ေစ့စပ္ထားတဲ့ခ်စ္သူပိုက္ဆံမပ်က္သြားေအာင္ ပိုက္ဆံအိတ္ထဲကိုအျမဲပိုက္ဆံခိုးထည့္ေပးခဲ့တဲ့ မိန္းကေလး

ေစ့စပ္ထားတဲ့ခ်စ္သူပိုက္ဆံမပ်က္သြားေအာင္ ပိုက္ဆံအိတ္ထဲကိုအျမဲပိုက္ဆံခိုးထည့္ေပးခဲ့တဲ့ မိန္းကေလး

လူတိုင္းကေတာ့ ကိုယ့္ပိုက္ဆံအိတ္ထဲကပိုက္ဆံကို ဘယ္ေလာက္ပဲသံုးသံုး မကုန္သြားဖို႔အျမဲေမ်ွာ္လင့္ေနၾကမွာပါ ။

ဒီတစ္ေခါက္မွာလည္း ထိုင္ဝမ္ကအမ်ိဳးသားတစ္ေယာက္ဟာ ATM စက္အနားသို႔ ပိုက္ဆံသြားမထုတ္တာၾကာေနေပမဲ့လည္း ပိုက္ဆံဘယ္ေလာက္သံုးသံုးအိတ္ထဲက ပိုက္ဆံေတြေလ်ာ့မသြားခဲ့တာကို သတိထားမိခဲ့ပါတယ္ ။

၎အမ်ိဳးသား၏အဆိုအရ သူ႔ပိုက္ဆံအိတ္ထဲမွာ ပိုက္ဆံဘယ္ေလာက္႐ွိေနတာလဲဆိုတာကိုေတာ့ အၾကမ္းဖ်င္းသိေနခဲ့ပါတယ္ ။ဘာလို႔လည္းဆိုေတာ့ ႏွစ္ပတ္စာအသံုးစရိတ္အတြက္ NT$10,000 (ျမန္မာေငြ 5သိန္းဝန္းက်င္) ကိုအျမဲအိတ္ထဲမွာထည့္ေနက်ပါ ။

ပိုက္ဆံကုန္သြားၿပီဆိုေတာ့ ေနာက္ထပ္ႏွစ္ပတ္စာအတြက္ NT$ 10,000 ကို ATM ထဲမွ ျပန္လည္ထုတ္ယူေနက် ျဖစ္ပါတယ္ ။ထို႔အျပင္ ေစ့စပ္ထားသည့္ခ်စ္သူမိန္းကေလးႏွင့္ အျပင္သြားခဲ့ရင္လည္း ကုန္က်စရိတ္မ်ားကို သူကသာ႐ွင္းေပးခဲ့တာျဖစ္ပါတယ္ ။

သို႔ေပမဲ့လည္း မၾကာခင္ကမွ ATM စက္အနားမေရာက္ခဲ့တာ အေတာ္ၾကာေနၿပီဆိုတာကိုသတိထားမိခဲ့ၿပီး သူ၏ပိုက္ဆံအိတ္ထဲမွလည္း ပိုက္ဆံမ်ားလံုးဝမေလ်ွာ့သြားခဲ့တာေတြ႔႐ွိသြားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ သူ၏အသံုးစရိတ္မ်ားကိုစစ္ေဆးခဲ့ၿပီးေနာက္ ATM စက္အနားသို႔မသြားျဖစ္ျဖစ္ခဲ့တာ အနည္းဆံုး2လခန္႔႐ွိေနၿပီျဖစ္ေၾကာင္း သတိထားမိခဲ့ပါတယ္ ။

” အဲ့ဆို ပိုက္ဆံအိတ္ထဲမွာဘာလို႔အခုထိပိုက္ဆံေတြအမ်ားႀကီး႐ွိေနရေသးတာလဲ ၊ ငါ Credit Card နဲ႔လည္း ပိုက္ဆံမ႐ွင္းခဲ့ပါဘူး “ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

အခ်ိန္အေတာ္ၾကာစဥ္းစားၿပီးေနာက္ သူႏွင့္ေစ့စပ္ထားတဲ့ခ်စ္သူမိန္းကေလးက တိတ္တဆိတ္သူ၏ပိုက္ဆံအိတ္ထဲသို႔ ပိုက္ဆံခိုးၿပီးထည့္ေပးေနခဲ့တာကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ အဆိုပါအမ်ိဳးသားက “အမွန္ဆို ကြၽန္ေတာ္သူ႔ကိုအရင္ႏွစ္ကတည္းက Propose လုပ္လိုက္ရမွာ ” ဆိုၿပီးထပ္ေလာင္းေရးသားထားခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသား၏ post ကိုျမင္ေတြ႔ခဲ့ၾကသူမ်ားကေတာ့ သူ၏ခ်စ္သူေကာင္မေလးကိုခ်ီးက်ဴ းခဲ့ၿပီး အျမဲၾကည့္႐ႈေစာင့္ေ႐ွာက္ေပးတဲ့ခ်စ္သူမိန္းကေလးကိုရခဲ့တဲ့အတြက္ အဆိုပါအမ်ိဳးသားကို လူအမ်ားအျပားအားက်ေနၾကပါတယ္ ။

လူတစ္ေယာက္ကေတာ့ ခ်စ္သူေကာင္မေလးဟာအဆိုပါအမ်ိဳးသားပိုက္ဆံမလိုအပ္တာကိုသိ႐ွိေနေပမယ့္လည္း ပိုက္ဆံ႐ွာရတာမလြယ္မွန္းသိလို႔ ေကာင္ေလးဆီကေန အလကားမလိုခ်င္ခဲ့လို႔ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

အခ်ိဳ႕ေသာအမ်ိဴ းသားမ်ားကလည္း အခုေခတ္မွာအလားတူမိန္းကေလးမ်ိဳး႐ွာလို႔မေတြ႔ႏိုင္ေၾကာင္းႏွင့္ ခ်စ္သူေကာင္းတစ္ေယာက္ကို႐ွာေတြ႔ခဲ့တာျဖစ္ေၾကာင္း ေထာက္ခံအားေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စေ့စပ်ထားတဲ့ချစ်သူပိုက်ဆံမပျက်သွားအောင် ပိုက်ဆံအိတ်ထဲကိုအမြဲပိုက်ဆံခိုးထည့်ပေးခဲ့တဲ့ မိန်းကလေး

လူတိုင်းကတော့ ကိုယ့်ပိုက်ဆံအိတ်ထဲကပိုက်ဆံကို ဘယ်လောက်ပဲသုံးသုံး မကုန်သွားဖို့အမြဲမျှော်လင့်နေကြမှာပါ ။

ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်ကအမျိုးသားတစ်ယောက်ဟာ ATM စက်အနားသို့ ပိုက်ဆံသွားမထုတ်တာကြာနေပေမဲ့လည်း ပိုက်ဆံဘယ်လောက်သုံးသုံးအိတ်ထဲက ပိုက်ဆံတွေလျော့မသွားခဲ့တာကို သတိထားမိခဲ့ပါတယ် ။

၎င်းအမျိုးသား၏အဆိုအရ သူ့ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိနေတာလဲဆိုတာကိုတော့ အကြမ်းဖျင်းသိနေခဲ့ပါတယ် ။ဘာလို့လည်းဆိုတော့ နှစ်ပတ်စာအသုံးစရိတ်အတွက် NT$10,000 (မြန်မာငွေ 5သိန်းဝန်းကျင်) ကိုအမြဲအိတ်ထဲမှာထည့်နေကျပါ ။

ပိုက်ဆံကုန်သွားပြီဆိုတော့ နောက်ထပ်နှစ်ပတ်စာအတွက် NT$ 10,000 ကို ATM ထဲမှ ပြန်လည်ထုတ်ယူနေကျ ဖြစ်ပါတယ် ။ထို့အပြင် စေ့စပ်ထားသည့်ချစ်သူမိန်းကလေးနှင့် အပြင်သွားခဲ့ရင်လည်း ကုန်ကျစရိတ်များကို သူကသာရှင်းပေးခဲ့တာဖြစ်ပါတယ် ။

သို့ပေမဲ့လည်း မကြာခင်ကမှ ATM စက်အနားမရောက်ခဲ့တာ အတော်ကြာနေပြီဆိုတာကိုသတိထားမိခဲ့ပြီး သူ၏ပိုက်ဆံအိတ်ထဲမှလည်း ပိုက်ဆံများလုံးဝမလျှော့သွားခဲ့တာတွေ့ရှိသွားခဲ့ပါတယ် ။

ထို့ကြောင့် သူ၏အသုံးစရိတ်များကိုစစ်ဆေးခဲ့ပြီးနောက် ATM စက်အနားသို့မသွားဖြစ်ဖြစ်ခဲ့တာ အနည်းဆုံး2လခန့်ရှိနေပြီဖြစ်ကြောင်း သတိထားမိခဲ့ပါတယ် ။

” အဲ့ဆို ပိုက်ဆံအိတ်ထဲမှာဘာလို့အခုထိပိုက်ဆံတွေအများကြီးရှိနေရသေးတာလဲ ၊ ငါ Credit Card နဲ့လည်း ပိုက်ဆံမရှင်းခဲ့ပါဘူး “ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

အချိန်အတော်ကြာစဉ်းစားပြီးနောက် သူနှင့်စေ့စပ်ထားတဲ့ချစ်သူမိန်းကလေးက တိတ်တဆိတ်သူ၏ပိုက်ဆံအိတ်ထဲသို့ ပိုက်ဆံခိုးပြီးထည့်ပေးနေခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။

ထို့ကြောင့် အဆိုပါအမျိုးသားက “အမှန်ဆို ကျွန်တော်သူ့ကိုအရင်နှစ်ကတည်းက Propose လုပ်လိုက်ရမှာ ” ဆိုပြီးထပ်လောင်းရေးသားထားခဲ့ပါတယ် ။

အဆိုပါအမျိုးသား၏ post ကိုမြင်တွေ့ခဲ့ကြသူများကတော့ သူ၏ချစ်သူကောင်မလေးကိုချီးကျူးခဲ့ပြီး အမြဲကြည့်ရှုစောင့်ရှောက်ပေးတဲ့ချစ်သူမိန်းကလေးကိုရခဲ့တဲ့အတွက် အဆိုပါအမျိုးသားကို လူအများအပြားအားကျနေကြပါတယ် ။

လူတစ်ယောက်ကတော့ ချစ်သူကောင်မလေးဟာအဆိုပါအမျိုးသားပိုက်ဆံမလိုအပ်တာကိုသိရှိနေပေမယ့်လည်း ပိုက်ဆံရှာရတာမလွယ်မှန်းသိလို့ ကောင်လေးဆီကနေ အလကားမလိုချင်ခဲ့လို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

အချို့သောအမျိူးသားများကလည်း အခုခေတ်မှာအလားတူမိန်းကလေးမျိုးရှာလို့မတွေ့နိုင်ကြောင်းနှင့် ချစ်သူကောင်းတစ်ယောက်ကိုရှာတွေ့ခဲ့တာဖြစ်ကြောင်း ထောက်ခံအားပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz