တန္ဖိုးတူမွ လက္တြဲလို႔ ရတာပါ…

တန္ဖိုးတူမွ လက္တြဲလို႔ ရတာပါ…

ေယာက္က်ားပဲျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ ကိုယ္အေပၚ အရာရာ နားလည္ေပးႏိုင္တဲ့သူ …၊

ကိုယ္အတြက္ဆို အစဥ္အၿမဲ ရပ္တည္ေပးႏိုင္တဲ့သူ …၊

ကိုယ့္ဘဝကို တန္ဖိုးထားေပးႏိုင္တဲ့ သူေတြကိုပဲ ကိုယ္အနားမွာ႐ွိေစခ်င္ၾကသလို …၊

ကိုယ့္ဘဝကိုလဲ အဒီလိုလူေတြနဲ႔ပဲ ႐ွင္သန္ခ်င္ၾကတာ သဘာဝ တစ္ခုပါပဲ …။

ဘဝမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ဆုံစည္းၾကတယ္ဆိုတာ တန္ဖိုး တူဖို႔လည္း လိုသလို …၊

အေျခအေနတစ္ခုအတြက္ အျပန္အလွန္ နားလည္မႈလည္း ႐ွိၾကဖို႔ လိုအပ္ပါတယ္ …။

ကိုယ္ဘက္က လိုခ်င္တာကိုပဲ ေတာင္းဆိုေနဖို႔ အၿမဲတမ္း စိတ္ကူးေနလို႔ မရသလို …၊

သူဘက္က မေပးႏိုင္တာကိုလဲ နားလည္ေပးႏိုင္တဲ့ အရည္အခ်င္း႐ွိေအာင္ ႀကိဳးစားထားဖို႔လည္း လိုအပ္ပါတယ္ …။

လူတိုင္းကေတာ့ ေကာင္းတဲ့လူ၊ နားလည္ေပးႏိုင္တဲ့လူ၊

အနစ္နာခံေပးႏိုင္တဲ့ လူကိုပဲ လိုခ်င္ၾကတယ္ ဆိုေပမယ့္

ကိုယ္ ကိုယ္တိုင္ကလည္း ကိုယ္လိုခ်င္တဲ့ အေျခအေနအတိုင္း အရည္အခ်င္းမ႐ွိဘူးဆိုရင္ …၊

ကိုယ္လိုခ်င္တဲ့ လူကိုလဲ မေမွ်ာ့္လင့္ထားတာပဲ ေကာင္းပါတယ္ …။

ကိုယ္အေပၚ တကယ္ေကာင္းတဲ့လူကို လိုခ်င္ရင္ ကိုယ္ကိုယ္တိုင္ကလည္း ေကာင္းတဲ့လူတစ္ေယာက္ျဖစ္ေအာင္ ေနတတ္ဖို႔လိုပါတယ္ေနာ္ …။

လက္တြဲလိုရတယ္ဆိုတာ တန္ဖိုးတူမွ တြဲလို႔ရတာျဖစ္လို႔ တစ္ဘက္က ေလ်ာ့သြားရင္ က်န္တစ္ဖက္က နားလည္ၿပီး ျဖည့္ေပးႏိုင္မွသာ

လက္တြဲေတြ ခိုင္ၿမဲႏိုင္မွာ ျဖစ္ပါတယ္ …။

တန္ဖိုးေတြတူေနရင္ လက္တြဲေတြ ခိုင္ၿမဲေနမွာပါေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

တန်ဖိုးတူမှ လက်တွဲလို့ ရတာပါ…

ယောက်ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်အပေါ် အရာရာ နားလည်ပေးနိုင်တဲ့သူ …၊

ကိုယ်အတွက်ဆို အစဉ်အမြဲ ရပ်တည်ပေးနိုင်တဲ့သူ …၊

ကိုယ့်ဘဝကို တန်ဖိုးထားပေးနိုင်တဲ့ သူတွေကိုပဲ ကိုယ်အနားမှာရှိစေချင်ကြသလို …၊

ကိုယ့်ဘဝကိုလဲ အဒီလိုလူတွေနဲ့ပဲ ရှင်သန်ချင်ကြတာ သဘာဝ တစ်ခုပါပဲ …။

ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံစည်းကြတယ်ဆိုတာ တန်ဖိုး တူဖို့လည်း လိုသလို …၊

အခြေအနေတစ်ခုအတွက် အပြန်အလှန် နားလည်မှုလည်း ရှိကြဖို့ လိုအပ်ပါတယ် …။

ကိုယ်ဘက်က လိုချင်တာကိုပဲ တောင်းဆိုနေဖို့ အမြဲတမ်း စိတ်ကူးနေလို့ မရသလို …၊

သူဘက်က မပေးနိုင်တာကိုလဲ နားလည်ပေးနိုင်တဲ့ အရည်အချင်းရှိအောင် ကြိုးစားထားဖို့လည်း လိုအပ်ပါတယ် …။

လူတိုင်းကတော့ ကောင်းတဲ့လူ၊ နားလည်ပေးနိုင်တဲ့လူ၊

အနစ်နာခံပေးနိုင်တဲ့ လူကိုပဲ လိုချင်ကြတယ် ဆိုပေမယ့်

ကိုယ် ကိုယ်တိုင်ကလည်း ကိုယ်လိုချင်တဲ့ အခြေအနေအတိုင်း အရည်အချင်းမရှိဘူးဆိုရင် …၊

ကိုယ်လိုချင်တဲ့ လူကိုလဲ မမျှော့်လင့်ထားတာပဲ ကောင်းပါတယ် …။

ကိုယ်အပေါ် တကယ်ကောင်းတဲ့လူကို လိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် နေတတ်ဖို့လိုပါတယ်နော် …။

လက်တွဲလိုရတယ်ဆိုတာ တန်ဖိုးတူမှ တွဲလို့ရတာဖြစ်လို့ တစ်ဘက်က လျော့သွားရင် ကျန်တစ်ဖက်က နားလည်ပြီး ဖြည့်ပေးနိုင်မှသာ

လက်တွဲတွေ ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ် …။

တန်ဖိုးတွေတူနေရင် လက်တွဲတွေ ခိုင်မြဲနေမှာပါနော် …။ ။

Credit