ဒီအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသားတစ္ေယာက္ကို ဘယ္ေတာ့မွ လက္မလႊတ္ပါနဲ႔

ဒီအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသားတစ္ေယာက္ကို ဘယ္ေတာ့မွ လက္မလႊတ္ပါနဲ႔

လူတိုင္းကေတာ့ လွတာ မက္တာခ်ည္းပါပဲ။ အထူးသျဖင့္ ေယာက်္ားေလးေတြက လွတာေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးေတြကို ဆို ပိုသေဘာက် ၾကပါတယ္ …။

တကယ္တမ္း လက္တြဲမယ့္ မိန္းကေလးတစ္ေယာက္ဟာ လွေနဖို႔ လိုအပ္သလားဆိုရင္ သူတို႔ကေတာ့ လိုတယ္လို႔ပဲ ေျဖမွာပါပဲ …။

လွတာထက္ ဒီလိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသားတစ္ေယာက္ကိုေတာ့ မင္းလက္မလႊတ္သင့္ပါဘူး …။

သူတို႔က တကယ္ပဲ မင္းဘဝအတြက္အေထာက္ကူျဖစ္ေစမယ့္ ၊ လမ္းျပေပးႏိုင္မယ့္ မိန္းမေကာင္းေတြ ျဖစ္ေနလို႔ပါပဲေနာ္ …။

(၁) ေပ်ာ္႐ႊင္မႈေတြေပးႏိုင္သူ”

မင္းခ်စ္တဲ့လူက ေပ်ာ္႐ႊင္မႈေတြ ေပးႏိုင္မယ္ ထင္လား၊ ေပးခဲ့ရင္လည္း ခဏပါပဲ …။

ကိုယ္ကခ်စ္ေပမယ့္ ထင္သေလာက္ မေပ်ာ္ရတဲ့ အခ်ိန္ေတြ႐ွိမွာပါပဲ …။

အဓိက သူနဲ႔ကိုယ္ၾကားမွာ စိတ္ခ်မ္းသာစရာကိစၥေတြ ေပးစြမ္းႏိုင္တဲ့ မိန္းကေလးမ်ိဳးေပါ့ …။

သူ႕ကို ေတြ႕လိုက္တာနဲ႔ ေအးခ်မ္းသြားေစ တာမ်ိဳးေပါ့ …။

ဒီလိုခံစားခ်က္မ်ိဳးက မိန္းကေလး တိုင္းေပးႏိုင္မွာ မဟုတ္ပါဘူး …။

မင္းအတြက္ စစ္မွန္တဲ့ မိန္းကေလး တစ္ေယာက္တည္းဆီကသာ မင္းရႏိုင္မွာပါ …။

(၂) ႐ိုးသားသူ”

ဒီေခတ္ႀကီးမွာ ႐ိုးသားတဲ့လူ ဆိုတာ မ႐ွိသေလာက္ပါပဲ …။

မ႐ိုးသားတဲ့ လူတစ္ေယာက္ကို ယုံၾကည္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္ပါဘူး …။

အားလုံးက ဆက္စပ္ေနပါတယ္။ မင္းအေနနဲ႔ သူ႕အေပၚ မယုံရရင္ေပ်ာ္႐ႊင္မႈဆိုတာလည္း ႐ွိေတာ့မွာ မဟုတ္ပါဘူး …။

တကယ္လို႔ ႐ိုးသားတဲ႔ ေကာင္မေလးကို ေတြ႕ၿပီဆိုရင္ေတာ့ ဒီမိန္းကေလးကို လက္မလႊတ္လိုက္ပါနဲ႔ …။

(3) အေကာင္းျမင္သူ”

ဒီလိုလူမ်ိဳးက ႐ွိေတာ့႐ွိတယ္ ရွားပါတယ္…။

အရာရာတိုင္းအေပၚ အေကာင္းျမင္တတ္ၿပီး မနာလိုစိတ္ကင္းတဲ့ မိန္းကေလးဆိုတာ ႐ွားပါတယ္ …။

အနည္းက်ဥ္းေတာ့ မသိစိတ္ေလးမွာ အဆိုးျမင္စိတ္ေတြ ေပါက္ဖြားၾကမွာပါပဲ …။

ဒါေပမယ့္ အၿမဲတမ္း အဆိုးျမင္တတ္ တဲ့ မိန္းမမ်ိဳးဆို မင္းအတြက္ မြန္းၾကပ္ေစ ပါလိမ္႕မယ္ …။

သူမရဲ႕အေျပာဆိုေအာက္မွာ မင္းေန႔တိုင္း ေခါင္းကိုက္ေန ရပါလိမ့္မယ္ …။

(၄) မင္းရဲ႕ရည္မွန္းခ်က္ေတြ ျဖည့္ဆည္းေပးသူ”

မင္း ဘာျဖစ္ခ်င္လဲ ၊ ဘယ္လမ္းေလွ်ာက္ခ်င္တဲ့ဆို သူမပါအတူ လမ္းေဖာက္ေပးမယ့္ သူမ်ိဳးေပါ့ …။

ရည္မွန္းခ်က္ အိပ္မက္ေတြ အေကာင္ထည္ေဖာ္ဖို႔ ေဘးကေန အားအင္အျဖစ္ ပံ့ပိုးေပးႏိုင္တဲ႔ သူမ်ိဳးပဲ ျဖစ္ပါတယ္ …။

ေယာက်္ားေလးေတြဟာ ဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစား

ေဘးနားက အားျဖစ္ေစမယ့္ မိန္းကေလးတစ္ေယာက္ကိုေတာ့ အၿမဲလိုအပ္ပါတယ္ …။

(၅) ဆက္ဆံေရးေကာင္းသူ”

အေပၚယံ ေပါင္းသင္းတတ္တာမ်ိဳးကို ေျပာတာ မဟုတ္ပါဘူး …။

လူတိုင္းနဲ႔ ရင္ထဲကလိႈက္လိႈက္လွဲလွဲ ဝင္ဆံ့ႏိုင္ေအာင္ ေပါင္းသင္းႏိုင္တဲ့ မိန္းကေလးမ်ိဳးပါ …။

စေတြ႕တာနဲ႔ အေပၚယံၾကည့္ ဆုံးျဖတ္တာမ်ိဳး မဟုတ္ပဲ စကားေတြေျပာၾကည့္ၿပီး အဆင္ေျပေအာင္ ေနတတ္သူေပါ့ …။

ဆက္ဆံေရးေကာင္းတဲ့ မိန္းကေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားရတာဟာ မင္းအတြက္ေတာ႔ ဆုလာဘ္တစ္ခုပါပဲ …။

ဒီအခ်က္ေတြ နဲ႔လည္း ျပည့္စုံၿပီ။ သူမကလည္း လွတယ္ဆိုရင္ေတာ့ ဘုရားကေပးတဲ့ အပိုဆုေလးကို မင္းပိုင္ဆိုင္ထားပါျပီ …။

ကဲ…. ဘာမ်ားလိုဦးမလဲေနာ္ …??

Credit – ေမသႀကၤန္ဟိန္(ျမစ္မခ)

Unicode Version ဖြင့်ဖတ်ရန်

ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့

လူတိုင်းကတော့ လှတာ မက်တာချည်းပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ဆို ပိုသဘောကျ ကြပါတယ် …။

တကယ်တမ်း လက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ လှနေဖို့ လိုအပ်သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ပဲ ဖြေမှာပါပဲ …။

လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့်ပါဘူး …။

သူတို့က တကယ်ပဲ မင်းဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ ဖြစ်နေလို့ပါပဲနော် …။

(၁) ပျော်ရွှင်မှုတွေပေးနိုင်သူ”

မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေ ပေးနိုင်မယ် ထင်လား၊ ပေးခဲ့ရင်လည်း ခဏပါပဲ …။

ကိုယ်ကချစ်ပေမယ့် ထင်သလောက် မပျော်ရတဲ့ အချိန်တွေရှိမှာပါပဲ …။

အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာကိစ္စတွေ ပေးစွမ်းနိုင်တဲ့ မိန်းကလေးမျိုးပေါ့ …။

သူ့ကို တွေ့လိုက်တာနဲ့ အေးချမ်းသွားစေ တာမျိုးပေါ့ …။

ဒီလိုခံစားချက်မျိုးက မိန်းကလေး တိုင်းပေးနိုင်မှာ မဟုတ်ပါဘူး …။

မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင်မှာပါ …။

(၂) ရိုးသားသူ”

ဒီခေတ်ကြီးမှာ ရိုးသားတဲ့လူ ဆိုတာ မရှိသလောက်ပါပဲ …။

မရိုးသားတဲ့ လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး …။

အားလုံးက ဆက်စပ်နေပါတယ်။ မင်းအနေနဲ့ သူ့အပေါ် မယုံရရင်ပျော်ရွှင်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး …။

တကယ်လို့ ရိုးသားတဲ့ ကောင်မလေးကို တွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ်လိုက်ပါနဲ့ …။

(3) အကောင်းမြင်သူ”

ဒီလိုလူမျိုးက ရှိတော့ရှိတယ် ရှားပါတယ်…။

အရာရာတိုင်းအပေါ် အကောင်းမြင်တတ်ပြီး မနာလိုစိတ်ကင်းတဲ့ မိန်းကလေးဆိုတာ ရှားပါတယ် …။

အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင်စိတ်တွေ ပေါက်ဖွားကြမှာပါပဲ …။

ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ် တဲ့ မိန်းမမျိုးဆို မင်းအတွက် မွန်းကြပ်စေ ပါလိမ့်မယ် …။

သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေ ရပါလိမ့်မယ် …။

(၄) မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေးသူ”

မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့် သူမျိုးပေါ့ …။

ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင်တဲ့ သူမျိုးပဲ ဖြစ်ပါတယ် …။

ယောက်ျားလေးတွေဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား

ဘေးနားက အားဖြစ်စေမယ့် မိန်းကလေးတစ်ယောက်ကိုတော့ အမြဲလိုအပ်ပါတယ် …။

(၅) ဆက်ဆံရေးကောင်းသူ”

အပေါ်ယံ ပေါင်းသင်းတတ်တာမျိုးကို ပြောတာ မဟုတ်ပါဘူး …။

လူတိုင်းနဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဝင်ဆံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ …။

စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာမျိုး မဟုတ်ပဲ စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူပေါ့ …။

ဆက်ဆံရေးကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ မင်းအတွက်တော့ ဆုလာဘ်တစ်ခုပါပဲ …။

ဒီအချက်တွေ နဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ်ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားပါပြီ …။

ကဲ…. ဘာများလိုဦးမလဲနော် …??

Credit – မေသင်္ကြန်ဟိန်(မြစ်မခ)