အ႐ြယ္နဲ႔မလိုက္ေအာင္ ႐ုပ္ႏုသူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္(၇)ခု…

အ႐ြယ္နဲ႔မလိုက္ေအာင္ ႐ုပ္ႏုသူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္(၇)ခု…

ကိုယ့္ပတ္ဝန္းက်င္မွာ အသက္အ႐ြယ္ပိုင္းတစ္ခုကိုေရာက္ေနေပမယ့္ ဆယ္ေက်ာ္သက္ေလးလို၊ လူငယ္ေလးေတြလို ႏုပ်ိဳၿပီး လွပေနတဲ့သူေတြကိုေတြ႕ဖူးပါသလား၊ တကယ္တမ္းအသက္ေမးၾကည့္လိုက္ေတာ့မွ “ဟယ္ မထင္ရဘူးေနာ္၊ ႏုလိုက္တာ” လို႔ေျပာခံရတဲ့သူေတြမွာ အမ်ားက အားက်ရေလာက္တဲ့ အရည္အေသြးေတြ႐ွိေနလို႔လား၊ မအိုေဆးေတြမ်ား စားထားလို႔လား၊ မဟုတ္ပါဘူးေနာ္ …။

တကယ္ေတာ့ စိတ္ပ်ိဳကိုယ္ႏုဆိုတဲ့ အတိုင္း အ႐ြယ္နဲ႔မလိုက္ေအာင္ ငယ္႐ြယ္ႏုပ်ိဳတဲ့သူေတြအမ်ားစုက သူတို႔ရဲ႕ ေနထိုင္မႈပုံစံနဲ႔ သူတို႔ရဲ႕ စိတ္ေနစိတ္ထား Attitude ေလးေတြေၾကာင့္ပါ။ တစ္ခ်ိဳ႕ကေတာ့ လွ်ိဳ႕ဝွက္ခ်က္လို႔ ေျပာေပမယ့္ လက္ေတြ႕မွာေတာ့ ႏုပ်ိဳခ်င္တယ္ဆိုရင္ လိုက္နာရမယ့္ အခ်က္ေလးေတြလို႔ ေျပာရင္ ပိုျပီးမွန္ပါလိမ့္မယ္။ ဘာေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္ …။

(၁) Meditate လုပ္တယ္။

တရားထိုင္တာ၊ စိတ္ၿငိမ္တဲ့ေလ့က်င့္ခန္းေတြျပဳလုပ္တာ၊ Yoga က်င့္တာေတြကလည္း လူကို အတြင္းေရာ၊ အျပင္ပါ လန္းဆန္းၿပီး စိတ္ကို တည္ၿငိမ္ေစတယ္။ ေသြးလည္ပတ္မႈေကာင္းၿပီး စိတ္ကူးသစ္ေတြကိုလည္း ႏိႈးဆြေပးႏိုင္ပါတယ္။ တက္ႂကြလန္းဆန္းေနတဲ့သူတစ္ေယာက္အတြက္ သူ႕ကိုၾကည့္ရတာ လူငယ္တစ္ေယာက္လိုပဲ Energetic ျဖစ္ေစပါတယ္ …။

(၂) က်န္းမာေရး အေလးထားတယ္။

က်န္းမာျခင္းက လာဘ္တစ္ပါးဆိုတဲ့အတိုင္း က်န္းမာေအာင္ေနထိုင္တာကလည္း ကိုယ့္ကို ႏုပ်ိဳ လန္းဆန္းေနဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ၿပီးေတာ့ က်န္းမာေရးဆိုတာ အခုခ်က္ခ်င္းေကာက္လုပ္လို႔ရတဲ့ အရာ တစ္ခုမဟုတ္ပါဘူး …။

ေရ႐ွည္ကိုယ့္ရဲ႕အေနအထိုင္၊ အစားေသာက္ကို ဂ႐ုစိုက္မွသာ အသက္ႀကီးသြားတဲ့ အထိလူငယ္ေလးတစ္ေယာက္လို ဖ်တ္လတ္ၿပီး အ႐ြယ္တင္ေနေစမွာမလား။ ဒါေၾကာင့္အခုတည္းက က်န္းမာေရးကိုထိခိုက္ေစတဲ့ ေဆးလိပ္အရက္ေသာက္တာေတြ၊ အိပ္ခ်ိန္မမွန္တာေတြနဲ႔ Unhealthy Habits ေတြကို ေဖ်ာက္ဖို႔ လိုပါမယ္ …။

(၃) အလွအပ ဂ႐ုစိုက္တယ္။

အသက္ႀကီးမွ ငယ္မွမဟုတ္ဘူး။ ကိုယ့္ကိုယ္ကိုအခ်ိန္မေ႐ြး Care လုပ္ေနတယ္။ အသားအေရကို ပုံမွန္ထိန္းသိမ္းတယ္။ ေနေရာင္ျခည္ကို အတတ္ႏိုင္ဆုံးေ႐ွာင္တယ္။ ေရမ်ားမ်ား ေသာက္တယ္။ သင့္ေတာ္တဲ့ Skin Care ေတြကိုျပဳလုပ္ေပးမယ္ ဆိုရင္ကလည္း ဒါကိုယ့္ကိုယ္ကို အခ်ိန္တိုင္းႏုပ်ိဳလွပေနေအာင္ ထိန္းသိမ္းေနသလိုပါပဲ။ ပိုၿပီး လွသည္ထက္လွခ်င္ရင္ေတာ့ မိတ္ကပ္ပါးပါးေလး ထပ္ျပီး လိမ္းႏိုင္ပါတယ္ …။

(၄) ဖက္႐ွင္က်ေအာင္ ဝတ္တယ္။

႐ုပ္ႏုတယ္ အိုတယ္ဆိုတဲ့ အသြင္အျပင္ကဝတ္တဲ့အဝတ္အစားအေပၚမွာလည္း အမ်ားႀကီးမူတည္ပါတယ္။ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ႏုေနတဲ့သူေတြကိုၾကည့္လိုက္ရင္ အၿမဲဖလန္းဖလန္းပဲ။ အဲ့လိုေျပာလို႔ ကေလးေတြ ဝတ္သလို ေၾကာင္ေၾကာင္ၾကားၾကားေတြ ဝတ္တာကို ဆိုလိုတာမဟုတ္ပါဘူး။ သူ႕ေနရာအခ်ိန္အခါအေပၚမူတည္ၿပီး လိုက္ဖက္တဲ့ အဝတ္အစားကိုဖက္႐ွင္က်က်ေ႐ြးခ်ယ္ႏိုင္ရင္လည္း အၿမဲအ႐ြယ္တင္ၿပီး လွပေနမွာပဲ ျဖစ္ပါတယ္ …။

(၅) အႏုပညာကို ခံစားတယ္။

အႏုပညာခံစားတတ္သူေတြရဲ႕စိတ္ႏွလုံးက သိမ္ေမြ႕တယ္။ ႏူးညံ့တယ္။ Piano ပဲတီးတီး၊ ပန္းခ်ီေလးပဲ ဆြဲဆြဲ၊ ပန္းေလးေတြပဲ ထိုးထိုး၊ ကဗ်ာေလးေတြပဲေရးေရး အေသးစိတ္ Detail ဂ႐ုစိုက္တတ္ၾကတယ္။ အႏုပညာနဲ႔ ေပ်ာ္႐ႊင္မႈကို႐ွာၿပီး အဲ့အရာကပဲ သူတို႔ရဲ႕စိတ္ကို အၿမဲေပ်ာ္႐ႊင္ေစပါတယ္ …။

(၆) စိတ္ဖိစီးမႈ ကင္းေအာင္ေနတယ္။

မယုံမ႐ွိနဲ႔ေနာ္။ စိတ္ဖိစီးမႈကင္းတဲ့ သူေတြက ပိုၿပီး ငယ္႐ြယ္တဲ့ ပုံေပါက္ပါတယ္။ အဲ့လိုေျပာလို႔ လူတိုင္း စိတ္ဖိစီးမႈမ႐ွိရဘူးလို႔မေျပာပါဘူး။ လူရယ္လို႔ျဖစ္လာရင္ ကိုယ့္ရဲ႕ေန႔စဥ္ဘဝမွာ အနည္းနဲ႔အမ်ား Stress ဆိုတာ႐ွိမွာပါပဲ။ ဒါေပမယ့္ ကိုယ္တစ္ေန႔တာအတြက္အေကာင္းဆုံးလုပ္ေဆာင္ၿပီးသြားတဲ့အခ်ိန္ေတြမွာ ေနာက္တစ္ေန႔မျဖစ္ေသးတဲ့အရာေတြအတြက္ အေတြးမလြန္ဖို႔နဲ႔ ကိုယ့္ရဲ႕စိတ္ေလးကို ေပ်ာ္႐ႊင္ေအာင္ ေျပေလ်ာ့ေပးဖို႔ပါပဲ …။

(၇) အရာရာတိုင္းကို အေကာင္းျမင္စိတ္နဲ႔ၾကည့္တယ္။

ဒီအခ်က္ကအေရးႀကီးပါတယ္။ အေပၚကအခ်က္ေတြ အကုန္လိုက္လုပ္သည့္တိုင္ ကိုယ့္မွာ အေကာင္းျမင္စိတ္မ႐ွိဘူးဆိုရင္ အခ်ည္းႏွီးပါပဲ။ အျပင္ပန္းက အလွဆုံးျပင္ဆင္ထားေပမယ့္ အရာရာမွာ အဆိုးဘက္ကိုေတြးတတ္တာေတြ၊ ေဒါသစိတ္ေတြ၊ သူတစ္ပါးအေပၚ မနာလိုဝန္တိုစိတ္ေတြ႐ွိရင္က ကိုယ့္ရဲ႕႐ုပ္သြင္ကို အက်ဥ္းတန္ေစ႐ုံတင္မကပဲ ပိုၿပီးအိုစာေစပါတယ္ …။

ကူညီတတ္တဲ့စိတ္၊ ကိုယ္ခ်င္းစာစိတ္နဲ႔ Open Minded ျဖစ္တဲ့ Attitude ေလးေတြက သင့္ကို ပိုႏုပ်ိဳၿပီး လူခ်စ္လူခင္ေပါမ်ားေစမွာ အေသအခ်ာပါပဲေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

အရွယ်နဲ့မလိုက်အောင် ရုပ်နုသူတွေရဲ့ လျှို့ဝှက်ချက်(၇)ခု…

ကိုယ့်ပတ်ဝန်းကျင်မှာ အသက်အရွယ်ပိုင်းတစ်ခုကိုရောက်နေပေမယ့် ဆယ်ကျော်သက်လေးလို၊ လူငယ်လေးတွေလို နုပျိုပြီး လှပနေတဲ့သူတွေကိုတွေ့ဖူးပါသလား၊ တကယ်တမ်းအသက်မေးကြည့်လိုက်တော့မှ “ဟယ် မထင်ရဘူးနော်၊ နုလိုက်တာ” လို့ပြောခံရတဲ့သူတွေမှာ အများက အားကျရလောက်တဲ့ အရည်အသွေးတွေရှိနေလို့လား၊ မအိုဆေးတွေများ စားထားလို့လား၊ မဟုတ်ပါဘူးနော် …။

တကယ်တော့ စိတ်ပျိုကိုယ်နုဆိုတဲ့ အတိုင်း အရွယ်နဲ့မလိုက်အောင် ငယ်ရွယ်နုပျိုတဲ့သူတွေအများစုက သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထား Attitude လေးတွေကြောင့်ပါ။ တစ်ချို့ကတော့ လျှို့ဝှက်ချက်လို့ ပြောပေမယ့် လက်တွေ့မှာတော့ နုပျိုချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်လေးတွေလို့ ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော် …။

(၁) Meditate လုပ်တယ်။

တရားထိုင်တာ၊ စိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ၊ Yoga ကျင့်တာတွေကလည်း လူကို အတွင်းရော၊ အပြင်ပါ လန်းဆန်းပြီး စိတ်ကို တည်ငြိမ်စေတယ်။ သွေးလည်ပတ်မှုကောင်းပြီး စိတ်ကူးသစ်တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ တက်ကြွလန်းဆန်းနေတဲ့သူတစ်ယောက်အတွက် သူ့ကိုကြည့်ရတာ လူငယ်တစ်ယောက်လိုပဲ Energetic ဖြစ်စေပါတယ် …။

(၂) ကျန်းမာရေး အလေးထားတယ်။

ကျန်းမာခြင်းက လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာအောင်နေထိုင်တာကလည်း ကိုယ့်ကို နုပျို လန်းဆန်းနေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ကျန်းမာရေးဆိုတာ အခုချက်ချင်းကောက်လုပ်လို့ရတဲ့ အရာ တစ်ခုမဟုတ်ပါဘူး …။

ရေရှည်ကိုယ့်ရဲ့အနေအထိုင်၊ အစားသောက်ကို ဂရုစိုက်မှသာ အသက်ကြီးသွားတဲ့ အထိလူငယ်လေးတစ်ယောက်လို ဖျတ်လတ်ပြီး အရွယ်တင်နေစေမှာမလား။ ဒါကြောင့်အခုတည်းက ကျန်းမာရေးကိုထိခိုက်စေတဲ့ ဆေးလိပ်အရက်သောက်တာတွေ၊ အိပ်ချိန်မမှန်တာတွေနဲ့ Unhealthy Habits တွေကို ဖျောက်ဖို့ လိုပါမယ် …။

(၃) အလှအပ ဂရုစိုက်တယ်။

အသက်ကြီးမှ ငယ်မှမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုအချိန်မရွေး Care လုပ်နေတယ်။ အသားအရေကို ပုံမှန်ထိန်းသိမ်းတယ်။ နေရောင်ခြည်ကို အတတ်နိုင်ဆုံးရှောင်တယ်။ ရေများများ သောက်တယ်။ သင့်တော်တဲ့ Skin Care တွေကိုပြုလုပ်ပေးမယ် ဆိုရင်ကလည်း ဒါကိုယ့်ကိုယ်ကို အချိန်တိုင်းနုပျိုလှပနေအောင် ထိန်းသိမ်းနေသလိုပါပဲ။ ပိုပြီး လှသည်ထက်လှချင်ရင်တော့ မိတ်ကပ်ပါးပါးလေး ထပ်ပြီး လိမ်းနိုင်ပါတယ် …။

(၄) ဖက်ရှင်ကျအောင် ဝတ်တယ်။

ရုပ်နုတယ် အိုတယ်ဆိုတဲ့ အသွင်အပြင်ကဝတ်တဲ့အဝတ်အစားအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် နုနေတဲ့သူတွေကိုကြည့်လိုက်ရင် အမြဲဖလန်းဖလန်းပဲ။ အဲ့လိုပြောလို့ ကလေးတွေ ဝတ်သလို ကြောင်ကြောင်ကြားကြားတွေ ဝတ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ သူ့နေရာအချိန်အခါအပေါ်မူတည်ပြီး လိုက်ဖက်တဲ့ အဝတ်အစားကိုဖက်ရှင်ကျကျရွေးချယ်နိုင်ရင်လည်း အမြဲအရွယ်တင်ပြီး လှပနေမှာပဲ ဖြစ်ပါတယ် …။

(၅) အနုပညာကို ခံစားတယ်။

အနုပညာခံစားတတ်သူတွေရဲ့စိတ်နှလုံးက သိမ်မွေ့တယ်။ နူးညံ့တယ်။ Piano ပဲတီးတီး၊ ပန်းချီလေးပဲ ဆွဲဆွဲ၊ ပန်းလေးတွေပဲ ထိုးထိုး၊ ကဗျာလေးတွေပဲရေးရေး အသေးစိတ် Detail ဂရုစိုက်တတ်ကြတယ်။ အနုပညာနဲ့ ပျော်ရွှင်မှုကိုရှာပြီး အဲ့အရာကပဲ သူတို့ရဲ့စိတ်ကို အမြဲပျော်ရွှင်စေပါတယ် …။

(၆) စိတ်ဖိစီးမှု ကင်းအောင်နေတယ်။

မယုံမရှိနဲ့နော်။ စိတ်ဖိစီးမှုကင်းတဲ့ သူတွေက ပိုပြီး ငယ်ရွယ်တဲ့ ပုံပေါက်ပါတယ်။ အဲ့လိုပြောလို့ လူတိုင်း စိတ်ဖိစီးမှုမရှိရဘူးလို့မပြောပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အနည်းနဲ့အများ Stress ဆိုတာရှိမှာပါပဲ။ ဒါပေမယ့် ကိုယ်တစ်နေ့တာအတွက်အကောင်းဆုံးလုပ်ဆောင်ပြီးသွားတဲ့အချိန်တွေမှာ နောက်တစ်နေ့မဖြစ်သေးတဲ့အရာတွေအတွက် အတွေးမလွန်ဖို့နဲ့ ကိုယ့်ရဲ့စိတ်လေးကို ပျော်ရွှင်အောင် ပြေလျော့ပေးဖို့ပါပဲ …။

(၇) အရာရာတိုင်းကို အကောင်းမြင်စိတ်နဲ့ကြည့်တယ်။

ဒီအချက်ကအရေးကြီးပါတယ်။ အပေါ်ကအချက်တွေ အကုန်လိုက်လုပ်သည့်တိုင် ကိုယ့်မှာ အကောင်းမြင်စိတ်မရှိဘူးဆိုရင် အချည်းနှီးပါပဲ။ အပြင်ပန်းက အလှဆုံးပြင်ဆင်ထားပေမယ့် အရာရာမှာ အဆိုးဘက်ကိုတွေးတတ်တာတွေ၊ ဒေါသစိတ်တွေ၊ သူတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်တွေရှိရင်က ကိုယ့်ရဲ့ရုပ်သွင်ကို အကျဉ်းတန်စေရုံတင်မကပဲ ပိုပြီးအိုစာစေပါတယ် …။

ကူညီတတ်တဲ့စိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ Open Minded ဖြစ်တဲ့ Attitude လေးတွေက သင့်ကို ပိုနုပျိုပြီး လူချစ်လူခင်ပေါများစေမှာ အသေအချာပါပဲနော် …။ ။

Credit