ခ်ိဳင္းၾကားအသားအေရကို ျဖဴဝင္းလာေစမယ့္ သဘာဝနည္းလမ္း(၅)မ်ိဳး…

ခ်ိဳင္းၾကားအသားအေရကို ျဖဴဝင္းလာေစမယ့္ သဘာဝနည္းလမ္း(၅)မ်ိဳး…

ခ်ိဳင္းၾကားအသားအေရ မည္းေနတာေၾကာင့္ လက္ျပတ္၊ ခ်ိဳင္းျပတ္ ဝတ္ဖို႔ အခက္ေတြ႕တာ၊ ညေရကူးဝတ္စုံနဲ႔ ရဲရဲဝံ့ဝံ့ ေရမကူးႏိုင္တာ စတာမ်ိဳးေတြၾကံဳေတြ႕ေနရတဲ႔ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို အႀကံျပဳေပးလိုက္ပါတယ္ …။

အသုံးျပဳရမယ့္ ပစၥည္းေတြကလည္း ေနအိမ္မွာ အလြယ္တကူရႏိုင္တဲ့ ပစၥည္းေတြပါပဲ …။

ခ်ိဳင္းၾကားအသားအေရ ဟာ ေနေရာင္နဲ႔ လုံးဝမထိေတြ႕ရတာေၾကာင့္ အဲ့ဒီေနရာမွာ ဆဲလ္ေသေတြစုပုံလာၿပီး ခ်ိဳင္းၾကား အသားအေရ မည္းညစ္ေစတာ ျဖစ္ပါတယ္ …။

ဒီနည္းလမ္းေတြထဲက စိတ္ႀကိဳက္ နည္းလမ္းတစ္ခ်ိဳ႕ ကို ေ႐ြးခ်ယ္ အသုံးျပဳေပးပါက ညိဳမည္းေနတဲ့ ခ်ိဳင္းၾကား အသားအေရကို သိသိသာသာ ျဖဴဝင္းလာေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) သံပ႐ို”

သံပ႐ိုရည္ဟာ ဗက္တီးရီးယားေတြကို ႏွိမ္နင္းေပးႏိုင္တဲ့ သဘာဝေဆး တစ္မ်ိဳးျဖစ္သလို ညိဳမည္းေနတဲ့ ေနရာေတြကို အေရာင္ခြၽတ္ေပးႏိုင္တဲ့ အေရာင္ခြၽတ္ေဆး အျဖစ္လည္း အသုံးျပဳလို႔ ရႏိုင္ပါတယ္ …။

သံပ႐ိုကို ခ်ိဳင္းမွာ ပြတ္တိုက္ေပးျခင္း အားျဖင့္ ဆဲလ္ေသေတြကို ကြာက် ေစႏိုင္ပါတယ္။ လွီးထားတဲ့ သံပ႐ိုျခမ္းကို ခ်ိဳင္းမွာ (၁၅)မိနစ္ေလာက္ ၾကာေအာင္ ပြတ္တိုက္ေပးပါ …။

တစ္ေန႔ကို ႏွစ္ႀကိမ္ေလာက္ ပြတ္တိုက္ေပးလို႔ ရပါတယ္ …။

(၂) ခရမ္းခ်ဥ္သီး”

ခရမ္းခ်ဥ္သီးဟာလည္း အသားအေရကို ျဖဴေဖြးလာေစတဲ့ ထိေရာက္တဲ့ နည္းလမ္းတစ္ခုပါ။ ဒါ့အျပင္ ညိဳမည္းေနတဲ့ ခ်ိဳင္းၾကားမွာ ေခြၽးထြက္တာေတြကိုလည္း သိသိသာသာ သက္သာေစႏိုင္ပါတယ္ …။

ဒါ့အျပင္ သံပ႐ိုလိုပဲ ညိဳမည္းေနတာေတြ အတြက္ အစြန္းခြၽတ္ေဆးအျဖစ္ အသုံးျပဳလို႔ ရပါတယ္။ ခရမ္းခ်ဥ္သီးအျခမ္းနဲ႔ ခ်ိဳင္းၾကား အသားအေရကို ပြတ္တိုက္ေပးရမွာ ျဖစ္ပါတယ္ …။

ခရမ္းခ်ဥ္သီးေဖ်ာ္ရည္လည္း လိမ္းေပးလို႔ ရပါတယ္ …။

(၃) နႏြင္း”

နႏြင္းဟာလည္း အသားအေရအလွအပအတြက္ အလြန္အသုံးဝင္ တဲ့ ေဆး တစ္မ်ိဳးပါ။အသားအေရကို ျဖဴေဖြးလာေစဖို႔ ကူညီေပးႏိုင္တဲ့ curcumin ဆိုတဲ့ antioxidant ပါ ရွိပါတယ္။

သိသိသာသာျမန္ျမန္ဆန္ဆန္အက်ိဳးထူး ခ်င္တယ္ ဆိုရင္ေတာ့ နႏြင္းနဲ႔သံပ႐ိုရည္ကိုပ်စ္ေနေအာင္ေရာၿပီး ခ်ိဳင္းၾကားမွာ လိမ္းေပးပါ။ (၁၅)မိနစ္ေလာက္ၾကာရင္ေတာ့ ေရနဲ႔ ေဆးခ်ေပး လိုက္ပါ …။

(၄) ဗီတာမင္အီး”

အသားအေရာင္ေတြညိဳမည္း အေရာင္ေျပာင္းတာဟာ တခါတေလမွာ အသားအေရ ေျခာက္ေသြ႕တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္ …။

ဒါေၾကာင့္ တခါတေလ မွာ ေျခာက္ေသြ႕တဲ့ အသားအေရအတြက္ အဆီ ကို သုံးေပးသင့္ပါတယ္ …။

ဒါေၾကာင့္ အုန္းဆီ၊ မက္မြန္ဆီနဲ႔ ဗီတာမင္အီး ပါတဲ့ အဆီတို႔ကို အသုံးျပဳေပးပါ …။

ဆီကို ခ်ိဳင္းၾကားမွာ ေန႔စဥ္လိမ္းေပးၿပီး မိနစ္(၂၀)ေလာက္ ႏွိပ္နယ္ေပးျခင္းအားျဖင့္ ခ်ိဳင္းၾကားအသားအေရ အေရာင္ကို သိသိသာသာေျပာင္းလဲလာေစမွာ ျဖစ္ပါတယ္ …။

(၅) ႏို႔”

ခ်ိဳင္းၾကားကို ႏို႔လူးေပးၿပီး ႏွိပ္နယ္ေပးျခင္းအားျဖင့္လည္း ျဖဴဝင္းတဲ့ ခ်ိဳင္းၾကား အသားအေရကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္ …။

ႏို႔ဟာ အသားအေရအတြက္ ေကာင္းတဲ့ သဘာ၀ moisturiser ျဖစ္သလို၊ ေတာက္ပ ႏူးညံ့တဲ့ အသားအေရကိုလည္း ေပးစြမ္းႏိုင္ပါတယ္ေနာ္ …။ ။

မူရင္းအား ေလးစားစြာျဖင္႔

Unicode Version ဖြင့်ဖတ်ရန်

ချိုင်းကြားအသားအရေကို ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်း(၅)မျိုး…

ချိုင်းကြားအသားအရေ မည်းနေတာကြောင့် လက်ပြတ်၊ ချိုင်းပြတ် ဝတ်ဖို့ အခက်တွေ့တာ၊ ညရေကူးဝတ်စုံနဲ့ ရဲရဲဝံ့ဝံ့ ရေမကူးနိုင်တာ စတာမျိုးတွေကြုံတွေ့နေရတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို အကြံပြုပေးလိုက်ပါတယ် …။

အသုံးပြုရမယ့် ပစ္စည်းတွေကလည်း နေအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေပါပဲ …။

ချိုင်းကြားအသားအရေ ဟာ နေရောင်နဲ့ လုံးဝမထိတွေ့ရတာကြောင့် အဲ့ဒီနေရာမှာ ဆဲလ်သေတွေစုပုံလာပြီး ချိုင်းကြား အသားအရေ မည်းညစ်စေတာ ဖြစ်ပါတယ် …။

ဒီနည်းလမ်းတွေထဲက စိတ်ကြိုက် နည်းလမ်းတစ်ချို့ ကို ရွေးချယ် အသုံးပြုပေးပါက ညိုမည်းနေတဲ့ ချိုင်းကြား အသားအရေကို သိသိသာသာ ဖြူဝင်းလာစေမှာပဲ ဖြစ်ပါတယ်နော် …။

(၁) သံပရို”

သံပရိုရည်ဟာ ဗက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးဖြစ်သလို ညိုမည်းနေတဲ့ နေရာတွေကို အရောင်ချွတ်ပေးနိုင်တဲ့ အရောင်ချွတ်ဆေး အဖြစ်လည်း အသုံးပြုလို့ ရနိုင်ပါတယ် …။

သံပရိုကို ချိုင်းမှာ ပွတ်တိုက်ပေးခြင်း အားဖြင့် ဆဲလ်သေတွေကို ကွာကျ စေနိုင်ပါတယ်။ လှီးထားတဲ့ သံပရိုခြမ်းကို ချိုင်းမှာ (၁၅)မိနစ်လောက် ကြာအောင် ပွတ်တိုက်ပေးပါ …။

တစ်နေ့ကို နှစ်ကြိမ်လောက် ပွတ်တိုက်ပေးလို့ ရပါတယ် …။

(၂) ခရမ်းချဉ်သီး”

ခရမ်းချဉ်သီးဟာလည်း အသားအရေကို ဖြူဖွေးလာစေတဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါ့အပြင် ညိုမည်းနေတဲ့ ချိုင်းကြားမှာ ချွေးထွက်တာတွေကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ် …။

ဒါ့အပြင် သံပရိုလိုပဲ ညိုမည်းနေတာတွေ အတွက် အစွန်းချွတ်ဆေးအဖြစ် အသုံးပြုလို့ ရပါတယ်။ ခရမ်းချဉ်သီးအခြမ်းနဲ့ ချိုင်းကြား အသားအရေကို ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ် …။

ခရမ်းချဉ်သီးဖျော်ရည်လည်း လိမ်းပေးလို့ ရပါတယ် …။

(၃) နနွင်း”

နနွင်းဟာလည်း အသားအရေအလှအပအတွက် အလွန်အသုံးဝင် တဲ့ ဆေး တစ်မျိုးပါ။အသားအရေကို ဖြူဖွေးလာစေဖို့ ကူညီပေးနိုင်တဲ့ curcumin ဆိုတဲ့ antioxidant ပါ ရှိပါတယ်။

သိသိသာသာမြန်မြန်ဆန်ဆန်အကျိုးထူး ချင်တယ် ဆိုရင်တော့ နနွင်းနဲ့သံပရိုရည်ကိုပျစ်နေအောင်ရောပြီး ချိုင်းကြားမှာ လိမ်းပေးပါ။ (၁၅)မိနစ်လောက်ကြာရင်တော့ ရေနဲ့ ဆေးချပေး လိုက်ပါ …။

(၄) ဗီတာမင်အီး”

အသားအရောင်တွေညိုမည်း အရောင်ပြောင်းတာဟာ တခါတလေမှာ အသားအရေ ခြောက်သွေ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ် …။

ဒါကြောင့် တခါတလေ မှာ ခြောက်သွေ့တဲ့ အသားအရေအတွက် အဆီ ကို သုံးပေးသင့်ပါတယ် …။

ဒါကြောင့် အုန်းဆီ၊ မက်မွန်ဆီနဲ့ ဗီတာမင်အီး ပါတဲ့ အဆီတို့ကို အသုံးပြုပေးပါ …။

ဆီကို ချိုင်းကြားမှာ နေ့စဉ်လိမ်းပေးပြီး မိနစ်(၂၀)လောက် နှိပ်နယ်ပေးခြင်းအားဖြင့် ချိုင်းကြားအသားအရေ အရောင်ကို သိသိသာသာပြောင်းလဲလာစေမှာ ဖြစ်ပါတယ် …။

(၅) နို့”

ချိုင်းကြားကို နို့လူးပေးပြီး နှိပ်နယ်ပေးခြင်းအားဖြင့်လည်း ဖြူဝင်းတဲ့ ချိုင်းကြား အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် …။

နို့ဟာ အသားအရေအတွက် ကောင်းတဲ့ သဘာ၀ moisturiser ဖြစ်သလို၊ တောက်ပ နူးညံ့တဲ့ အသားအရေကိုလည်း ပေးစွမ်းနိုင်ပါတယ်နော် …။ ။

မူရင်းအား လေးစားစွာဖြင့်