လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
Unicode Version ဖြင့်ဖတ်ရန်
ဆုံးရူံးမှာကြောက်လေ ပိုနာကျင်ရလေပဲ
တစ်ခါတစ်ရံ ဆုံရူံးမှာကြောက်လို့ တစ်ချို့အရာတွေကို ဆုပ်ကိုင်ထားလို့ ရတတ်ပေမယ့်
တစ်ချို့အရာတွေကတော့ တင်းတင်းဆုပ်ကိုင်မိလေ ပိုပြီး နာကျင်ရလေပါပဲ …။
ကိုယ်တန်ဖိုး ထားမြတ်နိုးတဲ့ အရာအတွေအပေါ်မှာ
ခုံမင်စိတ် အစွန်းရောက်မိလေ၊ မက်မောတွယ်တာစိတ်က တစ်ချိန်ချိန်မှာ ကိုယ့်ကို ဒဏ်ခတ်သွားတတ်ပါတယ် …။
မတည်မြဲတတ်တဲ့ လူ့ဘဝမှာ အရာတော်တော်များများကို ကိုယ်က ထားပစ်ခဲ့ရမှာဖြစ်ပြီး
ကိုယ်က မစွန့်ခွာချင်လည်းပဲ သူတို့က တစ်ချိန်ချိန်မှာ ကိုယ့်ကို ချန်ထားခဲ့ကြရမှာ သေချာပါတယ် …။
ကိုယ်နဲ့မထိုက်တန်တော့တဲ့ ၊ ကိုယ် ထာဝရမပိုင်ဆိုင်နိုင်တဲ့ အရာတွေအပေါ်မှာလိုအပ်သည်ထက်ပို ဆုပ်ကိုင်မိလို့ မခံမရပ်နိုင်အောင် နာကျင်နေမိရင် လွှတ်သာ ချခဲ့လိုက်ပါ …။
အကယ်၍ မလွတ်ချမိခဲ့ရင် “နောင်တ”ဆိုတဲ့ နာကျင်မှု တစ်ပွေ့တစ်ပိုက် နဲ့ သင် ဆုပ်ကိုင်ထားတဲ့အရာတွေကလည်း သင့် ကို ကျောခိုင်း သွားကြပါလိမ့်မယ် …။
ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရူံးခဲ့ရသလို ကိုယ့်စိတ်ကိုလည်း ကိုယ်ကိုယ်တိုင် အကျဉ်းချ နေတတ်ပြီး နာကျင်မှုတွေနဲ့ အဖော်ပြုနေရတတ်ပါတယ် …။
မသေချာမရေရာတဲ့ လူ့ဘဝမှာ အရာအားလုံးအပေါ်မှာ လိုတာထက် ပိုတွယ်တာမိရင် ရင့်ကျက်ပါတယ်ဆိုတဲ့ လူသားတွေတောင်
ပြစ်ဒဏ်ဆိုတဲ့ နာကျင်ကြေကွဲမှုတွေကို လက်မြှောက်အရူံးပေးရတာ အမှန်တရားပါပဲနော် …။ ။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး