ဤနည်းဖြင့်​ အိပ်​ရာက အထမှာ လဲကျ လိမ့်​ကျပြီး ဦး​နှောက်​​သွေးအားနည်းခြင်း၊ တနည်းအားဖြင့်​ ​အောက်​ဆီဂျင်​​ ရရှိမှု လျော့နည်းခြင်း မဖြစ်​​တော့ဘဲ နှလုံးကြွက်​သား ခုတ်​ညှစ်​မှု စွမ်းအား ပျက်​ပြားကာ ရုတ်​တရက်​ ​သေဆုံမှုမျိုး မဖြစ်​နိုင်​​တော့ပါ..။
Credit – Original
Unicode Version ဖြင့်ဖတ်ရန်
အိပ်ပျော်နေရာမှ ရုတ်​တရက်ထလိုက်ခြင်း၏ ကြောက်မက်ဖွယ် ဆိုးကျိုး…
အိပ်ပျော်နေပြီးမှ ရုတ်တရက် ထလိုက်ခြင်းဟာ လူကို အသက်ဆုံးရှုံး စေနိုင်တယ်ဆိုတာ သင်သိပါသလား ?
(အိပ်ယာအထမှာ လိုက်နာစရာ) အိပ်နေရင်း ဘာလို့ သေကြတာလဲ?
အားလုံးအတွက်​ အ​ရေးကြီးလို့ မိတ်​​ဆွေ ဆရာဝန်​တစ်​​ယောက်​ ​ပြောပြထားတဲ့ ​ဟောဒီ အချက်​​လေးကို သတိထားကြဖို့ မျှဝေပေးပါရ​စေ …။
ည ည အိပ်​​ပျော်​ ​နေရာက ဆီးသွားချင်စိတ်ကြောင့် နိုးလို့ပဲ ဖြစ်​ဖြစ်​ ၊ နံနက်​​စော​စော အိပ်​ရာ အထမှာ ဖြစ်​ဖြစ်​ လူတိုင်း မိနစ်​ဝက်​ သုံးကြီမ်​ သတိထားခြင်းဖြင့် ရုတ်​တရက်​ ​သေဆုံးမှု များစွာ ​လျော့ပါးစေမှာပါ …။
သာမာန်​အားဖြင့် ကျန်းမာ​ရေး​ ကောင်းတယ်​ လို့ထင်​ရတဲ့ သူတစ်​​ယောက်​​ ညက ကွယ်​လွန်​ သွားပြီ ဆိုတာမျိုး၊ “ဟင်​ မ​နေ့က ဘဲ ​ဖေ့စ်​ ဘွတ်​ မက်​စင်​ဂျာ က​နေ စကား​ပြောလိုက်​​ရသေးတယ်၊ ခု ရုတ်​တရက်​ ​သေဆုံးပြီ ” ဆိုတာ မျိုး​တွေ မကြာမကြာ ကြားကြား​ နေရတာ ဘာ​ကြောင့်ပါလဲ ?
အ​ကြောင်းက​တော့ ညမှာ အ​ပေါ့စွန့်ဘို့ အိပ်​ရာ က အ​လောသုံးဆယ်​ အထ မှာ ဦး​နှောက်​ကို​ သွေးပို့မှု နည်းသွားလို့ပါပဲ …။
ညလည်​ လောက်​ ဆီးသွားချင်​လို့ နိုးရုံ​လေးနဲ့ နှလုံးသားလျှပ်​စီးမှုပြ​ ကောက်​​ကြောင်း ပုံစံ-ECG pattern ​ပြောင်းလဲ ပါပြီ။ ဒီအထဲ ဝရုန်းသုန်းကား အမြန်​ထလိုက်​ဦးမယ်​ ဆိုရင်​ ဖြင့် ဦး​နှောက်မှာ ​သွေးနီအား နည်းပြီး နှလုံးသားရဲ့ ခုတ်​ညှစ်​မှု စွမ်းအား ပျက်​ပြားသွားတတ်​ပါတယ်​ …။
“လိုက်​နာရမယ့် မိနစ်​ဝက်​ သုံးကြိမ်​”
ဘယ်​အ​ကြောင်း​ကြောင့်ဘဲ နိုးနိုး၊ နိုးနိုးချင်း အိပ်​ရာ က အ​မျောအ​မော အ​လောသုံးဆယ်​ မထလိုက်​ပါနဲ့၊ ဒီအချက်​ သုံးချက်​ကိုဖြင့် နှလုံးသွင်း ဖြစ်​​အောင်​ သွင်းလိုက်​ပါနော် …။
(၁) ပထမ မိနစ်​ဝက်​ အိပ်​​ပျော်​​နေရာက နိုးနိုးချင်း မိနစ်​ဝက်​ အိပ်​ရာထဲမှာ ဆက်​ပြီ လဲ​လျောင်း​နေပါအုံး …။
(၂) ဒုတိယ မိနစ်​ဝက်​ အိပ်​ရာပေါ်မှာဘဲ မိနစ်​ဝက်​ ထိုင်​နေပါ …။
(၃) ​တတိယ မိနစ်​ဝက်​ အိပ်​ရာအစွန်းမှာ ထိုင်​လျက်​ ​ခြေနှစ်​ဖက်​ အိပ်​ရာဘေးသို့ တွဲ​လျောင်း ချထားပါ …။
ဤနည်းဖြင့် အိပ်​ရာက အထမှာ လဲကျ လိမ့့်ကျပြီး ဦး​နှောက်​​သွေးအားနည်းခြင်း၊ တနည်းအားဖြင့် ​အောက်​ဆီဂျင်​​ ရရှိမှု လျော့နည်းခြင်း မဖြစ်​​တော့ဘဲ နှလုံးကြွက်​သား ခုတ်​ညှစ်​မှု စွမ်းအား ပျက်​ပြားကာ ရုတ်​တရက်​ ​သေဆုံမှုမျိုး မဖြစ်​နိုင်​​တော့ပါ..။
ဒါကြောင့် ဒီအချက်​ အ​ကြောင်းအရာ ကို မိမိ မိသားစုဝင်​များ၊ မိတ်​​ဆွေများ၊ ချစ်​အပ်​ ခင်အပ်​​သူများအား အသိ​ပေး မျှ​ဝေပါ။ နိုးကြား စေပါ …။
ကြီးကြီး ငယ်​ငယ်​ ရွယ်​ရွယ်​ လတ်​လတ်​ အသက်​အရွယ်​မ​ရွေး ဒီအ​ခြေအ​နေဆိုး​တွေ ဖြစ်​တတ်​ပါတယ်​။ မျှဝေ တယ်​ဆိုတာ အ​လေးထား ခြင်းဘဲ မဟုတ်​ပါလား၊ သိပြီသား ဆိုလဲ အသစ်​ အသစ်​လို သ​ဘောထားပြီး လိုက်​နာကျင့်​ဆောင်​ဖို့ ဖြစ်ပါတယ်နော် …။ ။
Credit – Original