ခွဲမသွားသေးလည်း
တွယ်ဖက်ထားလည်း
ကိုယ်ထွက် သွားမလား
သေချာတာ တစ်ခုကတော့
အရေးကြီးတာက
Credit
Unicode Version ဖြင့်ဖတ်ရန်
ထားခဲ့ခြင်း(သို့) ကျန်ခဲ့ခြင်းတွေမှာ သံယောဇဉ်တွေ နည်းလေကောင်းလေပဲ…
ထားခဲ့ခြင်း (သို့) ကျန်ခဲ့ခြင်းတွေမှာ
သံယောဇဉ်တွေ နည်းလေ ကောင်းလေပါပဲ …။
ခွဲမသွားသေးလည်း
နောက်ဆုံးကျရင်တော့ ခွဲခွါ သွားကြရမယ် …။
တွယ်ဖက်ထားလည်း
နောက်ဆုံးကျ စွန့်ပစ်သွားရမယ် …။
ကိုယ်ထွက် သွားမလား
ကိုယ်ကပဲ ထားခဲ့မလားဆိုတာ မသိဘူး …။
သေချာတာ တစ်ခုကတော့
ကိုယ်က ပိုချစ်ရင် ကိုယ်ကပဲ ပိုခံစားရလိမ့်မယ် …။
ကိုယ်က ပိုသံယောဇဉ်ကြီးရင်
ကိုယ်ကပဲ ပိုပြီးနာကျင်မှုကို ပိုပြီး ခံစားရလိမ့်မယ် …။
သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲဖြစ်ဖြစ်
ပိုပြီး တွယ်ကပ်သူက ပိုပြီး ပူလောင်ရမယ် …။
သူက မထားခဲ့ရင် ကိုယ်က ထားခဲ့ရမယ် …။
အရေးကြီးတာက
ထားခဲ့ခြင်း ကျန်ခဲ့ခြင်းတွေမှာ
သူသူ ကိုယ်ကိုယ် သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ …။ ။
Credit