ဘဝအတြက္ ရည္႐ြယ္ထားတဲ႔ သူနဲ႔ေတြ႕ရင္ ဒါေတြေမးၾကည့္ပါ…

ဘဝအတြက္ ရည္႐ြယ္ထားတဲ႔ သူနဲ႔ေတြ႕ရင္ ဒါေတြေမးၾကည့္ပါ…

ခ်စ္တို႔ေရ ဘဝအတြက္ လို႔ေတြးမိတဲ့သူ ေပၚလာရင္ေတာ့ ဒီေမးခြန္း ၆ ခုကို မျဖစ္မေန ေမးၾကည့္လိုက္ပါအံုးေနာ္ …။

သမီးရည္းစားထားတဲ့အခါ ဘဝအတြက္ ရည္႐ြယ္ခ်က္ ထားၿပီးေတာ့မွ ရည္းစားျဖစ္သြား ၾကတာ မ်ားပါလိမ္႔မယ္ …။

ဒါေပမယ့္လည္း တစ္ခါတေလ ရည္းစားအဆင့္နဲ႔ ဘဝဟာ အဆုံးသတ္လိုက္ၿပီး ဘဝလက္တြဲမယ့္ဆိုတဲ့ အဆင့္ကို မေရာက္တာေတြလည္း ရွိတတ္ပါတယ္ …။

အဲဒီလိုမဟုတ္ပဲ ကိုယ့္ ရင္ထဲစိတ္ထဲမွာ တကယ့္ကိူ လက္တြဲခ်င္စိတ္ လက္ထပ္ခ်င္စိတ္ ျဖစ္မိတဲ့ သူလည္းရွိမွာပါ။ အဲဒီလို စိတ္ခံစားခ်က္ေတြ ရွိေနတဲ့သူနဲ႔ ေတြ႕ျပီ ဆိုရင္ေတာ့ ေမးၾကည့္ရမွာေတြရွိပါတယ္ေနာ္ …။

ကိုယ့္ကိုယ့္ကို ေမးရမွာေတြ ရွိသလို သူကိုလည္း ေမးလိုက္ပါ …။

(၁) သူနဲ႔ဆိုရင္ စိတ္ခ်မ္းသာမွာ ေသခ်ာလား၊

ကိုယ့္ခ်စ္သူနဲ႔ အတူေနရင္ေတာ့ စိတ္ခ်မ္သာမွာေပါ့လို႔ ေျပာမွာေသခ်ာပါတယ္။ ကိုယ့္ခ်စ္သူအေနနဲ႔ မဟုတ္ပဲ လက္တြဲေဖာ္ အျဖစ္ စဥ္းစားရမွာပါ …။

(၂) သူနဲ႔တသက္လုံး စိတ္ခ်မ္းသာမွာလား ေတြးပါ။

သူရဲ႕အမူအက်င့္ေတြက ကိုယ့္ကို တကယ္ေပ်ာ္႐ႊင္ေစႏိုင္လားဆိုတာ ကိုယ့္ကိုယ္ကို ေမးၾကည္႔ပါ။ ကိုယ္ကေရာ တစ္သက္လုံး ေပ်ာ္ႏိုင္မွာလား ေတြးပါ …။

(၃) ခြင့္လႊတ္ႏိုင္လား၊

အိမ္ေထာင္ျပဳတယ္ဆိုတာ ခ်စ္သူဘဝနဲ႔ အမ်ားႀကီး ကြဲျပား ျခားနားတယ္ဆိုတာ သိဖို႔လိုပါတယ္။ ကိုယ့္သူရဲ႕ အျပဳအမူအက်င့္ေတြကို အကုန္လုံး ေသခ်ာသိၿပီလား၊ ဒါေတြကိုေရာ ခြင္လြတ္ႏိုင္မွာလား ဆိုတာပါ ေတြးပါ …။

ေသးေသးမႊားမႊားေလးကအစေပါ့။ ခ်စ္သူဘဝမို႔ အဆင္ေျပေအာင္ နားလည္ေပးတာမ်ိဳး မဟုတ္ပဲနဲ႔ေပါ့ …။

ဘဝ လက္တြဲေဖာ္ဆိုရင္ေတာ့ ဒီလိုမ်ိဳးေတြကို နားလည္ခြင့္လြတ္ေပးႏိုင္မွ ရမွာပါေနာ္ …။

(၄) မိဘေတြနဲ႔ အဆင္ေျပႏိုင္လား၊

လက္တြဲတယ္ဆိုတာ သူနဲ႔ကိုယ့္ လက္ထပ္တာဆိုေပမယ့္ ႏွစ္ဖက္မိဘေတြကလည္း အထိုက္အေလ်ာက္ ေပါင္းစည္းရမွာပါ။ သူမိဘေတြကေရာ ကိုယ့္နဲ႔အဆင္ေျပမယ့္ လူမ်ိဳးလားဆိုတာကိုပါ ထည့္ေတြးပါ …။

ညီအစ္ကို ေမာင္ႏွမေတြကေရာ ဘယ္လိုရွိလဲဆိုတာ ထည့္စဥ္းစားၿပီး အဆင္ေျပႏိုင္လားဆိုတာ သူ႕ကိုပါ ေမးထားလို႔ ရပါတယ္ …။

ေနာက္မွ ေမာင္ႏွမေတြေၾကာင့္ အဆင္မေျပ မျဖစ္ရေအာင္ပါ …။

(၅) လက္ထပ္ၿပီးရင္

ခ်စ္သူနဲ႔ေနရင္ ဘယ္လိုပဲျဖစ္ျဖစ္ ဆိုတာ ခ်စ္ေနတုန္းစိတ္ကူးယဥ္ စကားေတြပါ။ လက္ထပ္ၿပီးရင္ ဘဝက အေျခက်ဖို႔ လိုပါတယ္ …။

အဲဒီအခါ ႏွစ္ဖက္မိဘေတြ ကိုယ္နဲ႔ေနမွာလား ေမာင္ႏွမေတြကို ေထာက္ပံေပးဖို႔လိုလား လက္ထပ္ၿပီးေနာက္ အစီအစဥ္ကို ကိုယ္တိုင္လည္းဆြဲဖို႔လိုသလို သူ႕ကိုလည္း ေတြးထားခိုင္းပါ …။

ထပ္တူညီမွ်သာ ဘဝ လက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ စဥ္းစားသင္႔ပါတယ္ …။

(၆) သူ႔ရဲ႕စိတ္သေဘာထား

ကိုယ့္ကေတာ့ ဘဝ တြက္ရည္႐ြယ္ထားေပမယ့္ သူ႕ဘက္ကေတာ့ ဟုတ္ခ်င္မွ ဟုတ္မွာပါ။ ဒါကိုေမးၾကည့္ဖို႔ တီးေခါက္ၾကည့္ဖို႔ လိုပါတယ္ …။

ကိုယ့္ခ်စ္သူလိမ္ေနလား ညာေနလားဆိုတာလည္းကိုယ္တိုင္ကပဲ အေျဖရွာ ႏိုင္မွာပါ။ ဒါေၾကာင့္ သူဘက္က အေျခေနကိုလည္း သိဖို႔လိုပါတယ္ေနာ္ …။ ။

Credit – marry

Unicode Version ဖြင့်ဖတ်ရန်

ဘဝအတွက် ရည်ရွယ်ထားတဲ့ သူနဲ့တွေ့ရင် ဒါတွေမေးကြည့်ပါ…

ချစ်တို့ရေ ဘဝအတွက် လို့တွေးမိတဲ့သူ ပေါ်လာရင်တော့ ဒီမေးခွန်း ၆ ခုကို မဖြစ်မနေ မေးကြည့်လိုက်ပါအုံးနော် …။

သမီးရည်းစားထားတဲ့အခါ ဘဝအတွက် ရည်ရွယ်ချက် ထားပြီးတော့မှ ရည်းစားဖြစ်သွား ကြတာ များပါလိမ့်မယ် …။

ဒါပေမယ့်လည်း တစ်ခါတလေ ရည်းစားအဆင့်နဲ့ ဘဝဟာ အဆုံးသတ်လိုက်ပြီး ဘဝလက်တွဲမယ့်ဆိုတဲ့ အဆင့်ကို မရောက်တာတွေလည်း ရှိတတ်ပါတယ် …။

အဲဒီလိုမဟုတ်ပဲ ကိုယ့် ရင်ထဲစိတ်ထဲမှာ တကယ့်ကိူ လက်တွဲချင်စိတ် လက်ထပ်ချင်စိတ် ဖြစ်မိတဲ့ သူလည်းရှိမှာပါ။ အဲဒီလို စိတ်ခံစားချက်တွေ ရှိနေတဲ့သူနဲ့ တွေ့ပြီ ဆိုရင်တော့ မေးကြည့်ရမှာတွေရှိပါတယ်နော် …။

ကိုယ့်ကိုယ့်ကို မေးရမှာတွေ ရှိသလို သူကိုလည်း မေးလိုက်ပါ …။

(၁) သူနဲ့ဆိုရင် စိတ်ချမ်းသာမှာ သေချာလား၊

ကိုယ့်ချစ်သူနဲ့ အတူနေရင်တော့ စိတ်ချမ်သာမှာပေါ့လို့ ပြောမှာသေချာပါတယ်။ ကိုယ့်ချစ်သူအနေနဲ့ မဟုတ်ပဲ လက်တွဲဖော် အဖြစ် စဉ်းစားရမှာပါ …။

(၂) သူနဲ့တသက်လုံး စိတ်ချမ်းသာမှာလား တွေးပါ။

သူရဲ့အမူအကျင့်တွေက ကိုယ့်ကို တကယ်ပျော်ရွှင်စေနိုင်လားဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ကိုယ်ကရော တစ်သက်လုံး ပျော်နိုင်မှာလား တွေးပါ …။

(၃) ခွင့်လွှတ်နိုင်လား၊

အိမ်ထောင်ပြုတယ်ဆိုတာ ချစ်သူဘဝနဲ့ အများကြီး ကွဲပြား ခြားနားတယ်ဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်သူရဲ့ အပြုအမူအကျင့်တွေကို အကုန်လုံး သေချာသိပြီလား၊ ဒါတွေကိုရော ခွင်လွတ်နိုင်မှာလား ဆိုတာပါ တွေးပါ …။

သေးသေးမွှားမွှားလေးကအစပေါ့။ ချစ်သူဘဝမို့ အဆင်ပြေအောင် နားလည်ပေးတာမျိုး မဟုတ်ပဲနဲ့ပေါ့ …။

ဘဝ လက်တွဲဖော်ဆိုရင်တော့ ဒီလိုမျိုးတွေကို နားလည်ခွင့်လွတ်ပေးနိုင်မှ ရမှာပါနော် …။

(၄) မိဘတွေနဲ့ အဆင်ပြေနိုင်လား၊

လက်တွဲတယ်ဆိုတာ သူနဲ့ကိုယ့် လက်ထပ်တာဆိုပေမယ့် နှစ်ဖက်မိဘတွေကလည်း အထိုက်အလျောက် ပေါင်းစည်းရမှာပါ။ သူမိဘတွေကရော ကိုယ့်နဲ့အဆင်ပြေမယ့် လူမျိုးလားဆိုတာကိုပါ ထည့်တွေးပါ …။

ညီအစ်ကို မောင်နှမတွေကရော ဘယ်လိုရှိလဲဆိုတာ ထည့်စဉ်းစားပြီး အဆင်ပြေနိုင်လားဆိုတာ သူ့ကိုပါ မေးထားလို့ ရပါတယ် …။

နောက်မှ မောင်နှမတွေကြောင့် အဆင်မပြေ မဖြစ်ရအောင်ပါ …။

(၅) လက်ထပ်ပြီးရင်

ချစ်သူနဲ့နေရင် ဘယ်လိုပဲဖြစ်ဖြစ် ဆိုတာ ချစ်နေတုန်းစိတ်ကူးယဉ် စကားတွေပါ။ လက်ထပ်ပြီးရင် ဘဝက အခြေကျဖို့ လိုပါတယ် …။

အဲဒီအခါ နှစ်ဖက်မိဘတွေ ကိုယ်နဲ့နေမှာလား မောင်နှမတွေကို ထောက်ပံပေးဖို့လိုလား လက်ထပ်ပြီးနောက် အစီအစဉ်ကို ကိုယ်တိုင်လည်းဆွဲဖို့လိုသလို သူ့ကိုလည်း တွေးထားခိုင်းပါ …။

ထပ်တူညီမျှသာ ဘဝ လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စဉ်းစားသင့်ပါတယ် …။

(၆) သူ့ရဲ့စိတ်သဘောထား

ကိုယ့်ကတော့ ဘဝ တွက်ရည်ရွယ်ထားပေမယ့် သူ့ဘက်ကတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကိုမေးကြည့်ဖို့ တီးခေါက်ကြည့်ဖို့ လိုပါတယ် …။

ကိုယ့်ချစ်သူလိမ်နေလား ညာနေလားဆိုတာလည်းကိုယ်တိုင်ကပဲ အဖြေရှာ နိုင်မှာပါ။ ဒါကြောင့် သူဘက်က အခြေနေကိုလည်း သိဖို့လိုပါတယ်နော် …။ ။

Credit – marry