ခ်ိဳင္းေမြးေတြကို ရိတ္စရာမလိုဘဲ သဘာဝအတိုင္းကြၽတ္သြားေစမယ့္ နည္းလမ္းေကာင္း…

ခ်ိဳင္းေမြးေတြကို ရိတ္စရာမလိုဘဲ သဘာဝအတိုင္းကြၽတ္သြားေစမယ့္ နည္းလမ္းေကာင္း…

​ေႏြရာသီက ဂါဝန္လက္ျပတ္ ၊ အက်ႌလက္ျပတ္ ၊ ေဘာင္းဘီတို ၊ ဘီကီနီ တို႔ဝတ္ရမယ့္ အခ်ိန္ဆုိေတာ႔…

ဒီအဝတ္အစားေတြ လွေပမယ့္ ခ်ိဳင္း နဲ႔ ေျခသလုံး႐ွိ အေမႊးေတြ ႐ွင္းေနမွ ၾကည့္လို႔လွေနမွာပါ …။

အေမႊးရိတ္တယ္ဆိုတာ အသားအေရကို ၾကမ္းတမ္းေစတယ္ …။

ျပန္ေပါက္လာတဲ့ အေမႊးေတြက ၾကမ္းလာတယ္ ၊ အခ်ိန္ခဏေလးနဲ႔လည္း ျပန္ေပါက္လာေစပါတယ္ …။

ဒါေၾကာင့္ ေမႊးရိတ္တံနဲ႔ ရိတ္စရာမလိုဘဲ သဘာဝနည္းေတြကို သုံးၿပီး အေမႊးခြၽတ္ေပးႏိုင္မယ့္ နည္းလမ္း (၃) မ်ိဳးကို ခ်စ္တို႔အတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္ …။

(၁) သၾကားႏွင္႔ သံပ႐ိုရည္”

သၾကား နဲ႔ သံပ႐ိုရည္ ေရာထားတဲ့ အႏွစ္ကေတာ့ မလိုခ်င္တဲ့ အေမႊးေတြကို ခြၽတ္ေပးႏိုင္ပါတယ္ …။

၎ အႏွစ္က အေမႊးေတြကို လြယ္လြယ္ခြၽတ္ေပးႏိုင္ၿပီး ေတာ္ေတာ္ၾကာတဲ့အထိ ျပန္မေပါက္ပါဘူး …။

ပါဝင္ပစၥည္းေတြကေတာ႔ သၾကား (တစ္ခြက္) ၊ ပ်ားရည္ (ခြက္ရဲ႕ ေလးပုံတစ္ပုံ) ၊ သံပ႐ိုရည္ (စားပြဲတင္ဇြန္း ၂ဇြန္း) တို႔ပဲ ျဖစ္ပါတယ္ …။

– ပါဝင္ပစၥည္းမ်ားကို ဇလုံထဲ ထည့္ေပးၿပီး ပ်စ္လာေအာင္ ေမႊေပးပါ …။

– ၿပီးရင္ (၂) မိနစ္ေလာက္ အပူေပးေပးပါ …။

– အေအးခံၿပီးရင္ အသုံးျပဳႏိုင္ပါတယ္ …။

(၂) ၾကက္ဥအကာ နဲ႔ cornstarch”

ခ်ိဳင္းၾကား႐ွိ အေမႊးေတြကို ခြၽတ္ဖို႔အတြက္က ဆားဝက္ျခံကို ေပ်ာက္ေအာင္ လုပ္ဖို႔ထက္ေတာင္ ပိုလြယ္ကူပါတယ္ …။

ပါဝင္ပစၥည္းေတြကေတာ႔ ၾကက္ဥ (၁လုံး) ၊ cornstarch (စားပြဲတင္ဇြန္းတစ္ဝက္) ၊ သၾကား (စားပြဲတင္ဇြန္း ၁ ဇြန္း) တို႔ပဲ ျဖစ္ပါတယ္ …။

– ၾကက္ဥကို အကာ နဲ႔ အႏွစ္ကို ခြဲေပးပါ …။

– ၾကက္ဥအကာ ကိုယူၿပီး ပါဝင္ပစၥည္းမ်ားအားလုံကို ေရာေပးပါ …။

– မလိုခ်င္တဲ့ အေမႊးေပၚ လိမ္းေပးၿပီး ေျခာက္ေအာင္ ထားထားေပးပါ …။

– ေျခာက္သြားတဲ႔အခါမွ ဆြဲခြၽတ္ေပးပါ …။

(၃) Baking soda နဲ႔ နႏြင္း”

ပါဝင္ပစၥည္းေတြကေတာ႔ နႏြင္း (စားပြဲတင္ဇြန္း ၁ ဇြန္း ) ၊ baking soda (စားပြဲတင္ဇြန္း ၂ ဇြန္း) ၊ ေရ တို႔ပဲ ျဖစ္ပါတယ္ …။

– နႏြင္း နဲ႔ baking soda ကိုေရာေနခ်ိန္မွာ ေရထည့္ေရာၿပီး ေမႊေပးပါ …။

– အႏွစ္ျပစ္လာရင္ ခ်ိဳင့္ေပၚမွာ လိမ္းေပးၿပီး အေျခာက္ခံ ထားေပးပါ …။

– လက္နဲ႔ ပြတ္သပ္ေပးၿပီး ေရနဲ႔ေဆးေပးလိုက္ပါ …။

အဆင္ေျပမယ္လို႔ ေမွ်ာ္လင္႔ပါတယ္။ စိတ္တိုင္းက် လွပႏိုင္ပါေစ ခ်စ္တို႔ေရ …။

Credit

Unicode Version ဖြင့်ဖတ်ရန်

ချိုင်းမွေးတွေကို ရိတ်စရာမလိုဘဲ သဘာဝအတိုင်းကျွတ်သွားစေမယ့် နည်းလမ်းကောင်း…

​နွေရာသီက ဂါဝန်လက်ပြတ် ၊ အင်္ကျီလက်ပြတ် ၊ ဘောင်းဘီတို ၊ ဘီကီနီ တို့ဝတ်ရမယ့် အချိန်ဆိုတော့…

ဒီအဝတ်အစားတွေ လှပေမယ့် ချိုင်း နဲ့ ခြေသလုံးရှိ အမွှေးတွေ ရှင်းနေမှ ကြည့်လို့လှနေမှာပါ …။

အမွှေးရိတ်တယ်ဆိုတာ အသားအရေကို ကြမ်းတမ်းစေတယ် …။

ပြန်ပေါက်လာတဲ့ အမွှေးတွေက ကြမ်းလာတယ် ၊ အချိန်ခဏလေးနဲ့လည်း ပြန်ပေါက်လာစေပါတယ် …။

ဒါကြောင့် မွှေးရိတ်တံနဲ့ ရိတ်စရာမလိုဘဲ သဘာဝနည်းတွေကို သုံးပြီး အမွှေးချွတ်ပေးနိုင်မယ့် နည်းလမ်း (၃) မျိုးကို ချစ်တို့အတွက် မျှဝေပေးလိုက်ပါတယ်နော် …။

(၁) သကြားနှင့် သံပရိုရည်”

သကြား နဲ့ သံပရိုရည် ရောထားတဲ့ အနှစ်ကတော့ မလိုချင်တဲ့ အမွှေးတွေကို ချွတ်ပေးနိုင်ပါတယ် …။

၎င်း အနှစ်က အမွှေးတွေကို လွယ်လွယ်ချွတ်ပေးနိုင်ပြီး တော်တော်ကြာတဲ့အထိ ပြန်မပေါက်ပါဘူး …။

ပါဝင်ပစ္စည်းတွေကတော့ သကြား (တစ်ခွက်) ၊ ပျားရည် (ခွက်ရဲ့ လေးပုံတစ်ပုံ) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၂ဇွန်း) တို့ပဲ ဖြစ်ပါတယ် …။

– ပါဝင်ပစ္စည်းများကို ဇလုံထဲ ထည့်ပေးပြီး ပျစ်လာအောင် မွှေပေးပါ …။

– ပြီးရင် (၂) မိနစ်လောက် အပူပေးပေးပါ …။

– အအေးခံပြီးရင် အသုံးပြုနိုင်ပါတယ် …။

(၂) ကြက်ဥအကာ နဲ့ cornstarch”

ချိုင်းကြားရှိ အမွှေးတွေကို ချွတ်ဖို့အတွက်က ဆားဝက်ခြံကို ပျောက်အောင် လုပ်ဖို့ထက်တောင် ပိုလွယ်ကူပါတယ် …။

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ (၁လုံး) ၊ cornstarch (စားပွဲတင်ဇွန်းတစ်ဝက်) ၊ သကြား (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ပဲ ဖြစ်ပါတယ် …။

– ကြက်ဥကို အကာ နဲ့ အနှစ်ကို ခွဲပေးပါ …။

– ကြက်ဥအကာ ကိုယူပြီး ပါဝင်ပစ္စည်းများအားလုံကို ရောပေးပါ …။

– မလိုချင်တဲ့ အမွှေးပေါ် လိမ်းပေးပြီး ခြောက်အောင် ထားထားပေးပါ …။

– ခြောက်သွားတဲ့အခါမှ ဆွဲချွတ်ပေးပါ …။

(၃) Baking soda နဲ့ နနွင်း”

ပါဝင်ပစ္စည်းတွေကတော့ နနွင်း (စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ baking soda (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ တို့ပဲ ဖြစ်ပါတယ် …။

– နနွင်း နဲ့ baking soda ကိုရောနေချိန်မှာ ရေထည့်ရောပြီး မွှေပေးပါ …။

– အနှစ်ပြစ်လာရင် ချိုင့်ပေါ်မှာ လိမ်းပေးပြီး အခြောက်ခံ ထားပေးပါ …။

– လက်နဲ့ ပွတ်သပ်ပေးပြီး ရေနဲ့ဆေးပေးလိုက်ပါ …။

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စိတ်တိုင်းကျ လှပနိုင်ပါစေ ချစ်တို့ရေ …။

Credit