တစ္ေန႔ကိုမိနစ္(၂၀)ေလာက္ ေျခေထာက္လုပ္႐ုံနဲ႔ ရရွိလာမယ့္အက်ိဳးေက်းဇူးမ်ား…
ပုံမွန္ေလ့က်င့္ခန္း ေတာ္ေတာ္မ်ားမ်ားကေတာ့ ကာယခြန္အားအမ်ားႀကီးစိုက္ထုတ္ရၿပီး ေခြၽးထြက္ေမာပန္း ရတာမ်ိဳးေတြ မ်ားပါတယ္ …။
ဒီလို ေလ့က်င့္ခန္းေတြၾကားထဲမွာမွ သက္ေသာင့္သက္သာနဲ႔ ခႏၶာကိုယ္အက်ိဳးေက်းဇူး မ်ားေစမယ့္ ေလ့က်င့္ခန္းေလးကိုေဖာ္ျပေပးခ်င္ပါတယ္ ။ဒါကေတာ့ ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းပါ။ ေျခေထာက္ေျမႇာက္ ေလ့က်င့္ခန္းကို တစ္ေန႔ မိနစ္ (၂၀)နဲ႔ ပုံမွန္ျပဳလုပ္ေပးရံုနဲ႔ ရရွိလာမယ့္ အက်ိဳးေက်းဇူးေတြကေတာ့…
(၁) ေျခေထာက္ေဖာတာ၊ ေရာင္တာ သက္သာမယ္။
ဒီေလ့က်င့္ခန္းက ေျခေထာက္ေသြးလွည့္ပတ္မႈကို အထူးေကာင္းမြန္ေစလို႔ ေက်ာက္ကပ္ေရာဂါ၊ အဝလြန္တာနဲ႔ ၊ မွားယြင္းတဲ့ စားေသာက္ပုံေတြေၾကာင့္ျဖစ္တဲ့ ေျခေထာက္ေဖာတာ ၊ ေရာင္တာေတြကို ေလ်ာ့က်ေစၿပီး ေျခေထာက္ကို သြယ္လာေစပါတယ္ …။
ေဒါက္ဖိနပ္စီးရင္ျဖစ္တဲ့ နာက်င္မႈ ဒဏ္ေတြကိုလည္း သက္သာလာေစႏိုင္ပါတယ္ …။
(၂) အစာေျခစနစ္ ေကာင္းမြန္လာမယ္။
ကိုယ္တြင္း အဂၤါေတြရဲ႕ ေသြးလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစတာေၾကာင့္ အစာေျခစနစ္ကို ပိုမိုေကာင္းမြန္လာေစႏိုင္ပါတယ္။ အစာစုၿပီး ဗိုက္ပူတာ၊ ဗိုက္အဆီစုတာေတြပါ ေပ်ာက္ကင္းေစတာေၾကာင့္ အဆီက်ၿပီး ခါးေလးပါသြယ္ လာ ပါလိမ္႔မယ္ …။
(၃) စိတ္အတက္အက်မ်ားတာ ေလ်ာ့က်လာမယ္။
ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းလုပ္ရင္း အသက္ရႉေလ့က်င့္ခန္းပါ လုပ္ၿပီးသားျဖစ္တာေၾကာင့္ ဦးေႏွာက္ထဲ ေအာက္ဆီဂ်င္ပိုေရာက္ၿပီး စိတ္ကိုလန္းဆန္းေစပါတယ္ …။
စိတ္ကို တည္ၿငိမ္ေစၿပီး စိတ္လႈပ္ရွားမႈ၊ လည္ပင္းနဲ႔ ဝမ္းဗိုက္ႂကြက္သားတင္းရင္းမႈေတြကိုပါ ေလ်ာ့က်ေစ ႏိုင္ပါတယ္ …။
(၄) ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္မယ္
ေသြးလွည့္ပတ္မႈေကာင္းမြန္ေစတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ဇီဝကာမျဖစ္စဥ္ေတြကိုလည္း ပုံမွန္ျပန္ျဖစ္ေစၿပီး အိပ္ခ်ိန္လည္း မွန္လာေစပါတယ္ …။
” ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္း ျပဳလုပ္ပုံ ”
နံရံနားမွာ သက္ေသာင့္သက္သာျဖစ္မယ့္ ေနရာကိုေ႐ြးပါ။ ၿပီးရင္ေတာ့ အခင္းေလး တစ္ခုခ်ၿပီး(သို႔) roller လုံးေလးေက်ာမွ ခ်ၿပီး လွဲလိုက္ပါ …။
ေျခေထာက္ကို နံရံမွာ တည့္တည့္ေျမႇာက္ပါ(90 degree) လက္ေတြကိုေတာ့ ၾကမ္းျပင္မွာ သက္ေသာင့္သက္သာ ခ်ထားလို႔ ရပါတယ္။ ဒီအတိုင္း ၁၅ မိနစ္ကေန မိနစ္ ၂၀ အထိ ျပဳလုပ္ေပးလို႔ ရပါတယ္ …။
သတိျပဳရမွာကေတာ့ ေသြးလည္ပတ္မႈကို အေႏွာက္အယွက္ျဖစ္ေစမယ့္ အဝတ္အစားမ်ိဳးေတာ႔ မဝတ္ရပါဘူး။ ခါး႐ိုး ၊ ေျခေထာက္ ထိခိုက္ဒါဏ္ရာရထားသူေတြ မျပဳလုပ္သင့္ပါဘူးေနာ္ …။ ။
Rain
Unicode Version ဖြင့်ဖတ်ရန်
တစ်နေ့ကိုမိနစ်(၂၀)လောက် ခြေထောက်လုပ်ရုံနဲ့ ရရှိလာမယ့်အကျိုးကျေးဇူးများ…
ပုံမှန်လေ့ကျင့်ခန်း တော်တော်များများကတော့ ကာယခွန်အားအများကြီးစိုက်ထုတ်ရပြီး ချွေးထွက်မောပန်း ရတာမျိုးတွေ များပါတယ် …။
ဒီလို လေ့ကျင့်ခန်းတွေကြားထဲမှာမှ သက်သောင့်သက်သာနဲ့ ခန္ဓာကိုယ်အကျိုးကျေးဇူး များစေမယ့် လေ့ကျင့်ခန်းလေးကိုဖော်ပြပေးချင်ပါတယ် ။ဒါကတော့ ခြေထောက်မြှောက်လေ့ကျင့်ခန်းပါ။ ခြေထောက်မြှောက် လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် (၂၀)နဲ့ ပုံမှန်ပြုလုပ်ပေးရုံနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့…
(၁) ခြေထောက်ဖောတာ၊ ရောင်တာ သက်သာမယ်။
ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေလို့ ကျောက်ကပ်ရောဂါ၊ အဝလွန်တာနဲ့ ၊ မှားယွင်းတဲ့ စားသောက်ပုံတွေကြောင့်ဖြစ်တဲ့ ခြေထောက်ဖောတာ ၊ ရောင်တာတွေကို လျော့ကျစေပြီး ခြေထောက်ကို သွယ်လာစေပါတယ် …။
ဒေါက်ဖိနပ်စီးရင်ဖြစ်တဲ့ နာကျင်မှု ဒဏ်တွေကိုလည်း သက်သာလာစေနိုင်ပါတယ် …။
(၂) အစာခြေစနစ် ကောင်းမွန်လာမယ်။
ကိုယ်တွင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေတာကြောင့် အစာခြေစနစ်ကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ အစာစုပြီး ဗိုက်ပူတာ၊ ဗိုက်အဆီစုတာတွေပါ ပျောက်ကင်းစေတာကြောင့် အဆီကျပြီး ခါးလေးပါသွယ် လာ ပါလိမ့်မယ် …။
(၃) စိတ်အတက်အကျများတာ လျော့ကျလာမယ်။
ခြေထောက်မြှောက်လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူလေ့ကျင့်ခန်းပါ လုပ်ပြီးသားဖြစ်တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ပိုရောက်ပြီး စိတ်ကိုလန်းဆန်းစေပါတယ် …။
စိတ်ကို တည်ငြိမ်စေပြီး စိတ်လှုပ်ရှားမှု၊ လည်ပင်းနဲ့ ဝမ်းဗိုက်ကြွက်သားတင်းရင်းမှုတွေကိုပါ လျော့ကျစေ နိုင်ပါတယ် …။
(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်
သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ်စဉ်တွေကိုလည်း ပုံမှန်ပြန်ဖြစ်စေပြီး အိပ်ချိန်လည်း မှန်လာစေပါတယ် …။
” ခြေထောက်မြှောက်လေ့ကျင့်ခန်း ပြုလုပ်ပုံ ”
နံရံနားမှာ သက်သောင့်သက်သာဖြစ်မယ့် နေရာကိုရွေးပါ။ ပြီးရင်တော့ အခင်းလေး တစ်ခုချပြီး(သို့) roller လုံးလေးကျောမှ ချပြီး လှဲလိုက်ပါ …။
ခြေထောက်ကို နံရံမှာ တည့်တည့်မြှောက်ပါ(90 degree) လက်တွေကိုတော့ ကြမ်းပြင်မှာ သက်သောင့်သက်သာ ချထားလို့ ရပါတယ်။ ဒီအတိုင်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ ပြုလုပ်ပေးလို့ ရပါတယ် …။
သတိပြုရမှာကတော့ သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေမယ့် အဝတ်အစားမျိုးတော့ မဝတ်ရပါဘူး။ ခါးရိုး ၊ ခြေထောက် ထိခိုက်ဒါဏ်ရာရထားသူတွေ မပြုလုပ်သင့်ပါဘူးနော် …။ ။
Rain