာယာချိန်လေးပဲ ရှိတာပါ …။

ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ တဖြည်းဖြည်း စလာပါလိမ့်မယ် …။

အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ မဆိုလိုပါဘူး။ ရှိတော့ရှိတယ် ရှားပါတယ် …။

ချစ်သူဘဝမှာတောင် ချစ်သူကောင်း မပီသနိုင်တဲ့ ယောက်ျားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိခဲ့တဲ့

မိန်းမသားဆိုတာ လောကမှာကံအဆိုးဆုံးသူပဲ ဖြစ်နေမှာပါ …။

အချိန်တွေ ကြာလာတာနဲ့အမျှ သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိခဲ့ပြီပဲ …။

ဘယ်အရာတွေကိုအလျော့ပေးပြီး ဘယ်အရာတွေမှာ တင်းရမလဲဆိုတာ

ချစ်သူအချင်းချင်းညှိနှိုင်းလို့ရတဲ့ အခြေအနေတစ်ခုပါပဲ …။

သို့ပေမယ့် အချိန်တွေသာ ကြာသွားခဲ့တယ် ကိုယ့်ဘက်ကပဲ အရာရာကို အလျော့ပေးခဲ့တာမျိုး နားလည်ပေးခဲ့တာတွေ များနေခဲ့လျှင်တော့

ဘယ်လောက်ထိချစ်နေပါစေ နောက်ဆုတ်ဖို့အချိန်တွေ ရှိသေးတဲ့အတွက် စဉ်းစားစေချင်ပါတယ် …။

ချစ်သူကောင်းဖြစ်ရုံနဲ့ အိမ်ထောင်ဖက်ကောင်း ဖြစ်မလာနိုင်သလို

ရုပ်ချောပြီး ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့ ယောက်ျားတိုင်းကို အိမ်ထောင်ဖက်ကောင်းလို့ မတွေးစေချင်ပါဘူး …။

သစ္စာ၊ မေတ္တာ၊ နားလည်နိုင်မှုတွေ မရှိရင် အိမ်ထောင်ဆိုတာ လွတ်ရက်မရှိ ထောင်တစ်ခုလိုပဲ ချောင်ပိတ်မိနေပါလိမ့်မယ် …။

ဒါကြောင့် အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး

ဤသုံးသုံးချက် မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး ဆိုတဲ့ ဆိုရိုးစကားအတိုင်း နောင်တတွေနဲ့ဘဝကိုမဖြတ်သန်းချင်လျှင်

မိမိရဲ့ချစ်သူက အနာဂတ်ရဲ့ခင်ပွန်းကောင်း ဖြစ်နိူင်၊မဖြစ်နိုင်ကို ဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ့် မိမိကိုယ်တိုင်

မိမိရဲ့စိတ်ကိုမညာစတမ်း ဝေဖန်သုံးသပ် ရွေးချယ်မမှားဖို့ လိုအပ်ပါတယ်နော် …။ ။

Credit