Zombie(LoveMedia)
Unicode Version ဖြင့်ဖတ်ရန်
ဆံပင်ကိုမကြာခဏဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေအတွက်တော့စိုးရိမ်စရာပါပဲ…
ယခုခေတ်မှာ ဆံပင်ဆိုးဆေးကို အမျိုးသမီးတိုင်းလိုလို အသုံးပြု လာ ကြပါတယ်။ ဆံပင်ဆိုးဆေးတွေက ဓါတုဆေးတွေ နဲ့ ပြုလုပ်ထားကြတာပဲ ဖြစ်ပါတယ် …။
ဆံပင်ကို ဆေးဆိုးနေချိန်မှာ ဆံပင်ဆိုးဆေးက အငွေ့တွေကို ရှူမိသွားတတ် ကြပါတယ်။ ဆံပင်ဆိုးဆေးတွေမှာ ဓါတုပစ္စည်းပေါင်း ၅၀၀၀ ကျော် ပါဝင်ပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ National Cancer Institute ရဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့တာပဲ ဖြစ် ပါ တယ် …။
ဒီလေ့လာမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို ဆံပင်ဆိုးဆေး အသုံးပြုပုံနဲ့ ဆံပင်ဖြောင့်ဆေး အသုံးပြုပုံ တို့ကို မေးမြန်းခဲ့ပါတယ်။ ..။
ဆံပင်ဆိုးဆေးကို ၅ ပတ် တစ်ခါ သို့မဟုတ် ၈ ပတ် တစ်ခါ အသုံးပြုတဲ့ အာဖရိကနွယ်ဖွား အမေရိကန် အမျိုးသမီးတွေက ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေ ၆၀ ရာခိုင်နှုန်း အထိရှိပါတယ် …။
လူဖြူ အမျိုးသမီးတွေ မှာတော့ ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေ ၈ ရာခိုင်နှုန်း ရှိပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်အမျိုး သမီးတွေက ဆံပင်ကို ပိုပြီး ဆေးဆိုးကြပါတယ်။ ဆံပင်ဆိုးဆေးတွေမှာ အဓိက ပါဝင်တဲ့ ဖော်မယ် ဒီဟိုက်ဓါတ်ငွေ့က ကင်ဆာဖြစ်စေ နိုင်တာပါ …။
ဒါပေမယ့် ဒီလေ့လာမှုအရ ဆံပင်ဆိုးဆေးတွေကို တစ်ခါ တရံ အသုံးပြု သူတွေကတော့ ရင်သား ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ် သာ ရှိ နေ ပါ တယ် …။
ဒါပေမယ့် ကင်ဆာဖြစ်ပွားနိုင်ခြေက ဆံပင်ဆိုးဆေး အသုံးပြု ပုံပမာဏ၊ မကြာမကြာ အသုံးပြုမှုတို့ အပေါ်လည်း မူတည် နေသေးတာလည်း ဖြစ်ပါတယ် …။
Zombie(LoveMedia)