(၁) မအော်ပါနဲ့”
(၂) လုံးဝ လက်မပါနဲ့”
(၄) စိတ်ကောက်ပါစေ”
(၅) ရစ်ပါစေ”
(၅) မငိုစေနဲ့”
(၆) ပူဆာပါစေ”
Unicode Version ဖြင့်ဖတ်ရန်
ချစ်သူကောင်မလေးကို တကယ်ချစ်မှ အောက်ကစာတွေ ဆက်ဖတ်ပါ…
သင်ဟာ သင့်ချစ်သူကောင်မလေးကို တကယ်ချစ်တယ်ဆိုမှ အောက်ကစာတွေကို ဆက်ဖတ်ပါနော်။ သင်သူမကို….
(၁) မအော်ပါနဲ့”
ခံစားလွယ်တာ မိန်းကလေးတွေပါ။ ချစ်သူ တွေဆိုရင်ပိုတောင်ခံစားလွယ်တယ် ဘာအကြောင်းရှိရှိ မအော်ပါနဲ့ စကားနဲ့ပဲပြောပါ။ သူတို့ပဲ အော်ပါစေ …။
(၂) လုံး၀ လက်မပါနဲ့”
မိဘတွေကတောင် မရိုက်ရက်တဲ့နုနယ်တဲ့ မိန်းကလေး ပါ ရိုက်ဖို့နေနေသာသာ အော်တာတောင် လွန်လှပီ။ သူ့ မိဘထက် မင်းက ပိုကောင်းအောင် ထားနိုင်ရင်တောင် လက်ပါဖို့ အခွင့်အရေးမရှိပါဘူး …။
အခုတလော မိန်းကလေး တွေက ပိုပြီးလက်ပါနေတာလည်း တွေ့မိတယ်။ မိန်းကလေးတွေ နေနဲ့လည်း လက်မပါသင့်ပါဘူးနော် …။
(၃) အလိုလိုက်ပါ၊ အလျှော့ပေးပါ၊ သည်းခံပါ”
သူမကို အလျှော့ပေးတာက ဘယ်လောက်ချစ်လဲဆိုတာ အလုပ်နဲ့သက်သေပြလိုက်တဲ့ သဘောပါပဲ …။
ချစ်သူဘဝမှာတောင် အလျှော့မပေးနိုင်ရင် လက်ထပ် ပီးရင်ဘယ်လိုလုပ်မလဲ? ငါ့ ချစ်သူ က ငါ့ကိုဘယ်လောက်အလျှော့ပေးတယ်၊ ဘယ်လောက်ချစ်တယ် ဆိုပီး သူငယ်ချင်း တွေကို ကြွားချင်တာလည်း မိန်းကလေး တွေပါပဲ။ သူမကို ကြွားခွင့်ရအောင် လုပ်ပေးလိုက်ပါနော် …။
(၄) စိတ်ကောက်ပါစေ”
သူမ စိတ်ကောက် တယ်ဆိုတာ မင်းသူမအပေါ် ချစ်တာ သိလို့ပါ။ အပြင်ပန်းက စိတ်ဆိုးချင်ယောင် ဆောင်နေပေမယ့် စိတ်ထဲက မင်းချော့တာလေးတွေကို ကြည်နူးနေတာပါ …။
(၅) ရစ်ပါစေ”
သူမ ရစ်တာ မင်းကို စိတ်ပူ လို့တစ်ဝက်ပါတယ်ဆိုတာ သိထားပါ။ သူမ ရစ်တာလေးတောင် သည်းမခံနိုင်ရင် ဘယ်လိုအာမခံချက်နဲ့ မင်းကိုလက်ထပ်နိုင်မှာလဲနော် …။
ချစ်လို့ရစ်တယ် တွေးပေးလိုက်ပါ။ ( မိန်းကလေး ကလည်းသိပ်မရစ်နဲ့ပေါ့၊ စိတ်ညစ်ပင်ပန်းနေတုန်း သွားရစ်ရင် ပြဥနာတွေ ကြီးလာနိုင်ပါတယ် )
(၅) မငိုစေနဲ့”
ချစ်သူ ထားတာ တစ်ဘဝလုံးပျော်ရွှင်ရဖို့ပါ။ သူမကို ပျော်အောင်မထားနိုင်သေးရင်တောင် ဘာအကြောင်းကြောင်းနဲ့မှ မငိုပါစေနဲ့ …။
(၆) ပူဆာပါစေ”
သူမ ပူဆာတယ်ဆိုတာ သူမအပေါ် မင်းအလိုလိုက်မှန်း သိလို့ နွဲ့ဆိုးဆိုးတာပါ။ တတ်နိုင်သလောက် လိုက်လုပ်ပေးပါ။ မိန်းကလေးကလည်း ကိုယ့်ကောင်လေး မတတ်နိုင်တာမျိုးတွေတော့ သိပ်မပူဆာနဲ့ပေါ့ …။
ချစ်တာနဲ့ ရယူတာတခြားစီပါ။ မတော်တဆ မင်းနဲ့ကွဲသွားခဲ့ရင် သူမရဲ့အိမ်ထောင်ရေး မှာ မင်းရယူခဲ့တာက အမည်းစက်ဖြစ်သွားမှာပဲ။ မြတ်နိုးပါ၊ တန်ဖိုးထားပေးပါ …။
အဲ့ဒါလေးတွေ လိုက်လုပ်နိုင်ရင်ကို တော်တော်ပြည့်စုံနေပါပြီနော် …။ ။
Credit: original uploder