၁။ ကြက်ဥအကာ”
၂။ အာလူး”
မူရင်းအား ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
သင့်အသားအရေကို ကြည်လင်ဖြူဝင်းစေမယ့် သဘာဝ နည်းလမ်း (၂) သွယ်
အလှပြင်ပစ္စည်းနဲ့ ပတ်သက်လို့ အဆင့်မြင့် အလှကုန်ပစ္စည်းတွေ အများအပြားရှိနေပေမယ့် သဘာဝပစ္စည်းတွေဟာလည်း သင့်အသားအရေကို ကောင်းမွန်စေတယ်ဆိုတာ ချစ်တို့လည်း အသိပဲ ဖြစ်မှာပါ …။
၁။ ကြက်ဥအကာ”
ကြက်ဥအကာဟာဆိုရင် သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အညစ်အကြေးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကိုလည်း လျော့ပါးသက်သာစေမှာပဲ ဖြစ်ပါတယ် …။
ကြက်ဥကို အနှစ်နဲ့ အကာနဲ့ သတ်သတ်ဆီ ဖယ်လိုက်ပါ။ ပြီးရင် ကြက်ဥအကာကို သေချာလေး မွှေပေးပါ …။
အဲဒီနောက် တစ်ရှုးကို ယူလိုက်ပြီး ကြက်ဥအကာထဲကို နစ်လိုက်ကာ မျက်နှာပေါ်မှာ ကပ် ထား လိုက်ပါ …။
အဲဒီနောက် ခြောက်အောင်ထားပြီး အခွံ ခွာချလိုက်ပါ။ ပြီးရင် မျက်နှာကို ရေနွေးနဲ့ သေချာဆေးလိုက်ပြီး ခြောက် အောင် သုတ်လိုက်ပါ။ ပြီးရင်တော့ ခရင်မ် တစ် မျိုးမျိုး လိမ်းပေးလိုက်ပါ …။
၂။ အာလူး”
အာလူးဟာဆိုရင်လည်း သင့်အသားအရေကို သန့်စင်ပေးနိုင်သလို ချွေးပေါက်တွေကိုလည်း ကျဉ်းစေပြီး အသားရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေကိုလည်း ပိုပြီးဖြူဝင်းစေနိုင်ပါ တယ် …။
အရင်ဆုံး အခွံ နွှာလိုက်ပြီး ရေနွေး နဲ့ ပြုတ်လိုက်ပါ …။
ပြီးရင် ပြဲသွားအောင် ပြုလုပ်ပြီး နွားနို့ (သို့) နို့မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင်တော့ သေချာရောလိုက်ပြီး မျက်နှာပေါ်တွင် လိမ်းပေးပါ …။
မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးနဲ့ ရေဆေးချလိုက်ပြီး သဘက်နဲ့ ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် ခရင်မ်တမျိုးမျိုး လိမ်းပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ပြုလုပ်ပေးလို့ ရပါတယ်နော် …။ ။
မူရင်းအား ခရက်ဒစ်