ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကိုမွ ခ်စ္သင့္တဲ့အေၾကာင္းရင္း(၅)ခု

ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကိုမွ ခ်စ္သင့္တဲ့အေၾကာင္းရင္း(၅)ခု

ရည္းစားမ်ားတဲ့ေကာင္မေလးေတြကို ခ်စ္ဖို႔ဆိုရင္ တြန္႔ေနတတ္ၾကတယ္ မို႔လား၊ ကိုယ္ကသာ ရည္းစားေတြ တစ္ေယာက္ၿပီး တစ္ေယာက္ ထားခ်င္ထားေနမွာျဖစ္ေပမယ့္ ကိုယ္ခ်စ္တဲ့ေကာင္မေလးကေတာ့ တစ္ေယာက္ဆို တစ္ေယာက္ ခ်စ္တတ္တဲ့သူမ်ိဳးပဲ ျဖစ္ေစခ်င္တယ္ မို႔လား …၊

ဒါေပမယ့္ ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကိုမွ ခ်စ္သင့္တဲ့အေၾကာင္းရင္းေတြက သပ္သပ္႐ွိေနပါေသးတယ္။ အဲဒီေကာင္းကြက္ေလးေတြကို သိသြားၿပီဆိုရင္ သင့္အေနနဲ႔ ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကိုပဲ ႐ွာေတာ့မယ္ဆိုတာ အေသအခ်ာပါပဲ …။

(၁) အေတြ႕အၾကဳံ ႐ွိၿပီးသားျဖစ္တယ္။

အေတြ႕အၾကဳံဆိုတာ ရည္းစားထားဖူးတဲ့ အေတြ႕အၾကဳံကိုေျပာတာပါ။ ရည္းစားမထားဖူးေသးတဲ့ သူဆိုရင္ လမ္းေလွ်ာက္ရင္း လက္ေလးတြဲဖို႔က ႐ွက္ေနတာမ်ိဳး၊ ႐ုပ္႐ွင္ၾကည့္ရင္ေတာင္ အတြဲခုံထိုင္ဖို႔ မဝံ့မရဲျဖစ္ေနတာမ်ိဳးနဲ႔ အခ်ိန္ေတာ္ေတာ္ ယူရတတ္ပါတယ္။ ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကေတာ့ အဲလိုေတြ သင္ေပးေနစရာမလိုေတာ့ဘူး။ သူတို႔ကေတာင္ ကိုယ့္ကို ျပန္သင္ေပးသြားပါအံုးမယ္ …။

(၂) ကိုယ့္ခ်စ္သူက ဘယ္လိုသေဘာထား႐ွိသလဲဆိုတာ နားလည္ႏိုင္တယ္။

သူတို႔က အေတြ႕အၾကဳံမ်ားခဲ့တဲ့ သူေတြဆိုေတာ့ ေယာက်ၤားေလးေတြရဲ႕ စိတ္ခံစားမႈကိုလည္း နားလည္ႏိုင္လိမ့္မယ္။ ကိုယ္က မ်က္ႏွာေလး တစ္ခ်က္ ပ်က္လိုက္ၿပီဆိုတာနဲ႔ ကိုယ္ဘာကို ခံစားေနရသလဲဆိုတာ သူတို႔ ေကာင္းေကာင္းသိေနလိမ့္မယ္။ ၿပီးေတာ့ ကိုယ္မႀကိဳက္တဲ့ ကိစၥေတြကိုလည္း အရိပ္ေလး ျပလိုက္တာနဲ႔ ေ႐ွာင္ထားၿပီးသား ျဖစ္ေနပါလိမ့္မယ္ …။

(၃) စိန္ေခၚမႈတစ္ခုလိုမ်ိဳး ခံစားရမယ္။

သူက ရည္းစားမ်ားတဲ့ေကာင္မေလးဆိုေတာ့ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ကိုယ့္ကို ထားခဲ့ၿပီး ေနာက္တစ္ေယာက္ တြဲေကာင္း တြဲမွာေလ။ ဒီေတာ့ ကိုယ့္ကို အၾကာႀကီး ခ်စ္ေနေအာင္ ဘယ္လို ႀကိဳးစားရမလဲဆိုတာက စိန္ေခၚမႈ တစ္ခုလိုမ်ိဳး ျဖစ္ေနပါလိမ့္မယ္။ သူ ကိုယ့္ကို အရမ္းခ်စ္ေနေအာင္ ဘယ္လို ၾကိဳးစား လုပ္ရမလဲေပါ႕ …။

(၄) သင့္ကိုအတင္း တြယ္ကပ္ေနမွာမဟုတ္ဘူး။

ရည္းစားမ်ားတဲ့ ေကာင္မေလးေတြက တစ္ေယာက္ေယာက္ကို အတင္းတြယ္ကပ္ေနရတာ ဝါသနာ မပါၾကပါဘူး။ သင္က သူတို႔ကို မခ်စ္ေတာ့ဘူးလို႔ ခံစားရတာနဲ႔ သင့္ဆီက ထြက္သြားမွာပါ။ သင့္စိတ္ထဲမွာ မခ်စ္ေတာ့လို႔ လမ္းခြဲခ်င္ရင္လည္း တြယ္ကပ္ေနမယ့္သူေတြ မဟုတ္ၾကပါဘူး။ အဲ…သူတို႔က သင့္ကို စိတ္မပါေတာ့လို႔ ထြက္သြားခ်င္တယ္ဆိုရင္လည္း သင္ တားလို႔ရမွာေတာ့ မဟုတ္ပါဘူး …။

(၅) အရမ္းခ်စ္တတ္လိမ့္မယ္။

ရည္းစားမ်ားတယ္ဆိုကတည္းက ေပြဖို႔ ႐ႈပ္ဖို႔ထက္ အခ်စ္ခံခ်င္ၾကတာပါ။ အဲဒီလို အခ်စ္ခံခ်င္တဲ့သူ အမ်ားစုက အျခားတစ္ေယာက္ကိုလည္း အရမ္းခ်စ္တတ္ၾကပါတယ္။ သူတို႔က လူတစ္ဖက္သားကို ဘယ္လိုခ်စ္ရမလဲဆိုတာ ေကာင္းေကာင္းသိတယ္။ သူတို႔ ခ်စ္သလိုမ်ိဳး သူတို႔ကို ျပန္ခ်စ္တာကိုလည္း လိုခ်င္ၾကပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ရည်းစားများတဲ့ ကောင်မလေးတွေကိုမှ ချစ်သင့်တဲ့အကြောင်းရင်း(၅)ခု

ရည်းစားများတဲ့ကောင်မလေးတွေကို ချစ်ဖို့ဆိုရင် တွန့်နေတတ်ကြတယ် မို့လား၊ ကိုယ်ကသာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားချင်ထားနေမှာဖြစ်ပေမယ့် ကိုယ်ချစ်တဲ့ကောင်မလေးကတော့ တစ်ယောက်ဆို တစ်ယောက် ချစ်တတ်တဲ့သူမျိုးပဲ ဖြစ်စေချင်တယ် မို့လား …၊

ဒါပေမယ့် ရည်းစားများတဲ့ ကောင်မလေးတွေကိုမှ ချစ်သင့်တဲ့အကြောင်းရင်းတွေက သပ်သပ်ရှိနေပါသေးတယ်။ အဲဒီကောင်းကွက်လေးတွေကို သိသွားပြီဆိုရင် သင့်အနေနဲ့ ရည်းစားများတဲ့ ကောင်မလေးတွေကိုပဲ ရှာတော့မယ်ဆိုတာ အသေအချာပါပဲ …။

(၁) အတွေ့အကြုံ ရှိပြီးသားဖြစ်တယ်။

အတွေ့အကြုံဆိုတာ ရည်းစားထားဖူးတဲ့ အတွေ့အကြုံကိုပြောတာပါ။ ရည်းစားမထားဖူးသေးတဲ့ သူဆိုရင် လမ်းလျှောက်ရင်း လက်လေးတွဲဖို့က ရှက်နေတာမျိုး၊ ရုပ်ရှင်ကြည့်ရင်တောင် အတွဲခုံထိုင်ဖို့ မဝံ့မရဲဖြစ်နေတာမျိုးနဲ့ အချိန်တော်တော် ယူရတတ်ပါတယ်။ ရည်းစားများတဲ့ ကောင်မလေးတွေကတော့ အဲလိုတွေ သင်ပေးနေစရာမလိုတော့ဘူး။ သူတို့ကတောင် ကိုယ့်ကို ပြန်သင်ပေးသွားပါအုံးမယ် …။

(၂) ကိုယ့်ချစ်သူက ဘယ်လိုသဘောထားရှိသလဲဆိုတာ နားလည်နိုင်တယ်။

သူတို့က အတွေ့အကြုံများခဲ့တဲ့ သူတွေဆိုတော့ ယောင်္ကျားလေးတွေရဲ့ စိတ်ခံစားမှုကိုလည်း နားလည်နိုင်လိမ့်မယ်။ ကိုယ်က မျက်နှာလေး တစ်ချက် ပျက်လိုက်ပြီဆိုတာနဲ့ ကိုယ်ဘာကို ခံစားနေရသလဲဆိုတာ သူတို့ ကောင်းကောင်းသိနေလိမ့်မယ်။ ပြီးတော့ ကိုယ်မကြိုက်တဲ့ ကိစ္စတွေကိုလည်း အရိပ်လေး ပြလိုက်တာနဲ့ ရှောင်ထားပြီးသား ဖြစ်နေပါလိမ့်မယ် …။

(၃) စိန်ခေါ်မှုတစ်ခုလိုမျိုး ခံစားရမယ်။

သူက ရည်းစားများတဲ့ကောင်မလေးဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ကို ထားခဲ့ပြီး နောက်တစ်ယောက် တွဲကောင်း တွဲမှာလေ။ ဒီတော့ ကိုယ့်ကို အကြာကြီး ချစ်နေအောင် ဘယ်လို ကြိုးစားရမလဲဆိုတာက စိန်ခေါ်မှု တစ်ခုလိုမျိုး ဖြစ်နေပါလိမ့်မယ်။ သူ ကိုယ့်ကို အရမ်းချစ်နေအောင် ဘယ်လို ကြိုးစား လုပ်ရမလဲပေါ့ …။

(၄) သင့်ကိုအတင်း တွယ်ကပ်နေမှာမဟုတ်ဘူး။

ရည်းစားများတဲ့ ကောင်မလေးတွေက တစ်ယောက်ယောက်ကို အတင်းတွယ်ကပ်နေရတာ ဝါသနာ မပါကြပါဘူး။ သင်က သူတို့ကို မချစ်တော့ဘူးလို့ ခံစားရတာနဲ့ သင့်ဆီက ထွက်သွားမှာပါ။ သင့်စိတ်ထဲမှာ မချစ်တော့လို့ လမ်းခွဲချင်ရင်လည်း တွယ်ကပ်နေမယ့်သူတွေ မဟုတ်ကြပါဘူး။ အဲ…သူတို့က သင့်ကို စိတ်မပါတော့လို့ ထွက်သွားချင်တယ်ဆိုရင်လည်း သင် တားလို့ရမှာတော့ မဟုတ်ပါဘူး …။

(၅) အရမ်းချစ်တတ်လိမ့်မယ်။

ရည်းစားများတယ်ဆိုကတည်းက ပွေဖို့ ရှုပ်ဖို့ထက် အချစ်ခံချင်ကြတာပါ။ အဲဒီလို အချစ်ခံချင်တဲ့သူ အများစုက အခြားတစ်ယောက်ကိုလည်း အရမ်းချစ်တတ်ကြပါတယ်။ သူတို့က လူတစ်ဖက်သားကို ဘယ်လိုချစ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ သူတို့ ချစ်သလိုမျိုး သူတို့ကို ပြန်ချစ်တာကိုလည်း လိုချင်ကြပါတယ်နော် …။ ။

Credit