တန္ဖိုးထားပုံခ်င္း ကြာတယ္ေလ…

တန္ဖိုးထားပုံခ်င္း ကြာတယ္ေလ…

သူက မအားလို႔ပါဆိုၿပီး ဖုန္းမေခၚတဲ့ အခ်ိန္

ကိုယ္ကေတာ့ မအားတဲ့ၾကားက ဖုန္းေခၚခဲ့တာေလး သြားၿပီး သတိရမိတယ္ …။

တစ္ေယာက္နဲ႔တစ္ေယာက္ တန္ဖိုးထားပုံခ်င္း ကြာတယ္ …။

သူက စိတ္ညစ္ေနလို႔ပါဆိုၿပီး ကိုယ္နဲ႔စကားမေျပာတဲ့အခ်ိန္ေတြမွာ

ကိုယ္က စိတ္ညစ္ေနတဲ့ၾကားက သူ႕အသံၾကားရင္ ျပဳံးသြားတတ္တာကို သတိရတယ္ …။

ဘယ္ေလာက္ပဲ အဆင္မေျပျဖစ္လာျဖစ္လာ ဘယ္အရာေၾကာင့္ပဲ နာက်င္ရနာက်င္ရ …၊

ကိုယ္က သူ႕ေဘးနားေရာက္တဲ့အခါ

အရာအားလုံးကို ေမ့ထားႏိုင္တဲ့အထိ သူ႕ကို ခ်စ္ခဲ့မိတယ္ …။

သူကေတာ့ တစ္ခုခုအဆင္မေျပျဖစ္တာနဲ႔ပဲ ကိုယ္႔ကို ပစ္ထားဖို႔ပဲေတြးေတာ့တယ္ …။

တစ္ေယာက္တည္းေန႐ုံနဲ႔ အဆင္ေျပသြားတယ္ ထင္ပါတယ္ …။

ကိုယ့္စိတ္နဲ႔သာဆို ကိုယ္အဆင္မေျပတဲ့အခ်ိန္ သူ႕ကို ပိုၿပီးလြမ္းျဖစ္မွာ …။

ေသာကေတြအေၾကာင္း ရင္ဖြင့္ျပတာမ်ိဳးမဟုတ္ပဲ သူ႕ငါ့အနားမွာ ႐ွိေနေသးပါလားဆိုတဲ့ အသိနဲ႔

ကြၽန္မ အားတင္းထားခ်င္တာပါ … ဒါေပမယ့္ ကြာတယ္ေလ …။

အဲ့ဒီေန႔ နဲနဲေလးေနာက္က်တဲ့ ေန႔ေပါ့ … ကိုယ့္ကို မေစာင့္ပဲ သူအိပ္သြားတာကို ၾကည့္ၿပီး

သူ႕ကိုေစာင့္ရင္း ကိုယ္အိပ္မေပ်ာ္ခဲ့တဲ့ ညေတြကို သြားၿပီး သတိရမိပါတယ္ …။

ကိုယ္က ညဆို သူဂြတ္ႏိုက္ေျပာမွမွ အိပ္ေပ်ာ္တတ္ၿပီး သူက ကိုယ့္ကို စိတ္မ႐ွည္တတ္ဘူးေလ …။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေပမယ့္လည္း တစ္ေယာက္အေပၚ တစ္ေယာက္တန္ဖိုးထားပုံခ်င္းေတြ ကြာၾကပါတယ္ …။ ။

မိန္းမသားတို႔အတြက္

ေလးစားစြာျဖင္႔ သွ်င္ယြန္း

Unicode Version ဖြင့်ဖတ်ရန်

တန်ဖိုးထားပုံချင်း ကွာတယ်လေ…

သူက မအားလို့ပါဆိုပြီး ဖုန်းမခေါ်တဲ့ အချိန်

ကိုယ်ကတော့ မအားတဲ့ကြားက ဖုန်းခေါ်ခဲ့တာလေး သွားပြီး သတိရမိတယ် …။

တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပုံချင်း ကွာတယ် …။

သူက စိတ်ညစ်နေလို့ပါဆိုပြီး ကိုယ်နဲ့စကားမပြောတဲ့အချိန်တွေမှာ

ကိုယ်က စိတ်ညစ်နေတဲ့ကြားက သူ့အသံကြားရင် ပြုံးသွားတတ်တာကို သတိရတယ် …။

ဘယ်လောက်ပဲ အဆင်မပြေဖြစ်လာဖြစ်လာ ဘယ်အရာကြောင့်ပဲ နာကျင်ရနာကျင်ရ …၊

ကိုယ်က သူ့ဘေးနားရောက်တဲ့အခါ

အရာအားလုံးကို မေ့ထားနိုင်တဲ့အထိ သူ့ကို ချစ်ခဲ့မိတယ် …။

သူကတော့ တစ်ခုခုအဆင်မပြေဖြစ်တာနဲ့ပဲ ကိုယ့်ကို ပစ်ထားဖို့ပဲတွေးတော့တယ် …။

တစ်ယောက်တည်းနေရုံနဲ့ အဆင်ပြေသွားတယ် ထင်ပါတယ် …။

ကိုယ့်စိတ်နဲ့သာဆို ကိုယ်အဆင်မပြေတဲ့အချိန် သူ့ကို ပိုပြီးလွမ်းဖြစ်မှာ …။

သောကတွေအကြောင်း ရင်ဖွင့်ပြတာမျိုးမဟုတ်ပဲ သူ့ငါ့အနားမှာ ရှိနေသေးပါလားဆိုတဲ့ အသိနဲ့

ကျွန်မ အားတင်းထားချင်တာပါ … ဒါပေမယ့် ကွာတယ်လေ …။

အဲ့ဒီနေ့ နဲနဲလေးနောက်ကျတဲ့ နေ့ပေါ့ … ကိုယ့်ကို မစောင့်ပဲ သူအိပ်သွားတာကို ကြည့်ပြီး

သူ့ကိုစောင့်ရင်း ကိုယ်အိပ်မပျော်ခဲ့တဲ့ ညတွေကို သွားပြီး သတိရမိပါတယ် …။

ကိုယ်က ညဆို သူဂွတ်နိုက်ပြောမှမှ အိပ်ပျော်တတ်ပြီး သူက ကိုယ့်ကို စိတ်မရှည်တတ်ဘူးလေ …။

တစ်ယောက်နဲ့တစ်ယောက် ချစ်ပေမယ့်လည်း တစ်ယောက်အပေါ် တစ်ယောက်တန်ဖိုးထားပုံချင်းတွေ ကွာကြပါတယ် …။ ။

မိန်းမသားတို့အတွက်

လေးစားစွာဖြင့် သျှင်ယွန်း