ထစ္ခနဲ႐ွိငိုတတ္တဲ့ မိန္းကေလးေတြကို ခ်စ္သူေတာ္ထားရတဲ႔ ကံေကာင္းျခင္းလကၡဏာမ်ား…

ထစ္ခနဲ႐ွိငိုတတ္တဲ့ မိန္းကေလးေတြကို ခ်စ္သူေတာ္ထားရတဲ႔ ကံေကာင္းျခင္းလကၡဏာမ်ား…

ထစ္ခနဲ႐ွိ ငိုတတ္တဲ့ မိန္းကေလးတစ္ေယာက္ကို သင့္အေနနဲ႔ ခ်စ္သူေတာ္ထားရတယ္ဆိုရင္

သင္ဟာ ကံေကာင္းတဲ႔ လူသားတစ္ေယာက္ ျဖစ္ပါတယ္ …။

ထစ္ခနဲ႐ွိ ဝမ္းနည္းတတ္တဲ့ မိန္းကေလးကို ခ်စ္သူအျဖစ္ပိုင္ဆိုင္ထားရတာဟာ သင့္အေနနဲ႔ စိတ္ညစ္စရာလို႔ ေတြးေကာင္းေတြးမိပါလိမ့္မယ္ …။

ဒရာမာခင္းတယ္ဆိုၿပီး စိတ္ဆိုးေဒါသထြက္ရတဲ့ အခ်ိန္ေတြလည္း ႐ွိေကာင္း႐ွိမွာပါ …။

ဒါေပမဲ့ သင့္မွာ အဲ့ဒီလိုငိုတတ္တဲ့ ခ်စ္သူမိန္းကေလး႐ွိေနတာဟာ သင့္အတြက္လက္ေဆာင္ တစ္ခု ျဖစ္ပါတယ္ …။

ဘာလို႔လဲဆိုရင္….

စိတ္ထိခိုက္လြယ္ၿပီး ခဏခဏငိုတတ္တဲ့ မိန္းကေလးေတြဟာ သူမတို႔ရဲ႕ခံစားခ်က္ကို

ဝန္ခံေျပာျပရမွာလည္း ဝန္မေလးတတ္ၾကပါဘူး …။

ဒါေၾကာင့္ သင့္အေနနဲ႔ သူမဘာေတြဖုံးကြယ္ထားလဲ ဆိုတာ စိတ္ပူေနစရာမလိုပါဘူး …။

သူမက သင့္ကိုျဖစ္သမွ်အေၾကာင္းအရာ၊ သူမစိတ္ထဲ ခံစားရသမွ်ကို ပြင့္ပြင့္လင္းလင္း ဖြင့္ဟေျပာပါလိမ့္မယ္ …။

သူမရဲ႕ႏွလုံးသားထဲမွာလည္း အမုန္းေတြမ႐ွိတာ သင္ ေတြ႕ရပါလိမ့္မယ္ …။

သူမ တစ္ခါငိုေလ သူမရဲ႕စိတ္မေကာင္းစရာအေတြးေတြ၊ မေကာင္းျမင္စိတ္ေတြက ကင္းေဝးသြားၿပီး

အေကာင္းျမင္စိတ္ေတြအတြက္ ေနရာ ပိုဆန္႔လာပါတယ္ …။

ငိုေႂကြးတာဟာ စိတ္ခံစားခ်က္ေတြကိုတစ္ခါတည္းဖြင့္ဟလိုက္တာျဖစ္တာေၾကာင့္ ရန္ျဖစ္ၿပီးရင္ေတာင္ သူမစိတ္ထဲ အၿငိဳးအေတးေတြက်န္ေနခဲ့မွာ မဟုတ္ပါဘူး …။

သူမဟာ စိတ္ဖိစီးမႈအနည္းဆုံးလူသား ေကာင္မေလးေတာင္ ျဖစ္ပါေသးတယ္ …။

ဘာလို႔လဲဆိုရင္ ငိုေႂကြးတာဟာ စိတ္ဖိစီးမႈေတြကိုေျပေပ်ာက္ေစလို႔ သူမစိတ္ဆိုးေဒါသထြက္ၿပီး ငိုလိုက္တဲ့အခါ

အဲ့ဒီစိတ္ဖိစီးမႈေတြက က်န္ရစ္မေနေတာ့ပဲတစ္ခါတည္း လြင့္ေပ်ာက္သြားပါတယ္ …။

တစ္ခ်ိဳ႕သူေတြက ငိုလည္းမငိုသလို သူတို႔ရဲ႕အဆိုးျမင္စိတ္ေတြ၊

မေကာင္းတဲ့ခံစားခ်က္ေတြကို စိတ္ထဲမွာအၿမဲသိမ္းထားေလ့ ႐ွိတတ္ပါတယ္ …။

ဒါေတြက စုပုံလာတဲ့အခါ အခ်စ္ေရးတစ္ခုမွာ အေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္ …။

ဒါေပမဲ့ သူမကေတာ့ အဲ့ဒီလိုမဟုတ္တဲ့အတြက္ သင္တို႔ရဲ႕အခ်စ္ေရးက ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ အခ်စ္ေရးမ်ိဳးပဲ ျဖစ္ပါလိမ့္မယ္ …။

မၾကာခဏငိုေႂကြးတတ္သူေတြဟာ စိတ္ပိုင္းဆိုင္ရာမွာ ႏူးညံ့သိမ္ေမြ႕တဲ့အတြက္

သူမဟာ တစ္ျခားသူအေပၚမွာလည္းၾကင္နာတတ္မယ္။ ကိုယ္ခ်င္းစာတတ္မယ္ဆိုတာ မလြဲပါဘူး …။

စိတ္ခံစားခ်က္ကိုဦးစားေပးတဲ့အတြက္ သူမဟာ တစ္ျခားသူေတြရဲ႕စိတ္ထဲမွာလည္း

ဘယ္လိုျဖစ္ေနမလဲဆိုတာ သူမက နားလည္ေပးတတ္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္ …။

ဝမ္းနည္းရတဲ့ခံစားခ်က္ကို ဘယ္လိုလဲဆိုတာ သူမ ေကာင္းေကာင္းသိတဲ့အတြက္

သူမဟာ တစ္ျခားသူေတြကို ဝမ္းမနည္းရေအာင္၊ အားမငယ္ရေအာင္ ကူညီေပးတတ္သူလည္း ျဖစ္ပါေသးတယ္ …။

သူမဟာ သင့္ေ႐ွ႕မွာ ငိုေႂကြးတယ္ဆိုရင္ ဒါဟာ သင့္ကို သူမ ယုံၾကည္စိတ္ခ်တယ္ဆိုတဲ့ သေဘာပဲ ျဖစ္ပါတယ္ …။

သူမဟာ သင့္ေ႐ွ႕မွာ သူမကိုယ္သူမ အမွန္အတိုင္း ခ်ျပဖို႔ဝန္မေလးဘူး။ သူမခံစားခ်က္ေတြကို ဖြင့္ဟဖို႔ ဝန္မေလးဘူး …။

သင့္ေၾကာင့္ ဝမ္းနည္းၿပီး ငိုရင္ေတာင္ သင့္ေ႐ွ႕မွာငိုတာက သူမအေနနဲ႔ ဝမ္းနည္းေပမယ္႔

ဒီလူေ႐ွ႕မွာငိုလိုက္တာက သက္ေတာင့္သက္သာျဖစ္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္ေနလို႔ပါ …။

ေနာက္ဆုံးအခ်က္ကေတာ့ ဒီလိုခဏခဏငိုေႂကြးတတ္တဲ့ခ်စ္သူမိန္းကေလးမ်ိဳး႐ွိေနတာဟာ

သင့္အတြက္ အခ်စ္ကိုေဖာ္ျပဖို႔ အခြင့္အေရးတစ္ခု ႐ွိေနတာပါပဲ …။

သူမဝမ္းနည္းေနရင္ ေဖးမေပးမယ္။ အားေပးႏွစ္သိမ့္မယ္ …။

ကိုယ့္ေၾကာင့္စိတ္ညစ္ရ၊ စိတ္တိုရရင္ေတာင္ သူမကိုနားလည္ေအာင္ ႐ွင္းျပမယ္ …။

တစ္ခါတစ္ေလ ႐ိုမန္တစ္ဆန္ဆန္ ေခ်ာ့တာမ်ိဳးေပါ့ …။

အၿမဲတမ္းအေလွ်ာ့ေပးေနရမယ္လို႔ မဆိုလိုပါဘူး …။

ဒါေပမဲ့ သူမကစိတ္ပိုင္းဆိုင္ရာ ႏူးညံ့တဲ့အတြက္ သူမကို တကယ္ခ်စ္ျမတ္ႏိုးတယ္ဆိုရင္

သူမနားလည္သေဘာေပါက္ေအာင္ ႐ွင္းျပေပးဖို႔လည္း ဝန္မေလးပါနဲ႔ေနာ္ …။

သူမငိုတယ္ ဆိုတာကလည္း သူမခ်စ္တဲ့သင့္ကို ဆုံး႐ႈံးရမွာစိုးလို႔ပါ …။

တစ္ခုခုျဖစ္ရင္ေတာင္ သင့္ကိုျပႆနာ႐ွာ ရန္ေတြ႕ဖို႔ထက္ ဝမ္းနည္းၿပီးငိုတတ္တဲ့ မိန္းကေလးမ်ိဳးကို သင့္အေနနဲ႔ခ်စ္သူေတာ္ထားရတာ ကံေကာင္းပါတယ္ …။ ။

Unicode Version ဖြင့်ဖတ်ရန်

ထစ်ခနဲရှိငိုတတ်တဲ့ မိန်းကလေးတွေကို ချစ်သူတော်ထားရတဲ့ ကံကောင်းခြင်းလက္ခဏာများ…

ထစ်ခနဲရှိ ငိုတတ်တဲ့ မိန်းကလေးတစ်ယောက်ကို သင့်အနေနဲ့ ချစ်သူတော်ထားရတယ်ဆိုရင်

သင်ဟာ ကံကောင်းတဲ့ လူသားတစ်ယောက် ဖြစ်ပါတယ် …။

ထစ်ခနဲရှိ ဝမ်းနည်းတတ်တဲ့ မိန်းကလေးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရတာဟာ သင့်အနေနဲ့ စိတ်ညစ်စရာလို့ တွေးကောင်းတွေးမိပါလိမ့်မယ် …။

ဒရာမာခင်းတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်ရတဲ့ အချိန်တွေလည်း ရှိကောင်းရှိမှာပါ …။

ဒါပေမဲ့ သင့်မှာ အဲ့ဒီလိုငိုတတ်တဲ့ ချစ်သူမိန်းကလေးရှိနေတာဟာ သင့်အတွက်လက်ဆောင် တစ်ခု ဖြစ်ပါတယ် …။

ဘာလို့လဲဆိုရင်….

စိတ်ထိခိုက်လွယ်ပြီး ခဏခဏငိုတတ်တဲ့ မိန်းကလေးတွေဟာ သူမတို့ရဲ့ခံစားချက်ကို

ဝန်ခံပြောပြရမှာလည်း ဝန်မလေးတတ်ကြပါဘူး …။

ဒါကြောင့် သင့်အနေနဲ့ သူမဘာတွေဖုံးကွယ်ထားလဲ ဆိုတာ စိတ်ပူနေစရာမလိုပါဘူး …။

သူမက သင့်ကိုဖြစ်သမျှအကြောင်းအရာ၊ သူမစိတ်ထဲ ခံစားရသမျှကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောပါလိမ့်မယ် …။

သူမရဲ့နှလုံးသားထဲမှာလည်း အမုန်းတွေမရှိတာ သင် တွေ့ရပါလိမ့်မယ် …။

သူမ တစ်ခါငိုလေ သူမရဲ့စိတ်မကောင်းစရာအတွေးတွေ၊ မကောင်းမြင်စိတ်တွေက ကင်းဝေးသွားပြီး

အကောင်းမြင်စိတ်တွေအတွက် နေရာ ပိုဆန့်လာပါတယ် …။

ငိုကြွေးတာဟာ စိတ်ခံစားချက်တွေကိုတစ်ခါတည်းဖွင့်ဟလိုက်တာဖြစ်တာကြောင့် ရန်ဖြစ်ပြီးရင်တောင် သူမစိတ်ထဲ အငြိုးအတေးတွေကျန်နေခဲ့မှာ မဟုတ်ပါဘူး …။

သူမဟာ စိတ်ဖိစီးမှုအနည်းဆုံးလူသား ကောင်မလေးတောင် ဖြစ်ပါသေးတယ် …။

ဘာလို့လဲဆိုရင် ငိုကြွေးတာဟာ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေလို့ သူမစိတ်ဆိုးဒေါသထွက်ပြီး ငိုလိုက်တဲ့အခါ

အဲ့ဒီစိတ်ဖိစီးမှုတွေက ကျန်ရစ်မနေတော့ပဲတစ်ခါတည်း လွင့်ပျောက်သွားပါတယ် …။

တစ်ချို့သူတွေက ငိုလည်းမငိုသလို သူတို့ရဲ့အဆိုးမြင်စိတ်တွေ၊

မကောင်းတဲ့ခံစားချက်တွေကို စိတ်ထဲမှာအမြဲသိမ်းထားလေ့ ရှိတတ်ပါတယ် …။

ဒါတွေက စုပုံလာတဲ့အခါ အချစ်ရေးတစ်ခုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ် …။

ဒါပေမဲ့ သူမကတော့ အဲ့ဒီလိုမဟုတ်တဲ့အတွက် သင်တို့ရဲ့အချစ်ရေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အချစ်ရေးမျိုးပဲ ဖြစ်ပါလိမ့်မယ် …။

မကြာခဏငိုကြွေးတတ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ နူးညံ့သိမ်မွေ့တဲ့အတွက်

သူမဟာ တစ်ခြားသူအပေါ်မှာလည်းကြင်နာတတ်မယ်။ ကိုယ်ချင်းစာတတ်မယ်ဆိုတာ မလွဲပါဘူး …။

စိတ်ခံစားချက်ကိုဦးစားပေးတဲ့အတွက် သူမဟာ တစ်ခြားသူတွေရဲ့စိတ်ထဲမှာလည်း

ဘယ်လိုဖြစ်နေမလဲဆိုတာ သူမက နားလည်ပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် …။

ဝမ်းနည်းရတဲ့ခံစားချက်ကို ဘယ်လိုလဲဆိုတာ သူမ ကောင်းကောင်းသိတဲ့အတွက်

သူမဟာ တစ်ခြားသူတွေကို ဝမ်းမနည်းရအောင်၊ အားမငယ်ရအောင် ကူညီပေးတတ်သူလည်း ဖြစ်ပါသေးတယ် …။

သူမဟာ သင့်ရှေ့မှာ ငိုကြွေးတယ်ဆိုရင် ဒါဟာ သင့်ကို သူမ ယုံကြည်စိတ်ချတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ် …။

သူမဟာ သင့်ရှေ့မှာ သူမကိုယ်သူမ အမှန်အတိုင်း ချပြဖို့ဝန်မလေးဘူး။ သူမခံစားချက်တွေကို ဖွင့်ဟဖို့ ဝန်မလေးဘူး …။

သင့်ကြောင့် ဝမ်းနည်းပြီး ငိုရင်တောင် သင့်ရှေ့မှာငိုတာက သူမအနေနဲ့ ဝမ်းနည်းပေမယ့်

ဒီလူရှေ့မှာငိုလိုက်တာက သက်တောင့်သက်သာဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်နေလို့ပါ …။

နောက်ဆုံးအချက်ကတော့ ဒီလိုခဏခဏငိုကြွေးတတ်တဲ့ချစ်သူမိန်းကလေးမျိုးရှိနေတာဟာ

သင့်အတွက် အချစ်ကိုဖော်ပြဖို့ အခွင့်အရေးတစ်ခု ရှိနေတာပါပဲ …။

သူမဝမ်းနည်းနေရင် ဖေးမပေးမယ်။ အားပေးနှစ်သိမ့်မယ် …။

ကိုယ့်ကြောင့်စိတ်ညစ်ရ၊ စိတ်တိုရရင်တောင် သူမကိုနားလည်အောင် ရှင်းပြမယ် …။

တစ်ခါတစ်လေ ရိုမန်တစ်ဆန်ဆန် ချော့တာမျိုးပေါ့ …။

အမြဲတမ်းအလျှော့ပေးနေရမယ်လို့ မဆိုလိုပါဘူး …။

ဒါပေမဲ့ သူမကစိတ်ပိုင်းဆိုင်ရာ နူးညံ့တဲ့အတွက် သူမကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်

သူမနားလည်သဘောပေါက်အောင် ရှင်းပြပေးဖို့လည်း ဝန်မလေးပါနဲ့နော် …။

သူမငိုတယ် ဆိုတာကလည်း သူမချစ်တဲ့သင့်ကို ဆုံးရှုံးရမှာစိုးလို့ပါ …။

တစ်ခုခုဖြစ်ရင်တောင် သင့်ကိုပြဿနာရှာ ရန်တွေ့ဖို့ထက် ဝမ်းနည်းပြီးငိုတတ်တဲ့ မိန်းကလေးမျိုးကို သင့်အနေနဲ့ချစ်သူတော်ထားရတာ ကံကောင်းပါတယ် …။ ။