ခ်စ္ေနရက္နဲ႔လမ္းခြဲေပးလိုက္တဲ့ ေယာက်ၤားေလးေတြရဲ႕ ရင္ထဲကခံစားခ်က္မ်ား
မိန္းကေလးေတြက ခန္႔မွန္းရခက္သလို ေကာင္ေလးေတြကလည္း တစ္ခါတစ္ေလေတာ့ ခန္႔မွန္းရ ခက္ၾကပါတယ္။ ေကာင္ေလးေတြက ခ်စ္ေနေပမယ့္ အေဝးကပဲ ၾကည့္ေနႏိုင္တာမ်ိဳး ႐ွိသလို ခ်စ္ေနေပမယ့္လည္း ခ်စ္သူကို ဆြဲမထားႏိုင္တဲ့ သူေတြလည္း ႐ွိေနပါတယ္ …။
ကိုယ့္ေကာင္မေလးကို အရမ္းခ်စ္ေပမယ့္လည္း ဆြဲမထားပဲ လမ္းခြဲေပးလိုက္ၾကတဲ႔ သူေတြ ႐ွိေနပါတယ္။ သူတို႔မွာေတာ့ တျခားသူေတြ မထင္ထားတဲ့ အခုလို ခံစားခ်က္ေတြ ႐ွိေနတတ္ပါတယ္ေနာ္ …။
(၁) ခ်စ္ေပမယ့္ မႀကိဳက္ဘူး။
ေကာင္ေလးေတြက ခံစားခ်က္ထက္ ဦးေႏွာက္ကို ပိုၿပီး အေလးေပးၾကတာ မ်ားပါတယ္။ သူတို႔ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ သူတို႔ မႀကိဳက္တဲ့အခ်က္ေတြ ႐ွိေနတဲ့ ေကာင္မေလးေတြကို ေ႐ြးခ်ယ္ဖို႔ ဝင္ေလးေနတတ္ပါတယ္။ ဒီလိုမ်ိဳး ကိုယ္မႀကိဳက္တဲ့အခ်က္ေတြ ႐ွိေနတဲ့ ေကာင္မေလးကို ခ်စ္သူထားခဲ့ရင္ေတာင္ သူတို႔က ဆြဲထားဖို႔ မႀကိဳးစားဘဲ လက္လႊတ္လိုက္ တတ္ၾကပါတယ္ …။
(၂) ခ်စ္ေပမယ့္ လက္မတြဲခ်င္ေတာ့ဘူး။
အခ်စ္ေတြ ႐ွိေနေသးေပမယ့္လည္း ေကာင္ေလးေတြက လက္တြဲျဖဳတ္တာကို လက္ခံတတ္ၾကပါေသးတယ္။ မိန္းကေလးေတြက ခ်စ္ရင္ ဘယ္ေလာက္ လမ္းခြဲစကားဆိုဆို ဆြဲထားတတ္ၾကေပမယ့္ ေကာင္ေလးေတြကေတာ့ အဲ့လို မဟုတ္ၾကပါဘူး။ ေကာင္မေလးဘက္က လမ္းခြဲမယ္ဆိုတာနဲ႔ လမ္းခြဲေပးတာလည္း ႐ွိေနပါတယ္။ ဒါက ခ်စ္ေပမယ့္လည္း စိတ္ပင္ပန္းေနတာေၾကာင့္ ျဖစ္သလို လက္မတြဲခ်င္ေတာ့တာေၾကာင့္လည္း ျဖစ္ပါတယ္ …။
(၃) သူေပ်ာ္တာကိုပဲ ျမင္ခ်င္တယ္။
မိန္းကေလးေတြက စကားကို လမ္းခြဲမယ္ေျပာတိုင္း အတည္ မဟုတ္တာမ်ိဳး ႐ွိပါတယ္။ ေကာင္ေလးေတြကေတာ့ အတည္ပဲ ေျပာတတ္ၾကတာ မ်ားၾကပါတယ္။ သူတို႔ကို လမ္းခြဲဖို႔ ေျပာလာတဲ့ ခ်စ္သူေကာင္မေလးကို သူတို႔နဲ႔ တြဲရတာ ပင္ပန္းေနလို႔ ေျပာတယ္လို႔ ထင္မိရင္လည္း သူတို႔က ဆြဲမထားတတ္ဘဲ လႊတ္ေပးၾကပါတယ္။ ဒါက သူတို႔စိတ္ထဲမွာ ခ်စ္သူကို ေပ်ာ္ရႊင္ ေစခ်င္တာေၾကာင့္ပဲ ျဖစ္ပါတယ္ …။
(၄) ေအာက္က်ိဳ႕ခံလိုက္ခ်င္ေပမယ့္ မလုပ္ျဖစ္ဘူး။
တစ္ခိ်ဳ႕ ေကာင္ေလးေတြရိွတဲ႔ ရီခ်င္စရာေကာင္းတာ တစ္ခ်က္ကေတာ့ စိတ္ထဲ ႐ွိတဲ့အတိုင္း လက္ေတြ႕မလုပ္ၾကတာပဲ ျဖစ္ပါတယ္ …။
လမ္းခြဲၿပီးတဲ့ ေနာက္မွာေတာ့ ေကာင္ေလးေတြက စိတ္ထဲမွာ ေအာက္က်ိဳ႕ခံၿပီး ေတာင္းပန္တာမ်ိဳး လုပ္လိုက္ခ်င္တာမ်ိဳး ျဖစ္တတ္ၾကပါတယ္။ ဒါေပမယ့္လည္း တကယ္ မလုပ္ျဖစ္ၾကပါဘူး …။
(၅) ဘာရယ္ မဟုတ္ဘူး။
ေကာင္ေလးေတြကေတာ့ ဘာရယ္မဟုတ္ဘဲ လမ္းခြဲေပးတာမ်ိဳးလည္း ႐ွိပါတယ္။ မေက်နပ္တာလည္း မဟုတ္၊ မခ်စ္ေတာ့တာလည္း မဟုတ္ပဲနဲ႔ ဒီလိုပဲ လမ္းခြဲေပးတတ္ၾကပါေသးတယ္။ မိန္းကေလးေတြ နားလည္ႏိုင္မွာ မဟုတ္တဲ့ အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Categories
Unicode Version ဖြင့်ဖတ်ရန်
ချစ်နေရက်နဲ့လမ်းခွဲပေးလိုက်တဲ့ ယောင်္ကျားလေးတွေရဲ့ ရင်ထဲကခံစားချက်များ
မိန်းကလေးတွေက ခန့်မှန်းရခက်သလို ကောင်လေးတွေကလည်း တစ်ခါတစ်လေတော့ ခန့်မှန်းရ ခက်ကြပါတယ်။ ကောင်လေးတွေက ချစ်နေပေမယ့် အဝေးကပဲ ကြည့်နေနိုင်တာမျိုး ရှိသလို ချစ်နေပေမယ့်လည်း ချစ်သူကို ဆွဲမထားနိုင်တဲ့ သူတွေလည်း ရှိနေပါတယ် …။
ကိုယ့်ကောင်မလေးကို အရမ်းချစ်ပေမယ့်လည်း ဆွဲမထားပဲ လမ်းခွဲပေးလိုက်ကြတဲ့ သူတွေ ရှိနေပါတယ်။ သူတို့မှာတော့ တခြားသူတွေ မထင်ထားတဲ့ အခုလို ခံစားချက်တွေ ရှိနေတတ်ပါတယ်နော် …။
(၁) ချစ်ပေမယ့် မကြိုက်ဘူး။
ကောင်လေးတွေက ခံစားချက်ထက် ဦးနှောက်ကို ပိုပြီး အလေးပေးကြတာ များပါတယ်။ သူတို့ ဘယ်လောက်ပဲ ချစ်ချစ် သူတို့ မကြိုက်တဲ့အချက်တွေ ရှိနေတဲ့ ကောင်မလေးတွေကို ရွေးချယ်ဖို့ ဝင်လေးနေတတ်ပါတယ်။ ဒီလိုမျိုး ကိုယ်မကြိုက်တဲ့အချက်တွေ ရှိနေတဲ့ ကောင်မလေးကို ချစ်သူထားခဲ့ရင်တောင် သူတို့က ဆွဲထားဖို့ မကြိုးစားဘဲ လက်လွှတ်လိုက် တတ်ကြပါတယ် …။
(၂) ချစ်ပေမယ့် လက်မတွဲချင်တော့ဘူး။
အချစ်တွေ ရှိနေသေးပေမယ့်လည်း ကောင်လေးတွေက လက်တွဲဖြုတ်တာကို လက်ခံတတ်ကြပါသေးတယ်။ မိန်းကလေးတွေက ချစ်ရင် ဘယ်လောက် လမ်းခွဲစကားဆိုဆို ဆွဲထားတတ်ကြပေမယ့် ကောင်လေးတွေကတော့ အဲ့လို မဟုတ်ကြပါဘူး။ ကောင်မလေးဘက်က လမ်းခွဲမယ်ဆိုတာနဲ့ လမ်းခွဲပေးတာလည်း ရှိနေပါတယ်။ ဒါက ချစ်ပေမယ့်လည်း စိတ်ပင်ပန်းနေတာကြောင့် ဖြစ်သလို လက်မတွဲချင်တော့တာကြောင့်လည်း ဖြစ်ပါတယ် …။
(၃) သူပျော်တာကိုပဲ မြင်ချင်တယ်။
မိန်းကလေးတွေက စကားကို လမ်းခွဲမယ်ပြောတိုင်း အတည် မဟုတ်တာမျိုး ရှိပါတယ်။ ကောင်လေးတွေကတော့ အတည်ပဲ ပြောတတ်ကြတာ များကြပါတယ်။ သူတို့ကို လမ်းခွဲဖို့ ပြောလာတဲ့ ချစ်သူကောင်မလေးကို သူတို့နဲ့ တွဲရတာ ပင်ပန်းနေလို့ ပြောတယ်လို့ ထင်မိရင်လည်း သူတို့က ဆွဲမထားတတ်ဘဲ လွှတ်ပေးကြပါတယ်။ ဒါက သူတို့စိတ်ထဲမှာ ချစ်သူကို ပျော်ရွှင် စေချင်တာကြောင့်ပဲ ဖြစ်ပါတယ် …။
(၄) အောက်ကျို့ခံလိုက်ချင်ပေမယ့် မလုပ်ဖြစ်ဘူး။
တစ်ချို့ ကောင်လေးတွေရှိတဲ့ ရီချင်စရာကောင်းတာ တစ်ချက်ကတော့ စိတ်ထဲ ရှိတဲ့အတိုင်း လက်တွေ့မလုပ်ကြတာပဲ ဖြစ်ပါတယ် …။
လမ်းခွဲပြီးတဲ့ နောက်မှာတော့ ကောင်လေးတွေက စိတ်ထဲမှာ အောက်ကျို့ခံပြီး တောင်းပန်တာမျိုး လုပ်လိုက်ချင်တာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း တကယ် မလုပ်ဖြစ်ကြပါဘူး …။
(၅) ဘာရယ် မဟုတ်ဘူး။
ကောင်လေးတွေကတော့ ဘာရယ်မဟုတ်ဘဲ လမ်းခွဲပေးတာမျိုးလည်း ရှိပါတယ်။ မကျေနပ်တာလည်း မဟုတ်၊ မချစ်တော့တာလည်း မဟုတ်ပဲနဲ့ ဒီလိုပဲ လမ်းခွဲပေးတတ်ကြပါသေးတယ်။ မိန်းကလေးတွေ နားလည်နိုင်မှာ မဟုတ်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ် …။ ။
Categories